Thursday, October 30, 2014

ဘဝပန်းတိုင်​သို့ သန္နိဋ္ဌာန် ✏ ​နေမျိုးသာကီ (ရသစာစု)

ဘဝပန်းတိုင်​သို့ သန္နိဋ္ဌာန်

ပွင့်​ချပ်​မ​ခြွေ ဝတ်​မှုန်​မခရ​အောင်
ဝတ်​ရည်​ကိုသာ ​သောက်​သုံးတဲ့
အို ပျားသူငယ်
အသင့်​စု​ဆောင်းမှု ပမာပြုလို့
တခုဘဝ လွန်​လှပ​အောင်
နှစ်​ဆဆောင်​လို့ ကြိုးစား​တော့မည်
ဇွဲစိတ်​အတည်​။ ။

နေမျိုးသာကီ(မြို့မ)

Thursday, October 23, 2014

မြက်ရိတ်သမား - ဇော်ဂျီ

မြက်ရိတ်သမား - ဇော်ဂျီ

-နေဆာလှုံ၍
လူ့ဘုံလောက ၊ နိုးခါမတည့်
ချိုးကသံရှည် ၊ တောဘွဲ့သီ၍
လျှိုမှာမြေပြင် ၊မြစိမ်းဆင်လျက်
ကောင်းကင်မိုးဝယ် ၊ နီလာချယ်နှင့်
အိုဘယ်လူသား ၊ နှစ်ရောင်ကြားဝယ်
ခန့်ညားပေစွ၊ ခန့်ပေစွ ။ ။

-ဇော်ဂျီ

(ရသစာစု) သူငယ်ချင်းသို့ --- တက္ကသိုလ်မင်းမော်

သူငယ်ချင်းသို့ --- တက္ကသိုလ်မင်းမော်

-ချစ်သူသည်သာ ၊ ငါ့ကမ္ဘာဟု
မကြာခဏ ၊ နှုတ်သံရွနှင့်
ချစ်လှစွာသော သူငယ်ချင်း ။

-အသက်မဲ့သည့်
လဲ့လဲ့ပြိုးပြောင် ၊ မိုးကြယ်ရောင်သည်
မှောင်လှမိုက်စွ ၊ လမိုက်ညတွင်
ပျပျမြင်အောင် ၊ လူ့ကျိုးဆောင်၏ ။

-အသက်မဲ့သည့်
စိမ်းလဲ့ကြွားကြွား ၊ ဖားလျားရွက်စိပ်
ပညောင်ရိပ်သည်
ချွေးသိပ်နိုင်အောင် လူ့ကျိုးဆောင်၏ ။

-အသက်မဲ့သည့်
ကျိုးပဲ့သေးဖွဲ ၊ အုတ်နီခဲသည်
တောထဲဖြတ်ကာ ၊ လမ်းဖောက်ရာတွင်
သွားလာနိုင်အောင် ၊ လူကျိုးဆောင်၏ ။

-သူငယ်ချင်း
မင်းမှာစင်စစ် ၊ လူပင်ဖြစ်လည်း
ချစ်သူသာလျှင် ၊ ကမ္ဘာထင်၏
သစ်ပင်နှင့်ကြယ် ၊ အုတ်ခဲငယ်သည်
ပြက်ရယ်မင်းကိုပြု ကြပြီ ။ ။

-တက္ကသိုလ်မင်းမော်

နန္တသူရိယ အမတ်ကြီးရဲ့ "မျက်ဖြေလင်္ကာ"

နန္တသူရိယ အမတ်ကြီးရဲ့ "မျက်ဖြေလင်္ကာ"

-သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊
သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊
ဓမ္မတာတည်း။

-ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊
မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊
စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊
ခဏတက်သည့်၊ ရေပွက်ပမာ၊
တစ်သက်လျာတည်း။

