Tuesday, September 30, 2014

ဘယ်တစ်ခုမှ မမြဲပါ ✏ နာယက (ကျီးသဲ)

"ဘယ်တစ်ခုမှ မမြဲပါ"


တိုက်တာမိုးမြေ စိန်ရွှေတွေနဲ့
တွေတွေသင်းစု ဘယ်တခုမျှ
ပျက်မူနဲ့ဆိုင် သင်မပိုင်ဘူး....
အခိုင်မမာတင်ငါငါနှင့် သူငါစွဲဆို
သင်၏ကိုလည်း သင်လိုရာရာမလိုက်ပါပဲ
ဘာသာရောက်ရား သဘောအားဖြင့်
လေးပါးကြောင်းအင် ပြုစီရင်သော်
ဖြစ်ချင်တာတိုင်း ပျက်ချင်တိုင်းမို့
မဆိုင်ပုံသေဖြစ်လင့် ချေဟု
သုံးထွေသာသနာ ထွန်းခိုက်ခါတွင်
သဘာမြင့်မောက် ကံကောင်းထောက်၍
တစ်ယောက်ထူးလေ ဖြစ်ပလေစေဟု
အတည်နှလုံး စွဲယူသုံးလျှက်
မြင့်ဆုံးမြင့်လှဒီဘဝဝယ်
လောကနယ်တွင်း ကျွန်စရင်းမှ
လွတ်ကင်းစိမ့်ငှာ လေးသစ္စာကို
ယထာဘူတ နေတိုင်းတလျှင်
ခဲမအသွယ်သွယ် ဒို့ဖြစ်ချေသော်
လေးခွင်ပယ်လင့် နှောင်းကြိုးတင်းလျှက်
မြုံမြဲမြုံအောင် သင့်ကိုဆောင်လိမ့်
အမောင်ကိလေ မိုက်မီးထွေကို
မိုက်မီးထွေ၏

နာယက (ကျီးသဲ)ရွှေတောင်

Sunday, September 28, 2014

မိမိဘယ်နေရာပဲရောက်ရောက်✏ မိုးတိမ်

မိမိဘယ်နေရာပဲရောက်ရောက်
မိမိရဲ့ပတ်ဝန်းကျင်အသိုင်းအဝန်းမှာ
သမိုင်း မှတ်တိုင်ကောင်းအောင်
ရေးထိုးနိုင်ခဲ့ရမယ်


မိုးတိမ်

ဘုရားပေးသောချမ်းသာနည်း ✏ အရှင်ဝေပုလ္လ( ရွှေမြေ )

ဘုရားပေးသောချမ်းသာနည်း

ဘုရားရှင်ဟာ အဂုင်္တ္တရနိကာယ် အဋ္ဌကနိပါတ် ဒီဃဇာဏုသုတ်မှာ
သမ္ပဒါ( ၈ )ပါးလို့ခေါ်တဲ့
ပစ္စုပ္ပန်ဘဝချမ်းသာနည်း တမလွန်ဘဝချမ်းသာနည်း
ဆိုပြီးချမ်းသာနည်းတွေပေးခဲ့ပါတယ် ဘုရားရှင်က ချစ်သား ချစ်သမီးတို့ အခုပစ္စုပ္ပန်ဘဝမှာချမ်းသာချင်လျှင

်( ၁ )ဥဋ္ဌာနသမ္ပဒါ-ထကြွလုံးလဝီရိယရှိရှိနှင့်
အလုပ် လုပ်ရမယ် စီးပွားရှာရမယ်တဲ့။

( ၂ )အာရက္ခသမ္ပဒါ-စောစောကလုံးလဝီရိယနှင့်
ရှာဖွေထားသည့်ပစ္စည်းကို
မပျောက်ပျက်အောင်
စောင့်ရှောက်ရမယ် ထိမ်းသိမ်းရမယ်။

( ၃ )ကလျာဏမိတ္တသမ္ပဒါ-မိမိကိုယ့်ကိုယ်နည်း
လမ်းကောင်းညွန်ပြသွန်သင်ဆုံးမတတ်သည့်
မိတ်ကောင်းဆွေကောင်းရှိရမယ်။

