Wednesday, March 26, 2014

ရသစာစု

အောင်​မြင်​ခြင်းနဲ့ ဆုံးရှူံး ခြင်းကို
နိဂုံးမဟုတ်​ဘူးလို့ မှတ်​ယူခြင်းဟာ
အ​မြော်​အမြင်​ရှိခြင်း ဖြစ်​သည်​။

ရောဂျာဘတ်​ဆွန်

ရသစာစု

အိမ်​​ထောင်​မှုသည်​ ဝိုင်​အရက်​နှင့်​တူ၏
ပထမတစ်​ခွက်​နှင့်​ မဆုံးဖြတ်​သာ​ချေ...
ဒုတိယတစ်​ခွက်​ကျမှ အ​ကြောင်းသိရသည်​ ။

အက်​ဒွပ်​ဂျရဲလ်​ဒ်

ရသစာစု

ပျော်​ရွှင်​ခြင်းရဲ့လျှို့ဝှက်​ချက်​က
ကိုယ်​ကြိုက်​တာကို
လုပ်​ရခြင်းမဟုတ်​ဘူး
ကိုယ်​လုပ်​​နေတာကို
နှစ်​ခြိုက်​ခြင်းဖြစ်​သည်​....

ဂျေအမ်​ဘာရ

ရသစာစု

ကြိုး​ပေးခံရခြင်းနှင့်​ မယားယူခြင်းသည်
ကံကြမ္မာအတိုင်းဖြစ်​၏

ရှိတ်​စပီးယား

Tuesday, March 18, 2014

ဓမ္မစာစု

ခင်ပွန်းကြီး(10) ပါး

ဗုဒ္ဓမြတ်စွာ
ပစ္စေကာနှင့်
လက်ယာလက်ဝဲ
ဆည်းကပ်မြဲဘိ
မိနှင့်ဘပါ
ဆရာလူမြတ်
ဆုံးမတတ်သူ
ဟောမူဓမ္မ
ရဟန္တာဖြစ်
မိတ်စစ်ဆယ်ပါး
တော်လှန်ငြား
ကြီးမားပြစ်ဒဏ်သင့် ။

ဓမ္မစာစု

ရှိမခိုးထိုက်တဲ့ဝါသိက္ခာင်္ကြီး(10)ပါး

ရွာတွင်းဝင်ငြား
ခရီးသွားနှင့်
မှောင်ကြားမှာနေ
ရှုပ်ပွေကိစ္စ
အိပ်ထမချွတ်
ကိုယ်ဝကင်းပြန်
မကောင်းကြံရွယ်
ခဲဖွယ်ဆွမ်းစား
ကျင်ကြီးသွားနဲ့
စွန့်ငြားကျင်ငယ်
ဆယ့်တစ်ဝယ်
ရှိဝယ်မခိုးရ

( ပရိဝါပါဠိ ကထိနဘေဒ)

Sunday, March 16, 2014

ဓမ္မစာစု

ဆာမူရိုင်းသီချင်း

ငါ့မှာ အမိုးမရှိတုန်းကရဲတင်းခြင်းကို ငါအမိုးလုပ်ခဲ့တယ်။
ငါ့မှာ ညဥ့်နက်စာမရှိခဲ့တုန်းက ငါ့မျက်လုံးတွေဟာ ညစာစားသောက်ခဲ့ကြတယ်။

ငါ့မှာမျက်စိမရှိခဲ့တုန်းက
ငါ နားစွင့်ခဲ့တယ်။
ငါ့မှာနားမရှိခဲ့တုန်းက
ငါစဉ်းစားတွေးခေါ်ခဲ့တယ်။
ငါ့မှာ စဉ်းစားတွေးခေါ်မှုမရှိခဲ့တုန်းက
ငါ စောင့်နေခဲ့တယ်။

ငါ့မှာအ​ဖေမရှိခဲ့တုန်းက
စောင့်ရှောက်ခြင်းက
ငါ့အ​ဖေလုပ်ခဲ့တယ်။
ငါ့မှာ အ​မေမရှိခဲ့တုန်းက
စည်းစိမ်​ရှိခြင်းကို ငါထွေးပွေ့ခဲ့တယ်။

ငါ့မှာ မိတ်ဆွေမရှိခဲ့တုန်းက
တိတ်ဆိတ်မှုဟာငါ့မိတ်ဆွေ။
ငါ့မှာ ရန်သူမရှိတုန်းကငါ့ကိုယ်ခန္ဓာ
ငါ ပြန်ဆန့်ကျင်​ခဲ့တယ်။

ငါ့မှာငွေကြေးမရှိခဲ့တုန်းက
ကံကြမ္မာဟာ ငါ့ငွေကြေး။
ငါ့မှာဘာတစ်ခုမှမရှိခဲ့တုန်းက သေခြင်းတရားဟာ ငါ့ကြွယ်ဝမှု။

