Friday, June 27, 2014

တွေးစရာမှတ်​စရာ (ငါ)

ငါပြောမှမှန်
ငါကြံမှဟုတ်
ငါ့ကိုငါ ငါပွဲထုတ် ငါစွဲသရုပ်
ငါပြင်မှယဉ်​ ငါဆင်မှလှ
ငါ့ကိုငါ ငါအားကျ ငါစွဲအတ္တ
ငါထင်ရာ ငါတကာရယ်နှင့်
ငါသဘော ငါအမြင်
ငါသာလျှင် စင်းလုံးချော
ငါ့အပြော သဲလဲစင်
ငါ့ကိုငါ ရှေ့တမ်းတင်
ငါ့ကိုလျှင် ငါတင်စား
ငါတကားရယ်နှင့်
ငါ့အမှား ငါမမြင်တဲ့ ငါ့အသွင်
သြော် အရှက်ကင်းတယ်
တိမ်ဖျင်းပြီ တကာ။

❆ ❆ အယ်​ခဲလူ❆ ❆

တွေးစရာမှတ်​စရာ

♕ ♕ မခိုင်းဘဲ အလုပ်များများလုပ်ပြီး
အခွင်းအရးကိုနည်းနည်ယူခြင်းသည် ခေါင်းဆောင်စိတ်
♕ ♕ ခိုင်းမှလုပ်ခြင်း
အလုပ်ကိုနည်းနည်းလုပ်ပြီး
အခွင့်အရေးကိုများများယူခြင်းသည် နောက်လိုက်စိတ်။

(အယ်​ခဲလူ)

တွေးစရာမှတ်​စရာ

ဘဝဟူသည်​......
စက်​ဘီးစီးရတာနဲ့တူ၏
အားထုတ်​ပြီးနင်း​နေသမျှ
လဲမကျနိုင်​ပါ ။

(က​လောဒ့်​ပက်​ပါး)

ဘယ်​သူမှ ကိုယ့်​ရဲ့အတိတ်​ကို
ပြန်​ဝယ်​နိုင်​​လောက်​​အောင်
မချမ်းသာကြဘူး.....

(​အော်​စကာဝိုင်းလ်​)

တွေးစရာမှတ်​စရာ

❆ အဆင်းရှိလျက်​ အကျင့်​ပျက်​လျှင်
ထိုအဆင်းသည်​ ရွံဖွယ်​သာတည်း...
❆ ပညာတတ်​လျက်​ မာန်​တက်​လျှင်
ထိုပညာသည်​ ရွံဖွယ်​သာတည်း...
❆ စာတတ်​လျက်​ မိမိကိုယ်​ကို
မဆုံးမလျှင်​ ထိုစာသည်
ငရဲရိက္ခာတည်း...

❆ပထမ​ရွှေကျင်​ဆရာ​တော်​❆

တွေးစရာမှတ်​စရာ

❀လူနှင့်​နွားခြားနားချက် ❀ 

➳ မေထုန်မှီ အိပ်စားလို့
ယောင်္ကျားနဲ့ နွားမှာ
ပြည့်အစုံ ကုန်လုံရှိပါ၏
သိပညာတတ်တစ်ပါး
နွားထက်ပိုသာ
သိပညာချို့ရှာလေက
လူမိုက်ခေါင် ထိုယောင်္ကျားကို
နွားဟုဆိုရာ။

★လယ်​တီလင်္ကာ★

တွေးစရာမှတ်​စရာ

လူကြံလူကျင့်​ လူနှင့်​တူပါ
လူ့ပြည်​ဘဝ ဖြစ်​ရသူငါ
ကြောင်းကျိုးကိုကြည့်​ သိမှ​တော်​တာ
ကိုယ့်​စခန်းနှင့်​ ကိုယ့်​လမ်းကိုသာ
ဝန်​ကိုထမ်း ​ဖြောင့်​တန်းသွားရမှာ ။

