Sunday, January 18, 2015

ကဗျာများမတင်တော့ပါ

ကဗျာများမတင်တော့ပါ

ကဗျာပင်လယ် ဘလောဂ့်(Blogs)အခိုးခံလိုက်ရသဖြင့်
ကဗျာပင်လယ်ကို ဖျက်သိမ်းလိုက်ပါပြီ

အထူးအသိပေးကြေညာချက် 18.1.2015

အထူးအသိပေးကြေညာချက် 18.1.2015

ကဗျာပင်လယ်ကိုအားပေးကြသော
ကဗျာချစ်ပရိတ်သတ်များ ခင်ဗျား...
ဒီရက်ကစပြီးတော့..ကျနော်ကဗျာများမတင်
တော့ပါဘူး...ဘာဖြစ်​လို့လဲဆိုရင်...
ကျနော် အဓိကကဗျာတင်တဲ့
ဘလောဂ့် (Blogs)မှာ မသမာသူများ၏
လက်ချက်ကြောင့်( အခိုးခံ) အဟက်(Hack)ခံလိုက်ရပါသည်...
ပြန်ရဖို့လည်းကျနော်မကြိုးစားတော့ပါ..
ကဗျာလည်းတင်လို့မရတော့ပါ...
ဒါကြောင့်...ကျနော်တို့ရဲ့ကဗျာပင်လယ်ဆိုတဲ့
Apk ကို မိမိတို့ဖုန်းမှ ဖယ်ရှားဖျက်ပစ်လိုက်ပါတော့လို့
ဝမ်းနည်းစွာနဲ့အသိပေးအပ်ပါတယ်...

ကဗျာများပေးပို့ကြသော
ကဗျာဆရာများကိုလည်း
ကျနော်ကဗျာမတင်ပေးနိုင်တော့သည့်အတွက်
ကျနော့်ကို ခွင့်လွတ်ပေးပါလို့
ဤစာမှတစ်ဆင့်တောင်းပန်လိုက်ပါတယ်...
ကဗျာပင်လယ်ကို လုံးဝဖျက်သိမ်းလိုက်ပါပြီ...

Monday, January 5, 2015

ဥတ္တရထေရီဝတ္ထု 💫 လမင်းထက်

.{ဥတ္တရထေရီဝတ္ထု}
ဓမ္မပဒ ~~~~
~~~~~~~~~~~
ပရိဇိဏ္ဏမိဒံ ရူပံ ရောဂ နီဠံ
ပဘဂုၤရံ ဘိဇၨတိ ပူတိသေႏၶေဟာ မရဏႏၲံ
ဟိ ဇီဝိတံ ။
~~~~~~~~~~~~~~
ဤရူပကာယသည်ဆွေး
မြည့်အိုမင်းတတ်၏
အနာရောဂါတို့၏
တည်နေရာလည်းဖြစ်၏
ယိုယွင်းပျက်စီးတတ်၏
အသက်ရှင်နေခြင်းသည်
သေခြင်းလျှင်အဆုံးရှိရကား
ထိုခန္ဒာကိုယ်သည် ပုပ်သည်ဖြစ်၍
ပျက်စီးရလတ္တံ့....
………………………
လမင်းထက်

