Sunday, March 16, 2014

ဓမ္မစာစု

ဆာမူရိုင်းသီချင်း

ငါ့မှာ အမိုးမရှိတုန်းကရဲတင်းခြင်းကို ငါအမိုးလုပ်ခဲ့တယ်။
ငါ့မှာ ညဥ့်နက်စာမရှိခဲ့တုန်းက ငါ့မျက်လုံးတွေဟာ ညစာစားသောက်ခဲ့ကြတယ်။

ငါ့မှာမျက်စိမရှိခဲ့တုန်းက
ငါ နားစွင့်ခဲ့တယ်။
ငါ့မှာနားမရှိခဲ့တုန်းက
ငါစဉ်းစားတွေးခေါ်ခဲ့တယ်။
ငါ့မှာ စဉ်းစားတွေးခေါ်မှုမရှိခဲ့တုန်းက
ငါ စောင့်နေခဲ့တယ်။

ငါ့မှာအ​ဖေမရှိခဲ့တုန်းက
စောင့်ရှောက်ခြင်းက
ငါ့အ​ဖေလုပ်ခဲ့တယ်။
ငါ့မှာ အ​မေမရှိခဲ့တုန်းက
စည်းစိမ်​ရှိခြင်းကို ငါထွေးပွေ့ခဲ့တယ်။

ငါ့မှာ မိတ်ဆွေမရှိခဲ့တုန်းက
တိတ်ဆိတ်မှုဟာငါ့မိတ်ဆွေ။
ငါ့မှာ ရန်သူမရှိတုန်းကငါ့ကိုယ်ခန္ဓာ
ငါ ပြန်ဆန့်ကျင်​ခဲ့တယ်။

ငါ့မှာငွေကြေးမရှိခဲ့တုန်းက
ကံကြမ္မာဟာ ငါ့ငွေကြေး။
ငါ့မှာဘာတစ်ခုမှမရှိခဲ့တုန်းက သေခြင်းတရားဟာ ငါ့ကြွယ်ဝမှု။

လိုအပ်ချက်ဟာငါ့နည်းဗျူဟာ သံယောဇဉ်ကင်းခြင်းဟာ ငါ့မဟာဗျူဟာ။ ချစ်သူရည်းစား မရှိခဲ့တုန်းက ငါ့အိပ်စက်ခြင်းကိုပဲငါပိုးပန်းခဲ့တယ်။

ရောဘတ် ပစင်ကီး (Robert Pinsky)

No comments:

Post a Comment