Wednesday, May 14, 2014

ဓမ္မစာစု

ဗျာဒိတ်တော်ပန်း
ဆင်မြန်းကဆုန်
မယ်တော်ဝမ်းမှ
လှမ်းကြွကဆုန်
ရွှေညောင်ဗောဓိ
ပေါက်သည့်ကဆုန်
မြတ်ဗုဒ္ဓ ဖြစ်ရဤကဆုန်။
ဗုဒ္ဓဝင်စစ်
ဟောလစ်ကဆုန်
ခန္ဓာရုပ်သိမ်း
ချုပ်ငြိမ်းကဆုန်
ဓာတ်ပေါင်းစုရုံး
ချုပ်ဆုံးကဆုန်
မြတ်ဗုဒ္ဓ ဖြစ်ရဤကဆုန်။

အနာဂတ်​ သာသနာ

အနာဂတ်​ သာသနာ

သန့်​ရှင်းစင်​ကြယ်
ဂုဏ်​ယူဘွယ်​နဲ
သွယ်​သွယ်​ထူထပ်
လမ်း​ကြောင်းမြတ်​ကို
ဖြောင့်​မတ်​​သေချာ
ဝင့်​ကြွားစွာနဲ့
နှစ်​ရာ​ထောင်​ချီ
လျှောက်​ခဲ့ပြီမို့
နောင်​လီကျန်​ရာ
နှစ်​ကမ္ဘာကို
ထွန်းကားပြန့်​ဘို့
ဆောင်​ရွက်​ဖို့မှာ
ငါတို့အားလုံးတာဝန်​တည်း။

မျိုးဆက်​​။အောင်​သာ

Tuesday, May 13, 2014

ဓမ္မစာစု

ပေးကမ်းခြင်းဟာ
ချစ်ဆေး
ဝန်တိုခြင်းဟာ
မုန်းဆေးတဲ့
ဒါကြောင့်
အခြွေအရံ
မိတ်ဆွေသူငယ်ချင်း
ပေါများချင်လျင်
ပေးကမ်းစွန့်ကြဲပါ
အထီးကျန်
မဆန်ချင်လျင်
မဝန်တိုပါနဲ့။

Monday, May 5, 2014

ရသစာစု

ကောင်း​သောအစိုး၏ လက်​​အောက်​၌
နေထိုင်​ရ​သောလူမျိုးသည်
လွတ်​လပ်​​ရေးကို ရှာရန်​မလို​ပေ...

ဆာဝါလတာရ​လေး

ရသစာစု

အကြံကြီး၍​နေ​သောသူသည်
အလုပ်​လုပ်​၍ ​နေ​သောသူများ​လောက်
ခရီးမ​ရောက်​...

ဗီမိုးနင်း

ရသစာစု

အောင်​နိုင်​သူတိုင်းမှာ
အမာရွတ်​​တွေရှိတယ်​...

ဟားဘတ်​အင်​န်​ကက်​ဆွန်

ရသစာစု

ဘ၀ဆိုတာ စက်​ဘီးစီးသလိုပဲ ။
ဟန်​ချက်​ကိုထိန်းဖို့အတွက်
ရွေ့​နေရတယ်​....


အဲဘတ်​ အိုင်းစတိုင်း

Sunday, May 4, 2014

ရသစာစု

တမ်းတခြင်းဆိုတာ.. အလွမ်းရဲ့​နောက်ကွယ်က ... သံယောဇဉ်တစ်ခု...
မြတ်နိုးခြင်းဆိုတာ...
အချစ်​ရဲ့နောက်ကွယ်က...
နှစ်သက်မှုတစ်ခု..
လမ်းခွဲခြင်းဆိုတာ...အမုန်းရဲ့နောက်ကွယ်က... ပြတ်သားမှုတစ်ခု....