.{ဓမ္မပဒ} သဗ္ဗဟုလအဓိမာနိ ကဘိက္ခုဝတ္ထု

.{ဓမ္မပဒ} သဗ္ဗဟုလအဓိမာနိ
ကဘိက္ခုဝတ္ထု
………………………
ယာနိ မာနိ အပတ္တာနိ အလာ
ဗူနေဝသာရဒေ ကာပေါတ
ကာနိ အဋ္ဌီနိ တာနိဒိသွာန ကာရတိ
… … … … …
တန်ဆောင်မုန်းလအခါ၌
စွန့်ပစ်ထားသောဘူးသီးခြောက်ကဲ့သို့
စွန့်ပစ်အပ်သော ခိုအဆင်းကဲ့သို့
ဖြူမွဲသောအရိုးတို့ကိုမြင်ရ၍
အဘယ်မှာမွှေ့လျှော်ဖွယ်
ရှိနိုင်အံ့နည်း....
~~~~~~~~~~
လမင်းထက်

ဘဝသံသရာ စိတ်အေးမှာ 🎄 အရှင်ကေသရ

( ဘဝသံသရာ စိတ်အေးမှာ)

ဥစ္စာဓန ပေါပြည့်ဝလည်း
စိတ်ကမဖြူ မပေးလှူက
ဘဝနောင်ခါ သံသရာဝယ်
မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်းမှန်လည်း
ဆင်းရဲမှန်စွာ ရောက်ရရှာ၏
ထိုကြောင့် ဒါန မြတ်ဘာဂကို
စေတနာသုံးတန်း စိတ်ရင်မှန်ဖြင့်
အမှန်မသွေ ပေးလှူလေမှ
ဘဝသံသရာ စိတ်အေးရာ၏

အရှင်ကေသရ( ဖောင်းပြင်)

Sunday, January 4, 2015

လှသူများသတိ... လမ်းပြကြယ်

လွသူမ် ားသတိ
***
ပြည်မြန်မာ
ရွှေစာသမိုင်းမှာ
အသေချာ
ကျော်ကြားခဲ့ပါတဲ့ ပျိုကညာ
ကလျာဓာတုလို့
မင်းနေပြည်
တောင်ငူမြို့မှာ
ကျော်ကြားခဲ့တယ် ။

ဥဿာနန်းမြေ
ရွှေနန်းခြေက
ဝေဖြာတစ်ဆင့်
ပန်းတစ်ပွင့်ကို
အရှိစာမှာမဏိစန္ဒာဟု
ရူပါအဆင်း
ပျံ့သတင်းက
တစ်ဖုံထက်စွာ
လသော်တာနယ် ။
ဒါတင်မဟုတ်
တစ်အုပ်စာချီ
ဥမ္မာဒန္တီ ပဘာဝတီနှင့်
ပမာညီလျက်
လှမာန်တတ်ခါ
သမိုင်းထက်မှာ
ကျော်ကြားပါလည်း
သေခြင်းတရား
မရဏဓားက
လှသူမပယ်
ခုတ်ဖြတ်ကယ်ကြောင့်
လှည်းစားမာယာ
မသုံးသားသည်
အသင်ဘယ်လောက်လှပါအံ့ ။

လမ်းပြကြယ်
/ဘဝတက္ကသိုလ် ။

Saturday, January 3, 2015

ဓမ္မစာစု}…လမင်းထက်

ဓမ္မစာစု}…လမင်းထက်
……………………
ပရေ စ န ဝိဇာနန္တိ|
မယ မေတ္ထ ယမာမသေ|
ယေ စ တတ္ထ ဝိဇာနန္တိ|
တတော သမ္မန္တိ မေဓဂါ|
………………………
ဤလောက၌ လူမိုက်တို့သည်
ငါတို့သေကြလိမ့်မည်ဟု
မသိကြကုန်.....
ထိုမသိမူကြောင့် ခိုက်ရန်
ငြင်းခုန်မူတို့သည်
မပြေငြိမ်းနိုင်ကုန်၏
ဤလောက၌ ပညာရှိတို့သည်
ငါတို့သေကြလိမ့်မည်ဟု
သိကြကုန်၏ ထိုသိမူကြောင့်
ခိုက်ရန်ငြင်းခုန်မူတို့သည်
ပြေငြိမ်းနိုင်ကုန်၏
~~~~~~~~~~
လမင်းထက်

Thursday, January 1, 2015

ဓမ္မစာစု…လမင်းထက်

ဓမ္မစာစု…လမင်းထက်
~~~~~~~~~~~~~
န တံ မာတာပိတာကယိရာ|
အညေဝါပိ စ ဥာတကာ|
သမ္မာ ပဏိဟိတံ စိတ္တံ|
သေယျသော နံ တတော ကရေ|
~~~~~~~~~~~~
ထိုလူနတ်နိဗ္ဗာန်သုံးတန်သော
ချမ်းသာမျိုးကို အမိအဖသည်
မပြုနိုင် တစ်ပါးသော
ဆွေမျိုးတို့သည်လည်းမစွမ်းနိုင်ကုန်
..ထိုလူနတ်နိဗ္ဗာန်သုံးတန်သော
ချမ်းသာမျိုးကို ကောင်းစွာထားအပ်သော
စိတ်သည်သာလျှင်
ထိုမိဘ ဆွေမျိုးတို့ထက်
တစ်ဆင့်ထက် တစ်ဆင့်
မြင့်မြတ်အောင့်ပြုစွမ်းနိုင်၏
~~~~~~~~~~~~
လမင်းထက်