-ကြင်နာသနား၊ ငါ့အားမသတ်၊
ယခုလွှတ်လည်း၊
မလွတ်ကြမ္မာ၊ လူတကာတို့၊
ခန္ဓာခိုင်ကျည်၊ အတည် မမြဲ၊
ဖေါက်လွှဲတတ်သည်၊
မချွတ်စသာ၊ သတ္တ၀ါတည်း။

-ရှစ်ခိုးကော်ရော်၊ ပူဇော်အကျွန်၊
ပန်းခဲ့တုံ၏၊
ခိုက်ကြုံ ၀ိပါက်၊ သံသာစက်၌၊
ကြိုက်လတ်တုံမူ၊ တုံ့မယူလို၊
ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊
ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊
ခွင့်လျှင်ပေး၏၊
သွေးသည် အနိစ္စာ၊ ငါ့ခန္ဓာတည်း။

-(အနန္တသူရိယ၊ မှန်းနန်းမဟာရာဇ၀င်တော်ကြီး၊ ပထမတွဲ

Tuesday, October 21, 2014

စိတ်​၏အရိပ် (ဓမ္မစာစု) ရဝေ

စိတ်​၏အရိပ်

သူငယ်​ချင်း.....
မင်းပဲ​မော​မော.... ငါပဲ​မော​မော.......
ဘယ်​သူပဲ​မော​မော စိတ်​​မောကိုယ်​​မော
ဤနှစ်​​မောတွင်​ ကိုယ်​လျှင်​​မောက
အ​မော​ဖြေရာ အရိပ်​ရှာကြည့်
တွေးသည့်​အရိပ်​ ကိုယ်​​ချွေးသိပ်​ရာ
နားခိုပါလည်း.......
စိတ်​​မောကိုယ်​​မော ဤနှစ်​​မောတွင်
စိတ်​လျှင်​​မောက အ​မော​ဖြေရာ
အရိပ်​ရှာကြည့်​ မရှိအရိပ
်​စိတ်​​ချွေးသိပ်​ရာမင်းထင်​ပါ​သော်​......
သူငယ်​ချင်း
မင်းကိုငါဖိတ်​ ဓမ္မရိပ်​မှာ
နားခိုလာကြည့်​ သန္တိချမ်းသာ
ရင်​လွှာဆိတ်​ဆိတ်​ စိတ်​​အေးရိပ်​ကို
ဒိဋ္ဌမြင်​မယ်​ သူငယ်​ချင်း.............

ရ​ဝေ(​ဖောင်းပြင်​)


Monday, October 20, 2014

ဝေခွဲ မရပါလားးးး

" ဝေခွဲ မရပါလားးးး "

' ပဲာလို '
ဆိုတဲ့ ခပ်ဝဲ၀ဲ အသံလေးက
ကိုယ့် အတွက် ဆွဲဆောင်မှု
တစ်ခုလေလားးး

' မမ ' လို့ခေါ်တဲ့
အသံသဲ့သဲ့လေးက
ကိုယ့် နှုတ်ခမ်းကို
ပြုံးယောင်သန်းစေခဲ့လေသလားးး

စကားနိုင်လုကြတိုင်း
' မပြောတတ် ' လို.
ပြန်ပြောနေကြ စကားလုံးလေးကိုပဲ
ကိုယ် သဘောကျမိနေလေသလားးး

ကောင်မလေးတွေနဲ. စလေတိုင်း
' မပာုတ်တာတွေ မပြောနဲ. 'ဆိုတဲ့
လေသံလေးကိုက နားဝင်ချိုမိနေလေသလားးး

မေးခွန်းတွေ အများကြီး
ပြန်မေးမိနေပေမယ့်
သေချာတဲ့ အဖြေမရရှိဘဲ
ကိုယ်.. ဒီ အသံဝဲ၀ဲလေးထဲမှာပဲ ရစ်ဝဲနေဆဲပဲ

MAYKO
( 12:15)AM, (8.6.2014)