တွေးစရာမှတ်​စရာ

အောက်​တန်းစားမျိုးရိုးမှ
ဖွားမြင့်​လာသူဖြစ်​လျက်
မင်းဖြစ်​လာတတ်​၏...
လူမိုက်​၏သားဖြစ်​ပါလျက်​နဲ့
ပညာရှိဖြစ်​လာတတ်​ပါ၏...
မရှိဆင်းရဲသူ၏သားဖြစ်​ပါလျက်​နဲ့
ဥစ္စာများစွာပိုင်​စိုးသူ
ဖြစ်​လာတတ်​၏
ဒါ​ကြောင့်​...လူကို
အထင်​အမြင်​မ​သေးရာ ။

(​လောကနီတိ)

တွေးစရာမှတ်​စရာ

❀ ရို​သေခစားလျှင်
မင်းခစားပင်​ဖြစ်​​သော်​လည်း
မင်းကိုနိုင်​သည်​ ။
❀ အဆင်းလှလျှင်
အိမ်​သူဇနီးပင်​ဖြစ်​​သော်​လည်း
လင်​ကိုနိုင်​သည်​ ။
❀ ကျင့်​ဝတ်​မချွတ်​လျှင်
တပည့်​ပင်​ဖြစ်​​သော်​လည်း
ဆရာကိုနိုင်​သည်​ ။

♕ ပထမ​ရွှေကျင်​ဆရာ​တော်​♕

တွေးစရာမှတ်​စရာ

လေ့ကျင့်​ခြင်းသည်
အ​ကောင်းဆုံး ဆရာသ္မားဖြစ်​ပါသည်​။
အဆက်​မပြတ်​​လေ့ကျင့်​ခြင်းသည်
ပါရမီရှင်​ထက်​ သာလွန်​နိုင်​၏

✉ ဆီဇာရီယို✉

တွေးစရာ မှတ်​စရာ

♨ အလုပ်​သ္မားအ​ကြောင်းကို
ခိုင်းကြည့်​မှသိနိုင်​၏..

♨ ​ဆွေမျိုးများအ​ကြောင်းကို
ဘေး​တွေ့​သောအခါမှ သိနိုင်​၏..

♨ မိတ်​​ဆွေများအ​ကြောင်းကို
စီးပွားကျဆင်း​သောအခါမှ
သိနိုင်​၏..

♨ မယားအ​ကြောင်းကို
စီးပွားပျက်​သွား​သောအခါမှ
သိနိုင်​၏..

❆​လောကနီတိ❆

တွေးစရာ မှတ်​စရာ

➳ မီးခဲသည်​ ပူ​သောအခါ
လက်​ကို​လောင်​​စေ၏...
အေး​သောအခါ
လက်​ကိုမည်း​ပေ​စေ၏...

➳ မသူ​တော်​တို့သည်
ဒေါသဖြစ်​​သောအခါ
ကြောက်​စရာ​ကောင်း၏..
လောဘဖြစ်​​သောအခါ
ရွံစရာအလွန်​​ကောင်း၏..

♕ ပထမ ​ရွှေကျင်​ဆရာ​တော်​♕

တွေးစရာ မှတ်​စရာ

❆ စန္ဒကူးသားသည်
ခြောက်​​သွေ့ သွား​သော်​ငြားလည်း
မွှေးရနံ့ကို မစွန့်​​ပေ ။

❆ ဆင်​​ပြောင်​ကြီးသည်
လူပုံအလယ်​၌သွားလာရ​သော်​လည်း
တင့်​တယ်​ခြင်းကိုမစွန့်​​ပေ ။

❆ ကြံသည်​ ကြံကြိတ်​စက်​ထဲသို့
ရောက်​ငြား​သော်​လည်း
ချို​သောအရသာကိုမစွန့်​​ပေ ။

❆ ပညာရှိသူ​တော်​​ကောင်းသည်
ဒုက္ခ​ရောက်​​နေငြား​သော်​လည်း
တရားကိုမစွန့်​​ပေ ။

★ ​လောကနီတိ★

တွေးစရာ မှတ်​စရာ

သစ်​ပင်​ကြီးသည်​ ခုတ်​လှဲသူကို
မလဲမချင်း အရိပ်​ဖြင့်​​အေး​စေသည်​ ။
နံ့သာတုံးသည်​ မီးရှို့သူကို
မကျွမ်းမချင်း အနံ့ဖြင့်​ ​မွှေး​စေသည်​ ။
သူ​တော်​​ကောင်းသည်​ ညှဉ်းဆဲသူကို
မ​သေမချင်း အကျိုး​ဆောင်​​ပေး၏ ။