လိုအပ်ချက်ဟာငါ့နည်းဗျူဟာ သံယောဇဉ်ကင်းခြင်းဟာ ငါ့မဟာဗျူဟာ။ ချစ်သူရည်းစား မရှိခဲ့တုန်းက ငါ့အိပ်စက်ခြင်းကိုပဲငါပိုးပန်းခဲ့တယ်။

ရောဘတ် ပစင်ကီး (Robert Pinsky)

ရသစာစု

ယောက်ျား​တွေထဲက မြာ​ပွေတဲ့လူနဲ့...
မိန်းမ ​တွေထဲက မျက်​နှာများတဲ့သူတို့ဟာ..
အိမ်​​ထောင်​​ရေးကို ​ကြောက်​ကြတယ်​ ။


Dr.အက်​ဒလာ

ရသစာစု

➳ သင့်​ရဲ့အသက်​ကို
ကုန်​လွန်​သွားတဲ့ နှစ်​​တွေနဲ့မတိုင်းတာပဲ
ရရှိထားတဲ့ မိတ်​​ဆွေ​တွေနဲ့ တိုင်းတာပါ။
➳ သင့်​ရဲ့အသက်​ကို....
မျက်​ရည်​​တွေနဲ့မတိုင်းတာပဲ
အပြုံး​တွေနဲ့တိုင်း​တာပါ။

ဂျွန်​လင်​နွန်

ရသစာစု

စကား​ပြော​ကောင်းသူဖြစ်​ဖို့
ဥပ​ဒေတစ်​ခုပဲ လိုက်​နာပါ ။
အဲဒီ ဥပ​ဒေက....

နား​ထောင်​တာဖြစ်​ပါတယ်​။

ခရစ္စတိုဖာ​မော်​လီ

နောင်​တ -- ၁၀

၁၀ -- ကုသိုလ်ကောင်းမှု မရှိခြင်း
~~~~~~~~~~~~~~~~
ကုသိုလ်သိုက်မျိုး စိုက်ပျိုးထူထောင်
များအောင်ပေါင်းစု ကောင်းမှုမဆောင်
မျက်နှာလွှဲလို့ အမြဲသွေရှောင်
နောင်ခါကျ နောင်တပူမီးလောင်။

နိဂုံး

နောင်တ ဆယ်ပါး တရားကြည်ညို
စွဲယူကြပ်ကြပ် သိအပ်သကို
စိတ်ဝယ်စွဲလို့ အမြဲပိုက်သို
ကြဉ်ရှောင်ကြ နောင်တပူမီးကို။

နောင်​တ -- ၉

၉ -- ပညာရှိနှင့် မပေါင်းခြင်း
~~~~~~~~~~~~~~~~
ပညာရှိပေါင်း သူကောင်းသူတော်
ဆည်းကပ်ချိန်လည်း မှီဝဲမပျော်
လိမ္မာကင်းလို့ မှုခင်းကြုံသော်
နောင်တကြီး ဖိစီးပူဖို့နော်။

နောင်​တ -- ၈

၈ -- မိဘစကား နားမထောင်ခြင်း
~~~~~~~~~~~~~~~~
ငယ်ရွယ်ခိုက်မို့ အမိုက်တွင်တွင်
မိဘစကား ထောင်နားမဝင်
ထင်ရာစိုင်းလို့ ထင်တိုင်းပျော်ရွှင်
နောင်ခါရောက် စိတ်နောက်နောင်တပင်။

နောင်​တ -- ၇

၇-- မိဘအား မလုပ်ကျွေးခြင်း
~~~~~~~~~~~~~~~~
ကျေးဇူးကြီးလှ မိဘနှစ်ဆူ
ကျွေးရေးမွေးရေး အလေးမမူ
လုပ်ကျွေးနိုင်သား ပစ်ထားသောသူ
စိတ်သာချ ဒိဋ္ဌနောင်တပူ။

နောင်​တ-- ၆

၆ -- မပေးလှူခြင်း
~~~~~~~~~~~~~~~~
ဥစ္စာဓန လောက်ငကုံလုံ
သုံးဆောင်ဖွယ်များ ထင်ရှားအစုံ
ပေါကြွယ်ဋ္ဌေးလည်း မပေးလှူတုံ
နောင်ခါကြ နောင်တယူဖို့ကြုံ။

နောင်​တ-- ၎

၎-- သူတစ်ပါးချစ်ခြင်း ဖျက်စီးခြင်း
~~~~~~~~~~~~~~~~
သူနှစ်ဦးတို့ အထူးခုံမင်
ချစ်ခင်အေးချမ်း အကျွမ်းတဝင်
ကွဲပြားစေသော ကုန်းချောမိလျှင်
မှားလေစွ နောင်တပူဖို့ပြင်။