ငါတို့ဘုရား

ငါတို့ဘုရား

ကဆုန်လပြည့် နေ့သောကြာ
ဘုရားဖွားတဲ့ နေ့မြတ်ပါ
သက္ကရာဇ်မှာ ခြောက်ဆယ့်ရှစ်
သုဒ္ဓေါမင်းဖစစ်။ ။
မာယာဒေဝီ မွေးမယ်တော်
ကပိလဝတ် နေ့ပြည်မော်
သာကီမျိုးနော် ထင်ရှားလှ
နွယ်ဘော် ဂေါတမ။ ။
သိဒ္ဓတ္ထတဲ့ မည်နာမံ
ဆယ့်ခြောက်နှစ်မှာ ထီးနန်းစံ
နှစ်ဆယ့်ကိုးမှန် တောထွက်သွား
ခြောက်နှစ်ကျင့်တရား။ ။
သုံးဆယ့်ငါးနှစ်ပြည့်လေတုံ တစ်ရာ့သုံးခုကြုံ
လပြည့်ကဆုန် ဗုဒ္ဓဟူး
ဘုရားဖြစ်နေ့ထူ။ ။
သောင်းထိုက်မူကြီး တို့မြတ်စွာ
ဘုံသုံးပါလုံး ထင်ရှားပါ
လူနတ်ဗြဟ္မာ လွန်ကျော်ကြား
ငါတို့ဘုရား တို့ဘုရား
ငါတို့ဘုရား တို့ဘုရား။ ။

Monday, October 13, 2014

ကောသလမင်းကြီးအိမ်မက်(၁) (အရှင်အာလောက-ရေဝိုင်း)

*ကောသလမင်းကြီးအိမ်မက်(၁)*

မြတ်စွာဘုရားတပည့်တော်သည် ရှေးဦးစွာသောအိမ်မက်ကိုမြင်မက်ပါသည်။ မျက်စဉ်းညိုအဆင်းရှိကုန်သော နွားနက်ဥဿဘလေးကောင်တို့သည်
ဝှေ့မယောင်အခြင်းအရာ ဟန်ဆောင်ကာဖြင့် မြည်တွန်ကြုံးဝါးကာ မဝှေ့ပဲရှောင်လွှဲသွားကြသည်ကို
ရှေးဦးစွာမြင်မက်ပါသည်
ထိုအိမ်မက်၏အကျိုးသည်မည်သို့ ဖြစ်စေပါသနည်းဘုရား။
ဒကာတော်မင်းကြီးဤအိမ်မက်၏
အကျိုးသည်သင်မင်းကြီးလက်ထက်၌မဖြစ် ငါဘုရားလက်ထက်၌လည်းမဖြစ်
နောင်အခါတရားမစောင့်သော မင်းဆင်းရဲတို့လက်ထက် တရားမစောင့်သောလူတို့လက်ထက်၌
လူတို့သည်ဖောက်ပြန်သောစိတ်ရှိကြ၍ ကုသိုလ်တရားများလျော့ပါးဆုတ်ယုတ်ကာ အကုသိုလ်တရားတို့များပြားလာသဖြင့်
လောကကြီးဆုတ်ယုတ်သော ကာလ၌ မိုးသည်ကောင်းစွာမရွာပဲ မိုးရွာခြင်းတို့သည်ပြတ်ကုန်လတံ့။
ကောက်ပင်စပါးပင်တို့သည်ညှိုး ခြောက်သေပျောက်ကုန်လတံ့။
လူတို့အားငတ်မွတ်ခြင်းဘေးတို့သည် ဖြစ်ကုန်လတံ့။
မိုးရွာအံ့သကဲ့သို့ အရပ်လေးမျက်နှာတို့မှ
မိုးတို့သည်တက်လာသော်လည်း
နွားနက်ဥဿဘတို့မဝှေ့မူ၍
တိမ်းရှောင်သကဲ့သို့..မိုးတို့သည်
မရွာမူ၍ပြေပျောက်ကုန်၏။ ဤကားရှေးဦးစွာသောအိမ်မက်၏
အကျိုးတည်း။
ဓမ္မသဘောဖြင့်သာမြင်နိုင်ပါစေ....။