(ပထမ​ရွှေကျင်​ ဆရာ​တော်​)

တွေးစရာ မှတ်​စရာ

ကောင်းစွာအားထုတ်​၍ သင်​ခြင်းသည်
သုတ ကိုတိုးပွား​စေတတ်​၏ ။
သုတ သည်​ပညာကို
တိုးပွား​စေတတ်​၏ ။
ပညာဖြင့်​ အ​ကြောင်းအကျိုးကို
သိတတ်​ကုန်​၏ ။
သိအပ်​​သော အ​ကြောင်းအကျိုးသည်
ချမ်းသာကို ​ဆောင်​တတ်​၏ ။

(ဓမ္မနီတိ)

တွေးစရာ မှတ်​စရာ

လက်​ရုံးအား....
မှူးမတ်​ အား....
စည်းစိမ်​အား....
အမျိုးအား.....
ဤ​လေးပါး​သော အား တို့ထက်
ပညာအား..သည်
စင်​စစ်​မြတ်​​လေ၏ ။

(ဓမ္မနီတိ)

တွေးစရာမှတ်​စရာ

ပညာမဲ့သူသည်
ဘုန်းကံကြီး​သော်​လည်း....
ဘေးကင်း​အောင်​ မ​နေတတ် ။
ဘေးကင်​​အောင်​ မ​နေတတ်​သူကို
(​ဘေးမကင်း​သော ဘုန်​ကြီးသူကို)
ဘေးကင်းလိုသူ မမှီခို ။


[ပထမ​ရွှေကျင်​ ဆရာ​တော်​]

တွေးစရာမှတ်​စရာ

အကုသိုလ်​သည်
သတ္တဝါကိုအပါယ်​ဆွဲချ၏
သီလရှိသူကို မဆွဲချနိုင်​ ။
ပင်​လယ်​ကူးလိုလျှင်
လှေသ​င်္ဘောကိုလုံ​အောင်​ဖာ ။
သံသရာကူးလိုလျှင်​ သီလကိုလုံ​အောင်​ဖာ ။

(ပထမ ​ရွှေကျင်​ဆရာ​တော်​)

တွေးစရာမှတ်​စရာ

ကျမ်းဂန်​ကိုလည်း
ငါ နိုင်​နင်းပြီဟူ၍ မ​ပေါ့နှင့်​ ။
မင်းကိုလည်း ငါနှင့်​ အကျွမ်းဝင်​၏ဟု
မစမ်းနှင့်​ ။
အသက်​အရွယ်​ငယ်​​သောမိန်းမကိုလည်း
မယားဖြစ်​ပြီဟု စိတ်​မချနှင့်

(ဓမ္မနီတိ)

တွေးစရာမှတ်​စရာ

လောကီဥစ္စာ​စောင့်​လျှင်
တစ်​သက်​ချမ်းသာ၏။
သီလ​စောင့်​လျှင်
ဘဝအဆက်​ဆက်​ ချမ်းသာ၏ ၊

ပထမ​ရွှေကျင်​ဆရာ​တော်

တွေးစရာမှတ်​စရာ

မ​ကောင်း​ပြောသူကို
အ​ကောင်း​ပြောသူ အမြဲနိုင်​၏
စေနှဲသူကို ​ပေးကမ်းသူ
အမြဲနိုင်​၏
မုသားဆိုသူကို အမှန်​​ပြောသူ
အမြဲနိုင်​၏