နောင်​တ-- ၃

၃-- သူတစ်ပါးသားမယား ပြစ်မှားခြင်း
~~~~~~~~~~~~~~
အရွယ်ရှိတုန်း ရယ်ပြုံးပျော်ပျော်
မိတ်ကောင်းဆွေကောင်း မပေါင်းမဖေါ်
သူ့မယား၌ မှောက်မှားချွတ်ချော်
စိုးရိမ်ရ နောင်တအပူပေါ်။

နောင်​တ-- ၂

၂-- စီးပွားမစုခြင်း
~~~~~~~~~~~~~~~~
ကံအားဉာဏ်အား စီးပွားနုပျို
ရှိပါလျက်သား စီးပွားမသို
မရှာမှီးပဲ သက်ကြီးရွယ်အို
နောင်တကြီး ပူမီးဆိုက်လို့ဖို။

နောင်​တဆယ်​ပါးလင်္ကာ {​နောင်​တ -- ၁ }

နောင်​တဆယ်​ပါးလင်္ကာ

ပြည်ဗာရာဏ မြို့မစည်ပင်
ဇနသန္တ မည်ရဘုရင်
အလောင်းတော်မြတ် မိန့်မှတ်ပြည်တွင်
ဟောဖော်ကြား ဆယ်ပါးနောင်တပင်။

၁-- ငယ်စဉ်ပညာ မသင်ခြင်း
~~~~~~~~~~~~~~~~
ငယ်စဉ်ကာလ သိပ္ပများစွာ
မသင်မကြား မှတ်သားမရှာ
စီးပွားရေး၌ ဝန်လေးနောင်ခါ
ပူကြောင့်ကြ နောင်တဖြစ်တတ်စွာ။

ရသစာစု

မိန်းမတိုင်းမှာ...
ချစ်​ရင်​ချစ်​တယ်​၊
မချစ်​ရင်​မုန်းတယ်​၊
မချစ်​..မမုန်းဆိုတဲ့
တတိယနည်းလမ်းမရှိဘူး...

(လက်​တင်​စကားပုံ)

ရသစာစု

➳ No burden is too heavy if it is carried with love.

➳ မေတ္တာဖြင့်သယ်ပိုးမည်ဆိုလျှင် မည်သည့် ၀န်ထုပ်ဝန်ပိုးမျှ မ​လေးလံပါ။

ရသစာစု

➳ Don't be afraid of moving slowly; be afraid of standing still.

➳ နှေးနှေးကွေးကွေး ရွေ့လျားခြင်းကို
မစိုးရိမ်ပါနှင့်။ မ​ရွေ့လျားဘဲနေခြင်းကိုစိုးရိမ်ပါ။

ရသစာစု

➳ When you shoot the arrow of truth, just dip its point in honey.

➳ အမှန်တရားတည်းဟူသောမြှားတံကို
ပစ်သောအခါ မြှားထိပ်ကို ပျားရည်ထဲဦးစွာနှစ်ပါ။

ရသစာစု


➳ We can only appreciate the miracle of sunrise if we have waited in darkness.

➳ ကျွန်ုပ်တို့သည်အရုဏ်ဦးနေထွက်ခြင်း၏
အံ့ဖွယ်ကိုအ​မှောင်​ထဲ​စောင့်ဆိုင်းခဲ့မှသာ ခံစားနိုင်​သည်။

ရသစာစု

➳ Even if you're on the right track, you'll get run over if you just sit there.
➳ သင်​လမ်းမှန်နေလျှင်​ပင်ဖြစ်စေ
ထိုနေရာတွင်​သာ ထိုင်နေပါက ကားတက်ကြိတ်ခြင်းခံရလိမ့်မည်။

ရသစာစု

➳ You don't know where you are going if you are always looking back.

➳ သင်​သည်နောက်သို့်တစ်ချိန်လုံး
ပြန်လှည့်ကြည့်နေလျှင် သင်​သည်
သွားနေသည့်ခရီးကို မသိနိုင်​ပါ။

ရသစာစု

➳ Happiness is found along the way; not at the end of the journey.

➳ ပျော်ရွှင်ခြင်းကိုလမ်းခရီးတစ်လျှောက်တွင်
တွေ့ရသည်။ ခရီးဆုံးတွင်တွေ့ရသည်မဟုတ်။

ရသစာစု

➳ The time of failure is the best time for sowing the seeds of success.

➳ ကျရူံးသောအချိန်သည်
အောင်မြင်​မှုမျိုးစေ့စိုက်ပျိုးရန်အ​ကောင်းဆုံး
အချိန်ဖြစ်သည်။

ရသစာစု

♕ A CANDLE, BY CONSUMING ITSELF, GIVES LIGHT TO TOHERS.
♕ ဖ​ယောင်းတိုင်​သည်မိမိကိုယ်မိမိ လောင်​ကျွမ်းခြင်းဖြင့်အခြားသူတို့အား
အလင်းရောင်ပေးသည်။