( ၄ )သမဇီဝိတသမ္ပဒါ-အဝင်ကများပြီး အထွက်ကနည်းအောင်ချွေတာ
သင့်သည့်နေရာချွေတာ သုံးစွဲ
သင့်သည့်နေရာ၌သုံးစွဲတတ်ရမယ်တဲ့
ဘုရားရှင်ကဤလေးပါးနှင့်
ပြည့်စုံလျှင်အခုပစ္စုပ္ပန်ဘဝမှာချမ်း
သာပါတယ်လို့ ဘုရားရှင်
ဟောကြားတော်မူခဲ့ပါတယ်။

နောင်တမလွန်ဘဝချမ်းသာနည်းလေးပါးက

( ၁ )သဒ္ဓါသမ္ပဒါ-ဘုရား တရား သံဃာလို့ခေါ်တဲ့
ရတနာသုံးပါးအပေါ်ယုံကြည်ရမယ်
ကံ ကံ၏အကျိုး
ကိုယုံကြည်ရမယ်။

( ၂ )သီလသမ္ပဒါ-ငါးပါးသီလ ရှစ်ပါးသီလအစရှိသည်နှင့်
ပြည့်စုံရမယ်။
( တနည်း )ကိုယ်ကျင့်သီလ ကောင်းရမယ်။

( ၃ )စာဂသမ္ပဒါ-စွန့်ကြဲ
ပေးကမ်းလှူဒါန်းခြင်းနှင့်ပြည့်စုံရမယ်။

( ၄ )ပညာသမ္ပဒါ-အ ကောင်းအဆိုး အ ကြောင်းအကျိုး အမှား အမှန်
ကုသိုလ် အကုသိုလ်တို့ကို
ဝေဖန်ပိုင်းခြားတတ်သောဉာဏ်ပညာနှင့်
ပြည့်စုံရမယ်
ဤလေးပါးနှင့်ပြည့်စုံလျှင်လည်း
နောင်တမလွန်ဘဝမှာချမ်းသာပါတယ် ချစ်သား ချစ်သမီးတို့ဟုဟောတော်မူခဲ့၏

ဤသည်ကားဘုရားပေး
သောချမ်းသာနည်းတည်း။

အရှင်ဝေပုလ္လ( ရွှေမြေ )
ဝါးဖြူတောင်ကျောင်းတိုက်

Wednesday, September 24, 2014

သေခြင်းတရား - နှင်းဆီဝိုင်

သေခြင်းတရား

သေမင်းနောက်ကို
တကောက်ကောက်လိုက်ပါသွားပြန်ပြီ
တယောက်တဲ့လား နေ့မြင်ညပျောက်
မမြဲခြင်းရဲ့ တရားတဲ့လား
အတ္တတွေဆုပ်ကိုင် မာနတွေဇွတ်ကြီး
ပိုင်ဆိုင်ခြင်းတွေများခဲ့သမျှ
ဘဝတခုရဲ့အဆုံးသတ် သွားရာလမ်းမှာ
ဘာတခုမှမယူနိုင်ပါလား
ခန္ဓာကိုယ်ရဲ့အတ္တဘောတောင်
လူတကာပို့မှသင်္ချိုင်း
ရောက်သတဲ့လား
ငါ ငါ ငါစွဲ ချွတ်ကာထားလို့
အိုလူ့ဘဝ
စွန့်သွားပါရတကား
အနိစ္စ ဒုက္ခ အနတ္တ ပါလား . . .

