Monday, October 6, 2014

အတွေ့အကြုံထဲမှ အတွေးအမြင်များ(၃) ✏ အရှင်ဥတ္တရ - ပြည်

အတွေ့အကြုံထဲမှ အတွေးအမြင်များ(၃)

မျှော်လင့်ချက်ထားပြီး လုပ်ရတဲ့အလုပ်တစ်ခုဟာ
အေးချမ်းမလိုလိုနဲ့ ပူလောင်ပါတယ်။
ကိုယ်မျှော်လင့်ထားတဲ့အတိုင်း ဘာမှဖြစ်မလာရင်တော့
သေချာပေါက်ပူလောင်ရမှာ ကျိန်းသေပါတယ်။
တစ်ကယ်လို့ ဖြစ်လာရင်လည်း
ကိုယ်မျှော်လင့်ထားတဲ့အတိုင်း
ထပ်တူကျဖို့မလွယ်ပါဘူး..
အဲဒီ့အခါကျ အလိုမကျမှု့တွေနဲ့
ပူလောင်ရဦးမှာပါပဲ။
ဒါ့ကြောင့် ဘယ်အလုပ်ပဲဖြစ်ဖြစ်
မျှော်လင့်ချက်မထားပဲ မိမိဘက်က
အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ပေးလိုက်တာက
အကောင်းဆုံးပါ။

အရှင်ဥတ္တရ - ပြည်

No comments:

Post a Comment