{သမ္ပဒါသုံးပါးဘုရားရှိခိုး}
*ဗုဒ္ဓဂုဏော၊အနန္တောဟု ပြဟောသေချာ၊ဂုဏ်ကိုရှာသော်၊
မဟာသုဂတ၊အတုလဟု၊ဗုဒ္ဓမြတ်စွာ၊စောသတ္ထာသည်၊ကမ္ဘာတွက်ရေ၊
လေးသချေ်နှင့်၊သိန်းနေကာလ၊
ကြာသမျှဝယ်၊အနန္တသတ္တ၀ါ၊
ဝေနေယျာကို၊ကရုဏာလွန်မင်း၊
သနားခြင်းသည်၊သားရင်းမျှသာ၊
မကပါတည်း။
မာတာပိတ၊မိနှင့်ဖဟု၊ရှိကြသူငှါ၊
ကရုဏာထက်၊ပြန်ရာထောင်သောင်း၊မယှဉ်ကောင်းအောင်၊
ဆပေါင်းလွန်လေ၊သချေ်မက၊ကြီးကျယ်လှ၏။
**မဟန္တတြာ၊ကရုဏာကြောင့်၊
ပါရမီိစာဂ၊စရိယကို၊ဖြည့်ရသည်မှာ၊တို့မြတ်စွာသည်၊ကိုယ်မှအသား၊
လှူငြားခဲ့လေ၊ဤမြေမက၊
သွေးတော်မှလည်း၊လေးဝသမုဒ္ဒရာ၊
ရေထက်သာ၏၊ရတနာမကိုဋ်၊
သိုက်မြိုက်ပေါင်းလျော်၊ဦးခေါင်းတော်ကို၊တောင်းသော်ခုတ်ပိုင်း၊
မဆုတ်ဆိုင်းပဲ၊လိုတိုင်းလှူရာ၊
ပုံစုပါသော်၊မဟာနေရု၊
မြင်းမိုရ်ထုတည်း၊လှူဘိမျက်လုံး၊
မိုးကြယ်ရှုံးမျှ၊ကျင့်ထုံးစာဂီ၊ပါရမီဒါန၊တစ်ပါးမျှကို၊ပြောပမကုန်၊
မြေမိုးတုန်အောင်၊ဗိုလ်ပုံစုပြီး၊
လက်ဖျောက်တီး၍၊အံ့ချီးစရာ၊
ဖြစ်ဖွယ်သာတည်း။ **ပါရမီဆယ်ဆူ၊ဖြည့်ဟန်မူကို၊
ကြံသူဟီးချ၊ကြက်သီးထမျှ၊
ကြီးလှကရုဏာ၊မဟန္တာကို၊
သမ္ပဒါဟေတု၊အကြောင်းပြု၍၊
ပေါင်းစုကျိုးပေါ်၊တန်ခိုးတော်နှင့်၊
ဉာဏ်တော်ရုပ်ဆင်း၊တုဘက်ကင်းလျက်၊ဖျက်ခွင်းကိလေ၊သမုစ္ဆေဟု၊
ခေါ်ထွေပဟာန၊ဤလေးဝဖြင့်၊
ဖလသမ္ပဒါ၊ခြံရံကာလျင်၊သတ္တ၀ါနုရင့်၊ထောက်မျှော်ချင့်၍၊ကျွတ်ခွင့်ရှိသူ၊
ချွတ်တော်မူလျက်၊ဗိုလ်လူအန္တ၊
မြိုက်သုခကို၊ရကြကျိုးစု၊
ကိုယ်တော်ပြုသား၊သတ္တုပကာရ၊
မည်ရသမ္ပဒါ၊ဂုဏ်ဖြာဖြာကို၊
ထုံကာကြိုင်လတ်၊စက်မှတ်စုံလင်
ဖ၀ါးပြင်ကို၊ကြည်လင်မြတ်နိုး၊လက်စုံမိုး၍၊ရှိခိုးပါ၏၊မြတ်စွာဘုရား မြတ်စွာဘုရား .....
[ဆုတောင်း] မုနိသင်းကျစ်၊ဓမ္မရာဇ်ဟု၊လွန်နှစ်သက်အပ၊်လျှပ်လျှပ်ပြောင်ပြောင်၊ခြေသည်းရောင်ကား၊များမြောင်အကု၊ကိလေစုကို၊အောင်မှုစိုက်ထူ၊အောင်လံထူ၏၊ရန်သူများဖြင့်ဖြိုဖျက်နိုင်သည်၊တို့ရှင်ဘုရား၊ခြေတော်များသည်၊ငါ့အား[တပည့်တော်အား]အောင်ဆုပေးစေသော်.....