နှင်းဆီဝိုင်

မင်္ဂလာပြဿနာ နှင့် အချစ်ပြဿနာ

မင်္ဂလာပြဿနာ နှင့် အချစ်ပြဿနာ

ဘုရားရှင်လက်ထက်၌
နတ်နှင့်တကွသော လူတို့သည်
မင်္ဂလာဟူသည်အဘယ်နည်းဟု
သိလိုကြသည့်အတွက်
တစ်ဦးနှင့်တစ်ဦး တစ်ယောက်နှင့်တစ်ယောက်လိုက်၍
မေးမြန်းကြသည့်အခါ နတ်နှင့်တကွသော လူတို့သည် ကိုယ်သိရာ ကိုယ်ထင်ရာ ကိုယ့်အယူအဆနှင့်ကို
ဖြေ ခဲ့ကြလေသည် ထိုသို့ဖြေဆိုခဲ့ကြ့သော်လည်း
တစ်ခု တည်းမှန်ကန်တိကျသော
အဖြေကိုမရခဲ့ကြသည့်အတွက်
နောက်ဆုံးဘုရားရှင်ထံသို့
သွားရောက်မေးမြန်းခဲ့ရသည်
ဘုရားရှင်သည် မင်္ဂလာဟူသည်
မကောင်းမူအကုသိုလ်တို့ကို
ပယ်ဖျောက်တတ်သောကြောင့်
မင်္ဂလာဟုဖြေကြားတော်မူခဲ့သည့်
အတွက်မင်္ဂလာဟုဆိုသည့် မှန်ကန်တိကျသည့်
မင်္ဂလာဆိုသည့်ကိုသိခဲ့ကြရသည်
ယ္ခုလည်း အချစ်ဟူသည်
အဘယ်နည်းဟုမေးမြန်းကြသည့်အခါ လောကလူသားအားလုံးတို့သည်
ကိုယ်သိရာ ကိုယ်ထင်ရာ ကိုယ့်အယူအဆ
နှင့်ကိုဖြေကြသည် ဖွင့်ဆိုကြသည် ထိုသို့ဖြေကြ ဖွင့်ဆိုကြသော်လည်း
တစ်ခုတည်းမှန်ကန်တိကျသည့်အ ဖြေကိုမရသေး သည့်အတွက် အခုအချစ်ဟူသည်အဘယ်နည်းဟု
မည်သူကိုသွားရောက်မေးမြန်းရမည်နည်း ။
ဟယ် ဟယ် ဟယ်ကျွန်ုပ်
လည်းအခုကိုယ်သိရာ ကိုယ်ထင်ရာ ကိုယ့်အယူအဆနှင့်ကို ဖြေဆိုရမည်ဆိုလျှင် အချစ်ဟူသည်ဝေဒနာဟုဖြေဆိုပါမည်
အဘယ်ကြောင့်ဆိုသော် ကိုယ်ချစ်သောသူနှင့်အဆင်ပြေ
နေသည့်အချိန်တွင်
သာယာကြည်နုးပျော်ရွှင်သည့်
သုခ ဝေဒနာကိုခံစားရသည်
အဆင်မ ပြေသည့်အချိန်တွင်ဆင်းရဲခြင်း ဒုက္ခဝေဒနာခံစားရသည်
မည်သို့မျှညှိနိုင်း၍မရသည့်အချိန်တွင်
လျစ်လျူရှု့ခြင်းဆိုသည့်
ဥပေက္ခာဝေဒနာပြုလိုက်ရသည့်
အတွက်ကြောင့် အချစ်ဟူသည်
ကို ဝေဒနာ ဟုယူဆရခြင်းပါ ။

ဟိုး ဟိုး ဟိုး အခုကျွန်ုပ်ရေးတဲ့စာကိုဖတ်ပြီး
ဝေဖန်ပါ သို့သော်မကဲ့ရဲ့ပါနှင့်အကြံပေးပါ

အရှင်ဝေပုလ္လ( ရွှေမြေ )
ဝါးဖြူတောင်ကျောင်းတိုက်

Monday, September 22, 2014

ညီမလေးသို့.... ဆောင်းဦးနွေ - ထုံးဘို

ညီမလေးသို့....