(အရှင်အာလောက-ရေဝိုင်း)

Thursday, October 9, 2014

ဆီမီးခွက် လှုဒါန်းရခြင်း အကျိုး (၄)မျိုး ✏ နာယက(ကျီးသဲ)

ဆီမီးခွက် လှုဒါန်းရခြင်း အကျိုး (၄)မျိုး

၁။.အမျိုးအနွယ် မြင့်မြတ်ရခြင်း...
၂။အင်္ဂါကြီးငယ် ပြည့်စုံလှပခြင်း...
၃။ပညာဂုဏ် ကြီးမြင့်ရခြင်း...


ဆီမီးတိုင်
(ဖယောင်တိုင်လှူဒါန်းရခြင်းအကျိုး (၄)မျိုး)

၁။လူပြည်နတ်ပြည်တို့၌သာအကြိမ်ဖြစ်ရခြင်း
၂။ထွန်းလင်းတောက်ပသောကိုယ်ရောင် ကိုယ်ရောင်ကိုဝါရှိခြင်း
၃။နံရံတောင်ကျောက်တို့ကိုဖောက်၍ ယုဇနာတစ်ရာမြင်နိုင်သော ဉာဏ်မျက်စိအလင်းကိုရနိုင်ခြင်း
၎။နောက်ဆုံဘဝ၌လွယ်ကူစွာတရားထူးရနိုင်ခြင်း

နာယက (ကျီးသဲ) ရွှေတောင်

Monday, October 6, 2014

အတွေ့အကြုံထဲမှ အတွေးအမြင်များ(၃) ✏ အရှင်ဥတ္တရ - ပြည်

အတွေ့အကြုံထဲမှ အတွေးအမြင်များ(၃)

မျှော်လင့်ချက်ထားပြီး လုပ်ရတဲ့အလုပ်တစ်ခုဟာ
အေးချမ်းမလိုလိုနဲ့ ပူလောင်ပါတယ်။
ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ဘာမှဖြစ်မလာရင်တော့
သေချာပေါက်ပူလောင်ရမှာ ကျိန်းသေပါတယ်။
တစ်ကယ်လို့ ဖြစ်လာရင်လည်း
ကိုယ်မျှော်လင့်ထားတဲ့အတိုင်း
ထပ်တူကျဖို့မလွယ်ပါဘူး..
အဲဒီ့အခါကျ အလိုမကျမှု့တွေနဲ့
ပူလောင်ရဦးမှာပါပဲ။
ဒါ့ကြောင့် ဘယ်အလုပ်ပဲဖြစ်ဖြစ်
မျှော်လင့်ချက်မထားပဲ မိမိဘက်က
အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ပေးလိုက်တာက
အကောင်းဆုံးပါ။

အရှင်ဥတ္တရ - ပြည်

တံမျက်စည်းလှည်းခြင်းအကျိုး

တံမျက်စည်းလှည်းခြင်းအကျိုး

မိမိစိတ်ကြည် သူ့စိတ်ကြည်နှင့်
တလီနတ်ချစ် ရောလစ်ဆင်းလှ
သေကာလမှာ ရောက်ရာနတ်ပြည်
ဤငါးလီ မှတ်သည်တံမျက်လှည်းရ
အကျိုးတည်း

ထာဝရကောင်းကင်
ခေတ္တသိမ်ကုန်း(့ပြည်)

ရွှေကြိမ်လုံး ✏ ထာဝရကောင်းကင်(လမင်း)