ပထမ​ရွှေကျင်​ဆရာ​တော်

တွေးစရာမှတ်​စရာ

လျင်​မြန်​ခြင်းဖြင့်
မြင်း၏အရည်​အချင်းကို သိနိုင်​ကြ၏ ။
ဝန်​ကို ထမ်း​ဆောင်​ သယ်​ပိုးခြင်းဖြင့်
နွား၏အရည်​အချင်းကို သိနိုင်​ကြ၏ ။
နို့ထွက်​​ကောင်းခြင်းဖြင့်
နို့စားနွားမ၏ အရည်​အချင်းကို သိနိုင်​ကြ၏ ။
ပြောဆို​သော စကားကို ​ထောက်​ချင့်​၍
ပညာရှိ၏ အရည်​အချင်းကို သိနိုင်​ကြ၏ ။

(​လောကနီတိ)

တွေးဆရာမှတ်​စရာ

သိကြားလက်​နက်​ကား မိုးကြိုး
ယမမင်း၏လက်​နက်​ကား မျက်​​စောင်း
ဝေဿဝဏ်​၏လက်​နက်​ကား အစွယ်
မသူ​တော်​တို့၏ လက်​နက်​ကား ​ဒေါသ
သူ​တော်​​ကောင်းတို့၏လက်​နက်​ကား ခန္တီ

ပထမ​ရွှေကျင်​ဆရာ​တော်

တွေးစရာမှတ်​စရာ

သူ​တော်​​ကောင်းတို့၏ဥစ္စာသည်
နည်းပင်​နည်းငြား​သော်​လည်း
ရေတွင်းထဲက​ရေကဲ့သို့
သူတပါးတို့အတွက်
မှီခိုအားထားရာဖြစ်​၏ ။
သူယုတ်​မာတို့၏ဥစ္စာသည်
များပင်​များ​သော်​ငြားလည်း
သမုဒ္ဒရာထဲက​ရေ​ကဲ့သို့
သူတပါးတို့အတွက်
မှီခိုအားထားရာ မဖြစ်​​ပေ။

(​လောကနီတိ)

တွေးစရာမှတ်​စရာ

ဗီလုံးငှက်​ငယ်​​သော်​လည်း
ကျွဲ​ခြေရာခွက်​ကိုအမှီရလျှင်
ဂဠုန်​နှင့်​တူ၍ အန္တရာယ်​မရှိ။
ပုထုဇဉ်​​သော်​လည်း
သီလရှိလျှင်
အရိယာနှင့်​တူ၍ အပါယ်​မ​ရောက်​။

ပထမ​ရွှေကျင်​ဆရာ​တော်

တွေးစရာ မှတ်​စရာ

စာပို့ချနိုင်​ပါလျက်​ သီလမရှိလျှင်
အသီးမချို​သော သစ်​ပင်​နှင့်​တူ၏
တရား​ဟော​ကောင်းလျက်
သီလမရှိလျှင်​ အနံ့မရှိ​သော ပန်းနှင့်​တူ၏

©© ပထမ​ရွှေကျင်​ဆရာ​တော်​©©
သမုဒ္ဒရာ ဟူသည်
မီး​ကြောင့်​မကျွမ်းနိုင်​။

မြင်းမိုရ်​​တောင်​ ဟူသည်
လေ​ကြောင့်​ မလှုပ်​နိုင်​။

ကျောက်​ခဲသည်
ရေ​ကြောင့်​မ​ကျေနိုင်​။

သူ​တော်​​ကောင်းတို့သည်
မသူ​တော်​​ကြောင့်
မတုန်​လှုပ်​။

®®ပထမ​ရွှေကျင်​ဆရာ​တော်​®®

သောတုမှာတမ်း မျိုးဆက်(အောင်သာ)

သောတုမှာတမ်း
***

ငါ၏ချစ်​သား
သောတုများတို့
မှကြားခဲ့မယ်
ပရိနယ်​မှာ
ယုတ်​ဖွယ်​ဝီရိ
စွမ်းသတ္တိဖြင့်
ထောထ္ထိမြင့်​ရံ
ဘုံဌာနံကို
ရောက်​ရံထုံးရိုးမရှိခဲ့။