ဘဝဆိုတာ
ခဏလေးတိုတိုလေးပါ
အဲဒီခဏလေးရတဲ့ဘဝမှာ
ညီမလေးရဲ့ ရက်စက်ခြင်းတွေက
ထာဝရလွတ်မြောက်ခွင့်ရပါရစေ......
အငြိုးအတေးတွေရှိခဲ့ရင်
အဲဒီအငြိုးအတေးတွေ ပြေပါစေတော့
မောင့်ဘဝမှာမဖြစ်ချင်တာတွေ ဖြစ်ခဲ့ရတယ်
အဲဒီမဖြစ်ချင်တာတွေအားလုံးကို
လောကဓမ္မတာလို့
နှလုံးသွင်းနိုင်ခဲ့ပေမဲ့
ညီမလေးရဲ့ရက်စက်ခြင်းကို
ခံနေရတဲ့အဖြစ်ဆိုးကိုတော့
မောင်တကယ်မခံစားနိုင်ဘူး
ညီမလေးရယ်...

ဆောင်းဦးနွေ - ထုံးဘို

ပျင်းသောသူသည် ...... အရှင်ဝေပုလ္လ( ရွှေမြေ )

ပျင်းသောသူသည် အတတ်ပညာမရှိ
အတတ်ပညာ မရှိသောသူသည်
ဥစ္စာမရှိ ဥစ္စာမရှိသောသူသည်
မိတ်ဆွေမရှိ မိတ်ဆွေမရှိသောသူသည်
ချမ်းသာမရှိ ချမ်းသာမရှိသောသူသည်
ကောင်းမူမရှိ ကောင်းမူမရှိသောသူသည်
နိဗ္ဗာန်မရနိုင် ။

(သမ္မတဆယ်စောင်တွဲ)

အရှင်ဝေပုလ္လ( ရွှေမြေ )
ဝါးဖြူတောင်ကျောင်းတိုက်

Saturday, September 20, 2014

သညာသိနှင့်ပညာသိ

*ဘယ်လောက်ပင်စားရစားရ
တစ်ဝမ်းဝရုံပဲ။

*ဘယ်လောက်ပင်ဝတ်ရဝတ်ရ
အရေပြားဖုံးရုံပဲ။

*ဘယ်လောက်ပင်အိပ်ရနေရ တစ်ကိုယ်စာလေးပဲ။

*ဘယ်လောက်ပင်ပစ္စည်းဥစ္စာရှိရှိ ထားပစ်ခဲ့ရတာချည်းပဲ။

*ကုသိုလ်ပြုလျှင် ကိုယ့်ဖို့ l
ကျန်ခဲ့လျှင် သူများဖို့ဟု မှတ်သားသင့်၏။

(သညာသိနှင့်ပညာသိ-နှာ/၅၂၃)

အရှင်ဥတ္တရ ( ပြည် )

Friday, September 19, 2014

ဆုံစည်းခွင်​(​ရေ​ပျော်​ငှက်​)

ဆုံစည်းခွင်​(​ရေ​ပျော်​ငှက်​)

နီးလျက်​နဲ့ မဆုံနိင်​တဲ့
ငါတို့နှစ်​​ယောက်​ဟာ
တစ်​​ယောက်​ကိုတစ်​​ယောက်
လွမ်း​နေမယ်​ဆိုတာသိတယ်
ဘ၀အစဉ်​လှိုင်းမလှ ကံကြမ္မာ​ကြောင့်
ငါတို့နှစ်​​ယောက်
တစ်​​ယောက်​ကိုတစ်​​ယောက်
နားလည်​မှုရှိရှိနဲ့ ချစ်​​နေတုန်းဆိုတာ
ငါတို့နှစ်​​ယောက်​ဘဲသိတယ်
ကံတရား​ကြောင့်​​ ​နောက်​ဘ၀မှာ
ဆုံစည်းခဲ့ရင်​ ရှင်​​တော်​ဘုရားရှေ့မှာ
မင်းနဲ့ထာဝရလက်​တွဲ​ဖော် ဖြစ်ရပါလို၏
တောင်းဆု​ခြွေခဲ့ပါတယ်

ဗုဒ္ဓ၏ဝိဘဇ္ဇဝါဒတရားတော် ( အရှင်အာလောက-ရေဝိုင်း )

