Friday, August 21, 2015

ခရမ်းရေ..... (အသေးလေး ရွှေလေးကြို့ကုန်း) ammအတွက်

ခရမ်းရေ.....

အသွင်မတူတဲ့ငါတို့နှစ်ယောက်ရဲ့
့ဘဝခြားနားမှုတွေကြောင့်
နင်....ငါ့ကိုချစ်တယ်လို့ပြောရမှာကို
ဝန်လေးနေတယ်ဆိုတာငါနားလည်ပါတယ်

ဒါပေမဲ့...တခါတလေကျတော့လဲဟာ
နင့်ရဲ့ချစ်တယ်ဆိုတဲ့ စကားသံလေး
နောက်ပြီးအပြုံးလေးတွေ
မခို့ တရို့နင့်အမူယာနဲ့အကြည့်လေးတွေ
ငါ့အသက်နဲ့ရင်းပြီးကြည့်ရမယ်ဆိုလည်း
ငါကြည့်မယ်....

ဘာလို့လဲဆို
နင့်ကိုငါ့အသက်ထက်ချစ်လို့ပါ နင်ပျော်ရွှင်ပါစေ....amm

(အသေးလေး ရွှေလေးကြို့ကုန်း)
ammအတွက်

ရသစာစု

ရသစာစု

စည်းကမ်းဖောက်လျှင်
ထီးနန်းပျောက်မည်......။

Saturday, August 15, 2015

ဓမ္မရသစာစု....

ဓမ္မရသစာစု

ပြောမှသိ ထိမှနာ
သာမှာနေ သေမှခင် ဤလေးအင်လူတွင်မရှိအပ်....။

မရက်​စက်​လိုက်​ပါနဲ့....( အလွမ်းသမား​လေး )

မရက်​စက်​လိုက်​ပါနဲ့....

အောက်​သို့​မှောက်​ခုံ ကြာပဒုံ၏
အငုံသဖွယ်​ ရင်​လယ်​မှာတည်
အဆင်းနီ​သော နှလုံးသား​လေးကို
မရက်​စက်​လိုက်​ပါနဲ့....မိန်းက​လေးရယ် 

အလွမ်းသမား​လေး

လူ... (ကိုထက်​)

လူ...

လူဆိုတာ.....
နှစ်လမ်းဘဲရှိတယ်
သေလမ်းနဲ့,မွေးလမ်း

လူဆိုတာ......
ပြုလုပ်နိုင်တာနှစ်မျိုးဘဲရှိတယ်
ကုသိုလ်နဲ့,အကုသိုလ်

လူဆိုတာ.....
အကြောင်း,အကျိုး
အကောင်း,အဆိုးကို
ခွဲခြားတတ်သည်
လူသာလျှင်​ အမြတ်ဆုံးဖြစ်ပါသည်​။

ကိုထက်

အထူးသတိထားနောင်တ,တရား(ဘဝရသစာစုများ)

အထူးသတိထားနောင်တ,တရား

1.....အချိန်ဟာ....စိန်ထက်တန်ဖိုးကြီးတယ်

2......စာကြည့်ချိန်မှာ....
အမေဘယ်လိုပင်သိပ်သိပ်
ကိုယ်တိုင်အိပ်မှာပျော်မှာပါ....

3......အခက်ခဲဆိုတာမရှိရင် ဘဝမှာအောင်မြင်မှုမရှိပါ
နှေးရင်နှေးနေပါစေ....
ရပ်မနေဖို့အရေးကြီးတယ်​။

4.....ပညာရှာစဉ် ပထမအရွယ်တွင်
ရှောင်ကြဉ်ပါ အချစ်ကိစ္စမပြောနဲ့

5.......ကဲ့ရဲ့တတ်သူကို အလုပ်နဲ့အနိုင်ယူပါ။

6.......ဆင်​ခြေဆိုတာလူဖျင်း လူညံ့တွေရဲ့ဆောင်ပုဒ်ပါပဲ။

7.......နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုမနေပါနဲ့...။

8.....တစ်ဘဝမှာတခါသာ...
အောင်ခွင့်ရှိတဲ့(၁၀)တန်းပါ။

9....မကြိုးစားသူတွေရဲ့နိဂုံးဟာ
နောင်တတွေနဲ့အတူရှိနေလိမ့်မယ်​။

10.......ကြိုးစားခြင်းများစွာန
ဲ့အောင်မြင်မှုတံခါးကို
ဖွင့်လိုက်ကြပါစို့.....။

11......ကြိုတင်ပြင်ဆင်ခြင်းဖြင့်
့်နောင်တ တရားကိုကာကွယ်ပါ
လောကကိုအမြင်မှန်ပြီး အမှန်မြင်နိုင်ကြပါစေ....