ရွှေကြိမ်လုံး

ဆရာ့ထံပါး မြဲခစား၍
ဒို့များစာပေ သင်နေတုန်းက
တဘုန်းဘုန်းရိုက် ကြိမ်လုံးမိုက်ကို
အူလိုက်သည်းလိုက် မုန်းမိတယ်

ဆရာနှင့်ဝေး ကြိမ်ဘေးနှင့်ကွာ
လူ့ရွှာ,လူ့ပြည် ကိုယ့်မြေ,ကိုယ့်ရပ်
ကိုယ့်ဇာတ်,ကိုယ်ခင်း ကိုယ်မင်း,ကိုယ်လုပ်
ကိုယ်အုပ်ချုပ်မှ ကြီးလှမေတ္တာ
မြက်ဆရာ၏ ဆရာ့လက်သုံး
ရွှေကြိမ်လုံးကို မဆုံးနေ့ရက်
လွမ်းမိတယ်.......


ထာဝရကောင်းကင်(လမင်း)
ခေတ္တ သိမ်ကုန်း(ပြည်)

Saturday, October 4, 2014

သာသာနာအလံကို အရောင်ခြောက်ပါး ဖြင့်ပြုလုပ်သည်။

သာသာနာအလံကို အရောင်ခြောက်ပါး ဖြင့်ပြုလုပ်သည်။

နီလ=အပြာရင့်ရောင်
ပီတ=အဝါရင့်ရောင်
လောဟိတာ=အနီရောင်
သြဒါတ=အဖြူရောင်
မဉ္စိဋ္ဌာ=ပန်းနုရောင်
ပဘဿရ=အထက်ပါအရောင်ငါးခု တို့ဖြစ်သည်။

သာသနာအလံအရွယ်အစားပြုလုပ်သည့်ဆိုဒ်

အကြီး=အလျား၉ပေ×အနံ၅ပေ
အလတ်=အလျား၎ပေ×၆လက်မ အနံ=၂ပေ×၆လက်မ
အလတ်=၂ပေ×၃လက်မ =
အနံ ၁ပေ×၃လက်မ
အသေး=အလျား၉လက်မ×အနံ၅လက်မ
စတင်တီထွင်ခဲ့သူ=စီပီဂုဏဝဍ္ဎန ခေါ် ကာရိုရစ် ဂျသဂုဏဝဍ္ဎန ဖြစ်သည်။
မွေးသက္ကရဇ်နှင့်ဇာတိ=၁၈၅၄ခုနှစ်
ဖေဖော်ဝါရီလ(၁၆)ရက်ဖွား
သီရိလင်္ကာနိုင်ငံသားဖြစ်သည်။


@thar phaw)

ဒါလေးတွေကိုသိစေချင်လို့.... အရှင်ဝေပုလ္လ( ရွှေမြေ )

ဒါလေးတွေကိုသိစေချင်လို့

ထောင်ကိုကြောက်စရာမလို
ဒုစရိုက်မူ့များကိုသာကြောက်ရမည်
အပါယ်လေးပါးကိုကြောက်စရာမလို
အကုသိုလ်ကံများကိုသာကြောက်ရမည်
ရုပ်ပွားစေတီများကိုကြောက်စရာမလို
ထိုရုပ်ပွားစေတီများကို မရိုမ သေပြုလုပ်သော
စိတ်ဆိုး စေတနာဆိုးကိုသာကြောက်ရမည်
ထိုရုပ်ပွားစေတီများကခိုက်ခြင်းမဟုတ်
စိတ်ဆိုးစေတနာဆိုးကသာ ခိုက်ခြင်းဖြစ်သည်
မ ကောင်းကျိုးကိုဘုရားရှင် ရုပ်ပွားများက
ပေးသည်မဟုတ်သလို ကောင်းကျိုးကိုလည်း
ဘုရားရှင် ရုပ်ပွားများက ပေးသည်မဟုတ်
မိမိကိုကောင်းကျိုးပေးသည်မှာ ထိုဘုရားရှင်နှင့်
ရုပ်ပွားများ သံဃာတော်အ ပေါ်တွင်ထားသော
စေတနာက ကောင်းကျိုးပေးခြင်းဖြစ်ပါတယ်။
(မေတ္တာရှင်-ရွှေပြည်သာ)