ဗုဒ္ဓ၏ဝိဘဇ္ဇဝါဒတရားတော်

အို...အချင်းကာလာမအနွယ်တို့
သင်တို့သည်အယူဝါဒတစ်ခုကို
တစ်ဆင့်ကြားသဖြင့်လည်း
အမှန်လို့မယူကြနဲ့
ရှေးအစဉ်လာစကားဖြစ်၍လည်း
အမှန်လို့မယူကြနဲ့
ဤသို့ဖြစ်ဖူးသတဲ့ဆိုသဖြင့်လည်း
အမှန်လို့မယူကြနဲ့
ကျမ်းဂန်နှင့်ညီညွတ်သည်
ဆိုရုံဖြင့်လည်း
အမှန်လို့မယူကြနဲ့
နည်းမှီ၍ယူခြင်းမျိုးဖြင့်လည်း
အမှန်လို့မယူကြနဲ့
အကြောင်းအချင်းအရာကို ရှာကြံထောက်ပြညီညွတ်သည်ဆိုရုံဖြင့် အမှန်လို့မယူကြနဲ့
မိမိတို့ကြံစည်လက်ခံထားသော
အယူနှင့်ကိုက်ညီသည်ဆိရုံဖြင့်
အမှန်လို့မယူကြနဲ့
လက်ခံထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်ရုံဖြင့်အမှန်လို့မယူကြနဲ့
မိမိတို့လေးစားထိုက်သောဆရာ၏
စကားဖြစ်ရုံဖြင့်အမှန်လို့မယူကြနဲ့။
သင်တို့သည်မိမိတို့ကိုယ်တိုင်
ဤတရားတို့သည်အကုသိုလ်တရားတည်း။ ဤတရားတို့သည်အပြစ်ရှိသောတရားတို့တည်း။ ဤတရားတို့သည်ပညာရှိတို့ ကဲ့ရဲ့အပ်သောတရားတို့တည်း။
ဤတရားတို့နှင်ပြည့်စုံလျှင်
ဤတရားတို့ကိုဆောက်တည်လျှင်
အကျိုးမဲ့ခြင်းဆင်းရဲခြင်းငှါ ဖြစ်ကြကုန်၏ဟုသိကြသောအခါ
ထိုတရားတို့ကိုပယ်ကြကုန်လော့။
ဤတရားတို့သည်ကုသိုလ်တရားတို့တည်း။ ဤတရားတို့သည်ပညာရှိတို့ ချီးမွမ်းအပ်သောတရားတို့တည်း။
ဤတရားတို့နှင့်ပြည့်စုံလျှင်
ဤတရားတို့ကိုဆောက်တည်လျှင်
အကျိုးရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်၏ဟု သိကြသောအခါ ထိုတရားတို့ကိုဆောက်တည် ကျင့်သုံးကြကုန်လော့။

(အရှင်အာလောက-ရေဝိုင်း)

ချစ်ရသူသို့... (ဆောင်းဦးနွေ-ထုံးဘို)

ချစ်ရသူသို့...

ချစ်သူရေ...
ရင်ထဲကဝေဒနာတွေကို
ဖြေသာဖို့နေနေသာသာ
မရေရာတဲ့ကိုယ့်အနာဂတ်ဆီ
ဝေဒနာရဲ့စေခိုင်းမှုနဲ့
ခြေရာတွေလိုက်လာမှာ
ကြောက်မိတယ်
ဝမ်းနည်းကြေကွဲနာကျင်ခြင်းတွေဟာ
ကိုယ့်အတွက်အဖော်တွေပဲလား
ပြောပါချစ်သူရယ်
ကံတရားကိုအပြစ်တင်ချင်ပေမဲ့
အပြစ်တင်လို့မရသလို
ချစ်သူကိုမေ့ပျောက်ဖို့လည်း
စိတ်ကူးထဲတောင်မထည့်မိပါဘူး
ဒိုင်မရှိတဲ့အချစ်ပြိုင်ပွဲမှာ
အရှုံးပေးလိုက်ရပေမဲ့
နောက်ဆုံးအချိန်အထိ
အားတင်းထားခဲ့တယ်ဆိုတာ
ချစ်သူသိပါ။

