Wednesday, April 30, 2014

{သမ္ပဒါသုံးပါးဘုရားရှိခိုး}

{သမ္ပဒါသုံးပါးဘုရားရှိခိုး}

*ဗုဒ္ဓဂု​ဏော၊အန​န္တောဟု ပြ​ဟော​သေချာ၊ဂုဏ်​ကိုရှာ​သော်​၊
မဟာသုဂတ၊အတုလဟု၊ဗုဒ္ဓမြတ်​စွာ၊​စောသတ္ထာသည်​၊ကမ္ဘာတွက်​​ရေ၊
လေးသ​ချေ်​နှင့်​၊သိန်း​နေကာလ၊
ကြာသမျှဝယ်​၊အနန္တသတ္တ၀ါ၊
ဝေ​နေယျာကို၊ကရုဏာလွန်​မင်း၊
သနားခြင်းသည်​၊သားရင်းမျှသာ၊
မကပါတည်း။
မာတာပိတ၊မိနှင့်​ဖဟု၊ရှိကြသူငှါ၊
ကရုဏာထက်​၊ပြန်​ရာ​ထောင်​​သောင်း၊မယှဉ်​​ကောင်း​အောင်​၊
ဆ​ပေါင်းလွန်​​လေ၊သ​ချေ်​မက၊ကြီးကျယ်​လှ၏။
**မဟန္တတြာ၊ကရုဏာ​ကြောင့်​၊
ပါရမီိစာဂ၊စရိယကို၊ဖြည့်​ရသည်​မှာ၊တို့မြတ်​စွာသည်​၊ကိုယ်​မှအသား၊
လှူငြားခဲ့​လေ၊ဤ​မြေမက၊
သွေး​တော်​မှလည်း၊​လေးဝသမုဒ္ဒရာ၊
ရေထက်​သာ၏၊ရတနာမကိုဋ်​၊
သိုက်​မြိုက်​​ပေါင်း​လျော်​၊ဦး​ခေါင်း​တော်​ကို၊​တောင်း​သော်​ခုတ်​ပိုင်း၊
မဆုတ်​ဆိုင်းပဲ၊လိုတိုင်းလှူရာ၊
ပုံစုပါ​သော်​၊မဟာ​နေရု၊
မြင်းမိုရ်​ထုတည်း၊လှူဘိမျက်​လုံး၊
မိုးကြယ်​ရှုံးမျှ၊ကျင့်​ထုံးစာဂီ၊ပါရမီဒါန၊တစ်​ပါးမျှကို၊​ပြောပမကုန်​၊
မြေမိုးတုန်​​အောင်​၊ဗိုလ်​ပုံစုပြီး၊
လက်​​ဖျောက်​တီး၍၊အံ့ချီးစရာ၊
ဖြစ်​ဖွယ်​သာတည်း။ **ပါရမီဆယ်​ဆူ၊ဖြည့်​ဟန်​မူကို၊
ကြံသူဟီးချ၊ကြက်​သီးထမျှ၊
ကြီးလှကရုဏာ၊မဟန္တာကို၊
သမ္ပဒါ​ဟေတု၊အ​ကြောင်းပြု၍၊
ပေါင်းစုကျိုး​ပေါ်၊တန်​ခိုး​တော်​နှင့်​၊
ဉာဏ်​​တော်​ရုပ်​ဆင်း၊တုဘက်​ကင်းလျက်​၊ဖျက်​ခွင်းကိ​လေ၊သမု​စ္ဆေဟု၊
ခေါ်​ထွေပဟာန၊ဤ​လေးဝဖြင့်​၊
ဖလသမ္ပဒါ၊ခြံရံကာလျင်​၊သတ္တ၀ါနုရင့်​​၊​ထောက်​​မျှော်​ချင့်​၍၊ကျွတ်​ခွင့်​ရှိသူ၊
ချွတ်​​တော်​မူလျက်​၊ဗိုလ်​လူအန္တ၊
မြိုက်​သုခကို၊ရကြကျိုးစု၊
ကိုယ်​​တော်​ပြုသား၊သတ္တုပကာရ၊
မည်​ရသမ္ပဒါ၊ဂုဏ်​ဖြာဖြာကို၊
ထုံကာကြိုင်​လတ်​၊စက်​မှတ်​စုံလင်
ဖ၀ါးပြင်​ကို၊ကြည်​လင်​မြတ်​နိုး၊လက်​စုံမိုး၍၊ရှိခိုးပါ၏၊မြတ်​စွာဘုရား မြတ်​စွာဘုရား .....

[ဆု​တောင်း] မုနိသင်းကျစ်​၊ဓမ္မရာဇ်​ဟု၊လွန်​နှစ်​သက်​အပ၊်​လျှပ်​လျှပ်​ပြောင်​​ပြောင်​၊​ခြေသည်း​ရောင်​ကား၊များ​မြောင်​အကု၊ကိ​လေစုကို၊​အောင်​မှုစိုက်​ထူ၊​အောင်​လံထူ၏၊ရန်​သူများဖြင့်​ဖြိုဖျက်​နိုင်​သည်​၊တို့ရှင်​ဘုရား၊​ခြေ​တော်​များသည်​၊ငါ့အား[တပည့်​​တော်​အား]​အောင်​ဆု​ပေး​စေ​သော်​.....

No comments:

Post a Comment