နိဒါန်းသံယုတ်
အမှန်​ထုတ်​ခါ
အဟုတ်​ကျိုးစား
စွမ်းပကားသာ
ထောတ္ထားမြင့်​ရံ
ဘုံဌာနံသို့
ရောက်​ရံထုံးရိုးရှိ​ခြေ၏ ။ ။

မျိုးဆက်​ ​အောင်​သာ

ဥခွံ မျိုးဆက် (အောင်သာ)

±±ဥခွံ±±


ဥခွံအတွင်း
ဖောက်​ခါထွင်းဘို့
ခပင်းမကျန်
အတွင်းရန်​ကို
တွန်းလှန်​ဖယ်​ထုပ်
အဝိဇ္ဇာယုတ်​ကား
ဓား?ဒုတ်​?အားဖြင့်
ဖယ်​ရှားနှင်​​လော
အကျင့်​သ​ဘောတည်း ။

သမထကို
ဓားဟုဆိုသည်
ဝိ ကိုဒုတ်​ထား
ကျင့်​ကြံအားဖြင့်
မနား​နေည
ကျိုးစားရမည်
ငြိမ်းကြလူတို့အကျင့်​တည်း ။ ။

မျိုးဆက်​ ​အောင်​သာ

Tuesday, June 24, 2014

အင်္ကြီးအမှုးတစ်ယောက်ရဲ့ဂုဏ်ပုဒ်

အင်္ကြီးအမှုးတစ်ယောက်ရဲ့
ဂုဏ်ပုဒ်
*
ထကြွ'နိုးကြား'
သနား'သည်းခံ
ဝေဖန်'ကြည့်ရှု
ဤခြောက်ခု
ကြီးမှုး'နာယက

တစ်ပင်တိုးစိုက် (သူ့ရှင်)

တစ်​ပင်​တိုးစိုက်​ ..´´
***
ပန်းပွင့်​တဲ့ညမှာမှ
လေ​ဗွေကတိုက်
မိန်းက​လေး...
မငိုလိုက်​နဲ့
ထားခဲ့လိုက်​စမ်း..၊

တစ်​ပင်​ကကျိုး
တစ်​ပွင့်​ညှိုးလဲ
မပြယ်​တန်​ခိုး
ရနံ့မျိုးနဲ့
အမယ်​​ရေ ..
တစ်​​နွေတိုးလို့
တစ်​ပင်​တိုးစိုက်​စမ်း...။

~ သူ့ရှင်​..~

သဲဦးပန်း (သူ့ရှင်)

သဲဦးပန်း
±±±×±±±

ကျွန်​​တော်
ပန်းက​လေးတစ်​ပွင့်
ပေးလိုက်​ပါသည်​..​နွေ..

`မလှဘူး´ဟူ၍
`မကြိုက်​ဘူး´ဟူ၍
သူစိမ်းဆန်
မငြင်းဆန်​လိုက်​ပါနဲ့ ...
နွေဦးမှာ
မပွင့်​စဖူးပွင့်​သည်​မို့
ရင်​ထဲမှာ
မဝံ့မရဲပွင့်​သည်​မို့
တန်​ဖိုးကြီးလှပါသည်​..​နွေ..

နွေရယ်​..​လေရယ်​..မင်းရယ်
တစ်​ပွင့်​ထဲပွင့်​တဲ့ ပန်းကို
မညှာမတာ မ​ခြွေလိုက်​ပါနဲ့..

မိန်းက​လေး
အသွင်​ထူးလို့
ရင်​ခွင်​မှာဖူး​လေတဲ့ ဒီပန်း
မင်းကမှ မဆွတ်​နမ်းလျှင်
ကြွေရမယ့်​ တစ်​ပွင့်​ပန်းပါ .။

သူ့ရှင်​{က​လေး}