အရှင်ဝေပုလ္လ( ရွှေမြေ )
ဝါးဖြူတောင်ကျောင်းတိုက်

တဏှာချစ် နှင့် မေတ္တာချစ် ✏ အရှင်ဝေပုလ္လ( ရွှေမြေ )

တဏှာချစ် နှင့် မေတ္တာချစ်

တဏှာချစ်ကိုတောင်းတရင်
တောင်းတ နေချိန်မှာလည်း
တဏှာစိတ်နဲ့ ပူလောင်ရသလို
ရရှိလာချိန်မှာလည်း
သံယောဇဉ် မီးတွေနဲ့
ကျွှမ်းမြိုက်ရပါတယ်
မေတ္တာချစ်ကိုမျှော်လင့်ရင်တော့
မျှော်လင့်နေချိန်မှာလည်း
မေတ္တာစိတ်နဲ့ အေးမြရသလို
ရရှိလာချိန်မှာလည်း
မေတ္တာရောင်ပြန်တွေနဲ့
ချမ်းမြေ့ရပါတယ်။

အရှင်ဝေပုလ္လ( ရွှေမြေ )
ဝါးဖြူတောင်ကျောင်းတိုက်

Friday, October 3, 2014

ငါ့ဆန္ဒ (လမင်း) ခေတ္တ(သိမ်ကုန်း)ပြည

ငါ့ဆန္ဒ

ရွှေငွေရတနာ ကြွယ်ဝပါလည်း
ချမ်းသာရေးတွက် ငါမမက်
အိမ်ခြံလယ်ယာ ပေါများပါလည်း
ဝင့်ဝါရေးအတွက် ငါမမက်
ပျိုမေကညာ နှစ်သက်ပါလည်း
ကြည်သာရေးတွက် ငါမမက်
တေးနန်းသစ်ခက် မိုးကာယှက်၍
ကိုယ်ထက်ဆင်မြန်း မြတ်သင်္ကန်းနှင့်
ရဟန်းမြတ်သွင် မဂ်လမ်းခွင်ဝယ်
ပျော်စေချင်လှ ငါ့ဆန္ဒ

(လမင်း)
ခေတ္တ(သိမ်ကုန်း)ပြည်

Wednesday, October 1, 2014

လူ့ထံသို့(၆) (အရှင်အာလောက-ရေဝိုင်း)

လူ့ထံသို့(၆)