စံပယ်(အေးမြသာယာ)

Friday, August 7, 2015

(ဓမ္မစာစု)ကုသိုလ်များလည်းပြုကြပါ (တောနယ်ကကိုထက်​)

ကုသိုလ်များလည်းပြုကြပါ

လောကမှာဂုဏ်ငွေမောက်ဖို့နဲ့
စိန်ရွှေတောက်ဖို့ဘဲ
လူတွေကကြိုးစားကြတယ်
ကာယကံမြှောက်လို့
ဝစီကံသာမြှောက်ခဲ့ရင်
လူသားအားလုံးစိတ်ချမ်းသာမှုအစစ်နဲ့
တွေ့ဆုံရမယ်​ဆိုတာ မသိ​ရော့​လေသလား....
ပြောင်းလဲနေတဲ့လောကကြီးမှာ
ရှင်သန်နေသူ လူးသားအားလုံးကို
တစ်ခုလောက်ပြောလိုက်ပါရစေ.....
မေတ္တာထားကြစမ်းပါလို့

တောနယ်ကကိုထက်

Thursday, August 6, 2015

ရသစာစု

အပူထဲမှာ ​အေး​အောင်​​နေ...
အ​မှောင်​ထဲမှာ လင်း​အောင်​​နေ...
အရှုပ်​ထဲမှာ ရှင်း​အောင်​​နေ....

ရသစာစု

ဘဝမှာ​အောင်​မြင်​ဖို့ အချက်​နှစ်​ချက်​လိုတယ်​....
(၁) တချို့အရာ​တွေကို လျစ်​လျူရှု့တတ်​ရမယ်
(၂) မိမိကိုယ်​ကို ယုံကြည်​မှုရှိရမယ်

MR. Mark Twain

Sunday, January 18, 2015

ကဗျာများမတင်တော့ပါ

ကဗျာများမတင်တော့ပါ

ကဗျာပင်လယ် ဘလောဂ့်(Blogs)အခိုးခံလိုက်ရသဖြင့်
ကဗျာပင်လယ်ကို ဖျက်သိမ်းလိုက်ပါပြီ

အထူးအသိပေးကြေညာချက် 18.1.2015

အထူးအသိပေးကြေညာချက် 18.1.2015

ကဗျာပင်လယ်ကိုအားပေးကြသော
ကဗျာချစ်ပရိတ်သတ်များ ခင်ဗျား...
ဒီရက်ကစပြီးတော့..ကျနော်ကဗျာများမတင်
တော့ပါဘူး...ဘာဖြစ်​လို့လဲဆိုရင်...
ကျနော် အဓိကကဗျာတင်တဲ့
ဘလောဂ့် (Blogs)မှာ မသမာသူများ၏
လက်ချက်ကြောင့်( အခိုးခံ) အဟက်(Hack)ခံလိုက်ရပါသည်...
ပြန်ရဖို့လည်းကျနော်မကြိုးစားတော့ပါ..
ကဗျာလည်းတင်လို့မရတော့ပါ...
ဒါကြောင့်...ကျနော်တို့ရဲ့ကဗျာပင်လယ်ဆိုတဲ့
Apk ကို မိမိတို့ဖုန်းမှ ဖယ်ရှားဖျက်ပစ်လိုက်ပါတော့လို့
ဝမ်းနည်းစွာနဲ့အသိပေးအပ်ပါတယ်...

ကဗျာများပေးပို့ကြသော
ကဗျာဆရာများကိုလည်း
ကျနော်ကဗျာမတင်ပေးနိုင်တော့သည့်အတွက်
ကျနော့်ကို ခွင့်လွတ်ပေးပါလို့
ဤစာမှတစ်ဆင့်တောင်းပန်လိုက်ပါတယ်...
ကဗျာပင်လယ်ကို လုံးဝဖျက်သိမ်းလိုက်ပါပြီ...

Monday, January 5, 2015

ဥတ္တရထေရီဝတ္ထု 💫 လမင်းထက်

.{ဥတ္တရထေရီဝတ္ထု}
ဓမ္မပဒ ~~~~
~~~~~~~~~~~
ပရိဇိဏ္ဏမိဒံ ရူပံ ရောဂ နီဠံ
ပဘဂုၤရံ ဘိဇၨတိ ပူတိသေႏၶေဟာ မရဏႏၲံ
ဟိ ဇီဝိတံ ။
~~~~~~~~~~~~~~
ဤရူပကာယသည်ဆွေး
မြည့်အိုမင်းတတ်၏
အနာရောဂါတို့၏
တည်နေရာလည်းဖြစ်၏
ယိုယွင်းပျက်စီးတတ်၏
အသက်ရှင်နေခြင်းသည်
သေခြင်းလျှင်အဆုံးရှိရကား
ထိုခန္ဒာကိုယ်သည် ပုပ်သည်ဖြစ်၍
ပျက်စီးရလတ္တံ့....
………………………
လမင်းထက်