(ဆောင်းဦးနွေ-ထုံးဘို)

လူ့ထံသို့(၃) (အရှင်အာလောက-ထုံးဘို)

လူ့ထံသို့(၃)

လူတွေဟာများပြားလွန်းတဲ့ ပြဿနာတွေကိုလက်ယပ်ခေါ်ပြီး
တစ်ဦးတစ်ယောက်ဆီကို ခေါ်လာတတ်ကြပါတယ်
ပြဿနာဆိုတာအရှုပ်အရှင်းကို
အခြေခံပြီး ပူလောင်စေတဲ့
အရာဖြစ်ပေမဲ့ အဲဒီပြဿနာက သူ့ဖာသာသူအတိတ်မေ့နေတာပါ
သူ့ဖာသာသူအထီးကျန်မှုတွေကို သိမ်းကျုံးယူပြီးတစ်ယောက်ထဲ ရပ်တည်နေတာပါ ခက်တာက လူတွေကအဲဒီပြဿနာကို မီးထွန်းပြီးမတွေ့တွေ့အောင် ရှာကြတယ် မဖြစ်ဖြစ်အောင် တမင်ဖန်တီးလုပ်ယူကြတယ်
အတောင်မပါတာကို အတောင်တပ်ပေးကြတယ်
တကယ်တော့...
အိပ်ပျော်နေတဲ့ကျားကို
နှိုးကြတာလူတွေပါပဲ
အသက်မရှိတဲ့ကျားကို
အသက်သွင်းပေးကြတာလည်း လူတွေပါပဲ ဒါပေမဲ့ သူတို့ ဖန်တီးယူတဲ့ပြဿနာက
သူတို့ကိုပြန်ပြီးပူလောင်မှုတွေ ပေးတာကိုသူတို့မသိကြဘူးလေ။

(အရှင်အာလောက-ထုံးဘို)

Thursday, September 18, 2014

အတွေ့အကြုံထဲမှ အတွေးအမြင်များ(၁) ✏ အရှင်ဥတ္တရ( ပြည် )

အတွေ့အကြုံထဲမှ အတွေးအမြင်များ(၁)

အလိုက်မသိသော လူများသည်
ပမာရိုင်းရိုင်းနှိုင်းပြရလျှင် တိရိစ္ဆာန်များနှင့် သိပ်မခြားပေ။
တိရိစ္ဆာန်တို့သည် ကိုယ်ချင်းစာတရားမထား
ကိုယ့်အတွက်သာ ကိုယ်ကြည့်ကြသကဲ့သို့
အလိုက်မသိသော လူများသည်လည်း
ကိုယ့်အတွက်ကြောင့် သူတစ်ပါး
စိတ်အနှောင့်အယှက်ဖြစ်သွားမည်ကို
ကိုယ်ချင်းမစာ
"ဘယ်သူသေသေ ငတေမာရင်ပြီးရော"ဟူသည့်
အတ္တတရား လက်ကိုင်ထားကာ
မိမိစိတ်ချမ်းသာဘို့ တစ်ခုတည်းသာ
ကြည့်တတ်ကြလေ၏။

အရှင်ဥတ္တရ( ပြည် )

ရသစာစု ✏ အရှင်ဥတ္တရ ( ပြည် )

လောဘကို နိုင်မှ လောကကို နိုင်မည်...
( ဦးရွှေအောင် )

အရှင်ဥတ္တရ ( ပြည် )

Wednesday, September 17, 2014

သွေးစွန်း​နေ​သောပြည်​ မျိုးဆက်​ ​အောင်​သာ

သွေးစွန်း​နေ​သောပြည့်

♥♥♥♥♥ ♥

အဲ့ဒီ​သွေးစက်​က
အမိ​မြေအတွက်​ဆိုရဲတယ်​။

သူတို့ရဲ့​ချွေးစက်​​တွေကလဲ
မြန်​မာပြည်​အတွက်
အေးစက်​​နေတုန်းပါပဲ။

သူတို့​နေပူထဲမှာ ပင်​ပန်းခဲ့သမျှ
ယ​နေ့​နေရိပ်​ထဲမှာ
အားလုံး-အားလုံး​ပေါ့--
သို့​သော်​-