စိတ်ဓာတ်နဲ့ကိုယ်ကျင့်ရားတွေ နိမ့်ကျနေတဲ့လောကကြီးထဲမှာ
ကိုယ်ကပါလိုက်ပြီးနိမ့်ကျနေမယ်ဆိုရင်
ကိုယ်လည်း ဒီပုတ်ထဲကဒီပဲ ပဲပေါ့ သူများမိုးခါးရေသောက်တိုင်း ကိုယ်ကလိုက်သောက်နေစရာ မလိုပါဘူး ဘယ်သူတွေတရားပျက် ပျက်
ငါပျက်လို့မဖြစ်ဘူးလို့ ဒီလိုစိတ်ကလေးထားစေချင်တာပါ။
ဒါနဲ့ပတ်သက်ပြီးဇာတ်တော်လေးတစ်ခု
ပြောပြချင်တယ်
ဘုရားလောင်းတော်ကြီး
တစ်ခုသော ဘဝတုန်းက လှည်းငါးရာကို
ဦးဆောင်တဲ့လှည်းကုန်သည် ဖြစ်ခဲ့ဘူးတယ်
တစ်နေ့တော့ သဲကန္တာရထဲမှာမျက်စိလည်ပြီး
အစာရေစာတွေလည်းပြတ်တာပေါ့
ဒို့တွေတော့ဒီကန္တာရကြီးကို လွန်မြောက်အောင်ကူးနိုင်ဖို့အတွက်
အစာရောရေရောမရှိတော့ဘူးဆိုပြီး
စိတ်ပျက်နေတဲ့အချိန်မှာ
ကန္တာရထဲစောင့်နေတဲ့နဂါးမင်းက အင်မတန်ကြီးမားတဲ့ညောင်ပင်ကြီးတစ်ပင်
ဖန်ဆင်းပေးတယ်
ကုန်သည်တွေလည်း ရိုးရိုးညောင်ပင်ထင်ပြီးတော့ ညောင်ပင်အောက်ကိုဝင်နားကြတယ်
နေပူထဲမှာသေတာထက်စာရင် နေရိပ်ထဲသေတာကောင်းသေးတာ တော်သေးတာပေါ့ဆိုပြီး အကုန်လုံးပက်လက်ကလေးတွေ လှန်နေကြတဲ့အချိန် ညောင်ပင်ကြီးကစိမ်းစိုပြီးတော့ ရေတွေထွက်ကျတော့မဲ့အတိုင်း
ဖြစ်နေတာပေါ့ ဒါနဲ့ကုန်သည်တွေလည်း တိုင်ပင်ပြီးတော့ ညောင်ပင်ကြီးရဲ့အရှေ့ဘက်
အကိုင်းကိုခုတ်ပစ်လိုက်တယ်
အဲလိုခုတ်လိုက်တော့
သူတို့ခုတ်တဲ့နေရာက
ရေကြည်ရေအေးတွေကျ ပေးတယ်တဲ့
ကုန်သည်တွေလည်း အားရဝမ်းသာဖြစ်ပြီး
ဒို့တော့မသေတော့ဘူးဟေ့ဆိုပြီး
ရေတွေသောက်ကြ ချိုးကြပြီးတာပေါ့ အဲဒါပြီးပြန်တော့ထပ်ပြီးတော့ တိုင်ပင်ကြပြန်တယ် အနောက်ဘက်ကအကိုင်းကိုခုတ်ရင် ဘာတွေများထွက်ကျလာမလဲဆိုတဲ့ အတွေးနဲ့အနောက်ဘက်ကအကိုင်းကို ခုတ်ကြတယ်ခုတ်လိုက်တော့ အဲဒီအကိုင်းကလည်းထမင်းဟင်းတွေ
ထွက်ကျပေးတယ်ကုန်သည်တွေလည်း အားရဝမ်းသာနဲ့စားကြပြီး အံ့သြနေကြတာပေါ့ နောက်တော့ထပ်ပြီးတော့တိုင်ပင်ကြ ပြန်တယ်တောင်ဘက်ကအကိုင်းကို
ခုတ်ကြတယ်အဲဒီအတိုင်းလည်း နဂါးမင်းသ္မီးလေးတွေကိုလူယောင် ဖန်ဆင်းစေပြီးထွက်ကျပေးတယ် ကုန်သည်တွေလည်းအမျိုးသ္မီးတွေနဲ့ ပျော်ကြပါးကြပြီးတော့ ထပ်ပြီးတော့တိုင်ပင်ပြီး