.{ဓမ္မပဒ} သဗ္ဗဟုလအဓိမာနိ ကဘိက္ခုဝတ္ထု

.{ဓမ္မပဒ} သဗ္ဗဟုလအဓိမာနိ
ကဘိက္ခုဝတ္ထု
………………………
ယာနိ မာနိ အပတ္တာနိ အလာ
ဗူနေဝသာရဒေ ကာပေါတ
ကာနိ အဋ္ဌီနိ တာနိဒိသွာန ကာရတိ
… … … … …
တန်ဆောင်မုန်းလအခါ၌
စွန့်ပစ်ထားသောဘူးသီးခြောက်ကဲ့သို့
စွန့်ပစ်အပ်သော ခိုအဆင်းကဲ့သို့
ဖြူမွဲသောအရိုးတို့ကိုမြင်ရ၍
အဘယ်မှာမွှေ့လျှော်ဖွယ်
ရှိနိုင်အံ့နည်း....
~~~~~~~~~~
လမင်းထက်

ဘဝသံသရာ စိတ်အေးမှာ 🎄 အရှင်ကေသရ

( ဘဝသံသရာ စိတ်အေးမှာ)

ဥစ္စာဓန ပေါပြည့်ဝလည်း
စိတ်ကမဖြူ မပေးလှူက
ဘဝနောင်ခါ သံသရာဝယ်
မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းမှန်လည်း
ဆင်းရဲမှန်စွာ ရောက်ရရှာ၏
ထိုကြောင့် ဒါန မြတ်ဘာဂကို
စေတနာသုံးတန်း စိတ်ရင်မှန်ဖြင့်
အမှန်မသွေ ပေးလှူလေမှ
ဘဝသံသရာ စိတ်အေးရာ၏

အရှင်ကေသရ( ဖောင်းပြင်)

Sunday, January 4, 2015

လှသူများသတိ... လမ်းပြကြယ်

လွသူမ် ားသတိ
***
ပြည်မြန်မာ
ရွှေစာသမိုင်းမှာ
အသေချာ
ကျော်ကြားခဲ့ပါတဲ့ ပျိုကညာ
ကလျာဓာတုလို့
မင်းနေပြည်
တောင်ငူမြို့မှာ
ကျော်ကြားခဲ့တယ် ။

ဥဿာနန်းမြေ
ရွှေနန်းခြေက
ဝေဖြာတစ်ဆင့်
ပန်းတစ်ပွင့်ကို
အရှိစာမှာမဏိစန္ဒာဟု
ရူပါအဆင်း
ပျံ့သတင်းက
တစ်ဖုံထက်စွာ
လသော်တာနယ် ။
ဒါတင်မဟုတ်
တစ်အုပ်စာချီ
ဥမ္မာဒန္တီ ပဘာဝတီနှင့်
ပမာညီလျက်
လှမာန်တတ်ခါ
သမိုင်းထက်မှာ
ကျော်ကြားပါလည်း
သေခြင်းတရား
မရဏဓားက
လှသူမပယ်
ခုတ်ဖြတ်ကယ်ကြောင့်
လှည်းစားမာယာ
မသုံးသားသည်
အသင်ဘယ်လောက်လှပါအံ့ ။

လမ်းပြကြယ်
/ဘဝတက္ကသိုလ် ။

Saturday, January 3, 2015

ဓမ္မစာစု}…လမင်းထက်

ဓမ္မစာစု}…လမင်းထက်
……………………
ပရေ စ န ဝိဇာနန္တိ|
မယ မေတ္ထ ယမာမသေ|
ယေ စ တတ္ထ ဝိဇာနန္တိ|
တတော သမ္မန္တိ မေဓဂါ|
………………………
ဤလောက၌ လူမိုက်တို့သည်
ငါတို့သေကြလိမ့်မည်ဟု
မသိကြကုန်.....
ထိုမသိမူကြောင့် ခိုက်ရန်
ငြင်းခုန်မူတို့သည်
မပြေငြိမ်းနိုင်ကုန်၏
ဤလောက၌ ပညာရှိတို့သည်
ငါတို့သေကြလိမ့်မည်ဟု
သိကြကုန်၏ ထိုသိမူကြောင့်
ခိုက်ရန်ငြင်းခုန်မူတို့သည်
ပြေငြိမ်းနိုင်ကုန်၏
~~~~~~~~~~
လမင်းထက်

Thursday, January 1, 2015

ဓမ္မစာစု…လမင်းထက်

ဓမ္မစာစု…လမင်းထက်
~~~~~~~~~~~~~
န တံ မာတာပိတာကယိရာ|
အညေဝါပိ စ ဥာတကာ|
သမ္မာ ပဏိဟိတံ စိတ္တံ|
သေယျသော နံ တတော ကရေ|
~~~~~~~~~~~~
ထိုလူနတ်နိဗ္ဗာန်သုံးတန်သော
ချမ်းသာမျိုးကို အမိအဖသည်
မပြုနိုင် တစ်ပါးသော
ဆွေမျိုးတို့သည်လည်းမစွမ်းနိုင်ကုန်
..ထိုလူနတ်နိဗ္ဗာန်သုံးတန်သော
ချမ်းသာမျိုးကို ကောင်းစွာထားအပ်သော
စိတ်သည်သာလျှင်
ထိုမိဘ ဆွေမျိုးတို့ထက်
တစ်ဆင့်ထက် တစ်ဆင့်
မြင့်မြတ်အောင့်ပြုစွမ်းနိုင်၏
~~~~~~~~~~~~
လမင်းထက်