တစတစနဲ့ တသသစီးဝင်
ရေငံဝင်​​တော့ ​ရေချိုပျက်
သူတို့ပြည်​ကြီးလဲပျက်​​တော့မယ်​။

တမံကမလုံ စည်းရိုးကလဲမခိုင်
အားလုံးကရိုင်​နဲ့နဲ့ လူဖြူကိုလူမဲစွက်
အမျိုးကလဲပျက်​​နေပြီ။

အဘိုးအဘွားတို့​ရေ....
စိတ်​ချစွာထားခဲ့တာလား...
စိုးရိမ်​စွာပဲအပ်​ခဲ့တာလား...
နောင်​လာ​နောင်​သားမှတ်​တမ်းမှာ​တော့
သမိုင်းကကြမ်းသွားပြီ။

သီချင်း​တွေကလဲဆိုတယ်
ကဗျာ​တွေကလဲ​ရေးတယ်
ငါတို့အမျိုးစည်းရိုးထိုး၍
ကာသင့်​ရင်​လဲကာရမည်​တဲ့
ယ​နေ့​ခေတ်​မှာ
က​လောင်​နဲ့လက်​စွမ်းပြလို့က​တော့
လက်​ပမ်းကျရုံပါပဲ။

ကျွန်​​တော်​လဲအတူတူပဲ​လေ
မြန်​မာကို​ဆေးမင်​ရည်​နဲ့
စုတ်​ထိုးတုန်းပေါ။

တိုင်းရင်းသားတို့​ရေ....
ဘိုးဘွားတို့ ​သွေးကျတဲ့ဒီ​မြေ
တစက်​​လေး​တောင်​မ​ပေးနိုင်​ဘူး​နော်​။

ဘိုးဘွားတို့မျိုးဆက်
အပျက်​မခံနိုင်​ဘူး​​။ ။

မျိုးဆက်​ ​အောင်​သာ။ ။

လူ့ထံသို့(၂) (အရှင်အာလောက-ရေဝိုင်း)

လူ့ထံသို့(၂)

လောကမှာရှိတဲ့လူတွေကို မခင်လို့မရဘူး
မိတ်ဆွေအဖြစ်မပေါင်းသင်း လို့မရဘူး ခင်ခင်မင်မင်နဲ့ခေါ်ရပြောရ တစ်ဦးနဲ့တစ်ဦး အကူအညီယူကြရပါတယ်။ ဒါပေမဲ့ခက်တာက လောကမှာရှိတဲ့လူသားတွေဟာ မိတ်ဆွေတွေမိတ်ဆွေယောင်တွေ အများကြီးရှိနေပါတယ်
ပြုံးသလိုလိုနဲ့ ရင်ထဲမှာငိုနေတာ
အလိုလိုက်သလိုလိုနဲ့ ရက်ထဲမှာခံပြင်းနေတာ ကြည်ဖြူသလိုလိုနဲ့ရင်ထဲမှာဒေါသဖြစ်နေတာ အဲဒီလူတွေအများကြီးပဲ အဲဒါတွေကမိတ်ဆွေတုတွေ မိတ်ဆွေယောင်တွေပဲပေါ့ အဲဒီလူတွေကိုဝေးဝေးကရှောင်ပါ ကိုယ်ကဝေးဝေးကရှောင်လေ.... အဲဒီလူရဲ့ရင်ထဲမှာခံစားရလေပါပဲ ဒါပေမဲ့ကိုယ့်ကိုဓားနဲ့ထိုးမဲ့သူကို ကျောပိုးထားမိရင်တော့ ကိုသာလျှင်တရားခံပဲပေါ့။
အပြောချိုချိုနဲ့ အပြုံးမြမြပြုံးပြပြီး
လိုလားဟန်ပြနေတဲ့လူရဲ့မျက်လုံးက စကားပြောတတ်ကြပါတယ်
ရင်ထဲမှာဖြစ်ပေါ်နေတဲ့ မနာလိုစိတ်က မျက်လုံးမှာလာပြီး ထင်ဟပ်နေစမြဲပါ အဲဒီလိုလူတွေကိုဝေးဝေးကသာ ရှောင်ရှားစေချင်ပါတယ်။