မြောက်ဘက်ကအကိုင်းကိုခုတ်ကြတယ် အဲဒီအကိုင်းကလည်းရွှေငွေကျောက်သံ
ပတ္တမြားတွေကျလာပြန်တယ် ကုန်သည်တွေလည်း အံ့သြပြီးရင်းအံ့သြနေကြတာပေါ့ ရတနာတွေကိုလှည်းပေါ်အပြည့်တင်ကြတယ် တင်ပြီးတော့လောဘက အတောမသတ်နိုင်ဖြစ်နေကြတာပေါ့ ဒီလိုနဲ့ကုန်သည်တွေထပ်ပြီးတော့ တိုင်ကြတယ် ဒီညောင်ပင်ကြီးကို အမြစ်ကနေဖြတ်ကြည့်ကြမယ်တဲ့
အဲဒီလိုတိုင်ပင်ကြတော့ ဘုရားလောင်းကဝင်ပြီးတော့ပြေတယ် အဆွေတို့အဲဒီလိုမလုပ်ကြပါနဲ့
အဆွေတို့စဉ်းစားကြည့်နော်တဲ့
ဒီညောင်ပင်ကြီးကသင်တို့အကျိုးမဲ့မို
ဘာတွေများလုပ်လို့လဲ
ပထမရေကိုပေးတယ်
ဒုတိယထမင်းကိုပေးတယ်
တတိယမိန်းမကိုပေးတယ်
စတုတ္ထရတနာတွေကိုပေးတယ်
ဒီလောက်တောင်သင်တို့အပေါ်မှာ ကျေးဇူးများတဲ့ညောင်ပင်ကြီးကို သင်တို့ကအမြစ်ဖြတ်ပစ်မလို့လားတဲ့ အဲဒီလိုသင်တို့လုပ်ရင် သင်တို့ဟာအရိပ်နေနေအခက်ချိုးချိုးနဲ့ မိတ္တဝါဒီမိတ်ဆွေပျက်တွေပဲတဲ့
အဲဒီလိုပြောတော့ကုန်သည်တွေက
ပြန်ပြောတော့ကိုယ့်အတွက်အကျိုး ရှိမယ်ဆိုရင်အခက်ချိုးရုံတင်မကဘူး အမြစ်ပါဖြတ်သင့်ရင်ဖြတ်ရမယ်တဲ့
ဘုရားလောင်းလည်းတစ်ယောက်နဲ့
အများဆိုတော့ဘယ်လိုမှပြောမရတဲ့အဆုံး ဘေးနားထွက်ထိုင်နေလိုက်တယ်။
ကုန်သည်တွေအမြစ်ဖြတ်မယ်ဆိုပြီး
စခုတ်လိုက်တဲ့အချိန် တချိန်လုံးသဘောကောင်းနေတဲ့ နဂါးမင်းကြီးသဘောမကောင်းနိုင်တော့ဘူး ဟင်မင်းတို့ကငါသဘောကောင်း သလောက်တော်တော်ယုတ်မာကြ ပါလားဆိုပြီး နဂါးစစ်သည်တွေကို လေးမြှားတွေပြင်ခိုင်းပြီး ဟိုထွက်နေတဲ့တစ်ယောက်ကလွဲရင်
ကျန်တဲ့သူတွေကိုကုန်ပစ်သတ်စေ
လို့အမိန့်ပေးလိုက်တယ် ကုန်သည်တွေလည်းမြှားဒဏ်ရာတွေနဲ့
အကုန်လုံးသေကုန်ကြတယ်။
ပြောချင်တာဘယ်သူတွေတရားပျက်ပျက် ကိုယ်ကတရားမပျက်အောင် နေနိုင်ဖို့ပါ သူတို့တောင်လုပ်သေးတာပဲ ငါလည်းလုပ်မယ်ဆိုပြီး
ကိုယ်ကပါလိုက်ပျက်နေရင် ကိုယ်လည်းလူမိုက်ပဲပေါ့ ဒါကြောင့်စိတ်ဓာတ်နဲ့ကိုယ်ကျင့် တရားတွေနိမ့်ကျနေတဲ့လူတွေရဲ့ကြားထဲမှာ
မိမိကတရားမပျက်အောင် တတ်နိုင်သလောက်နေနိုင်စေချင်ပါတယ်။
ဓမ္မသဘောဖြင့်သာမြင်နိုင်ပါစေ။

(အရှင်အာလောက-ရေဝိုင်း)