(အရှင်အာလောက-ရေဝိုင်း)

Monday, September 15, 2014

သီလသိက္ခာ - အရှင်ဥတ္တရ-ပြည် ခေတ္တ လူ့ဘုံ

ထိုသီလသိက္ခာ ကောင်းစွာမစင်
ပုထုဇဉ်ဆိုး ရဟန်းမျိုး၏
ဒကာ,ဒကာမ သဒ္ဓါကြွ၍
ထာဝရလှူဒါန်း စားဖွယ်ဆွမ်းသည်လည်း
အရှိန်ရဲရဲ မီးလျှံစွဲသည့်
သံခဲသံလုံး သံတုံးတွေနှင့်တူလှလေ၏။

ကိုယ်ဝယ်ဆင်မြန်း ဝတ်သင်္ကန်းသည်
အရှိန်ကြီးမား မီးလျှံဝါးသည့်
သံပြားကြီးနှင့် တူလှလေ၏။

သွားရပ်ထိုင်လျောင်း နေရာကျောင်းသည်
ဝန်းကျင်တောက်ပြောင် ရဲရဲလောင်ငြီး
သံအိုးကြီးနှင့် တူလှလေ၏။

လူသူအားလုံး များညွတ်ရုံးလျက်
ရွှင်ပြုံးကြည်ညို ရိုသေမြတ်နိုး
လက်အုပ်မိုး၍ ရှိခိုးကြခြင်းသည်
အရောင်လက်လက် မြမြထက်သည့်
လှံရွက်ကိုမိုး ဝိုင်း၍ထိုးသည်နှင့်
တူလှလေသတည်း။

(ရတနာ့ဂုဏ်ရည်- နှာ/၁၅၇)

အရှင်ဥတ္တရ-ပြည် ခေတ္တ လူ့ဘုံ

လူ့ထံသို့(၁) - (အရှင်အာလောက-ရေဝိုင်း)

လူ့ထံသို့(၁)

မဆုံးသောလမ်းမတစ်ခုကို
လျှောက်လှမ်းနေရသလိုပါပဲ
ဘဝတစ်ခုကိုပိုင်ဆိုင်ခဲ့ရပြီဆိုရင်
ရှည်လျားသောလမ်း
ရှည်လျားသောသံသရာကြီးထဲမှာ
သတ္တဝါတွေဟာဒုနဲ့ဒေးပေါ့။

အဲဒီအထဲမှာတချို့က ကံစီမံရာအတိုင်းအဘက်ဘက်က
ပြည့်စုံကြွယ်ဝကြတယ်
တချို့ကြတော့လည်း ကံစီမံရာအတိုင်းပဲ ဆင်းရဲမွဲတေစွာနေကြရတယ်။

တကယ်တော့ အဓိကတရားခံဟာ
ကံတရားပါပဲ ဒါပေမဲ့
သတ္တဝါတွေဟာအဲဒီကံကိုပဲ
အပြစ်ပုံချပြီးဝေဖန်နေကြတယ်
ကံဆိုတာအလုပ်မှန်း သူတို့မသိကြဘူး
ဘဝတစ်ခုမှာ ကောင်းတဲ့ကံတွေကို
လုပ်ကြမယ်ဆိုရင် နောင်ရလာမဲ့ဘဝမှာ
ကံတွေကောင်းကြမှာကို သူတို့မယုံကြဘူး အခုဘဝမှာ
ကံတွေကောင်းနေကြတဲ့သူတွေဟာ
အတိတ်ကကောင်းတဲ့
ကံတွေနဲ့အခုပစ္စုပ္ပန်မှာလုပ်တဲ့
ကောင်းတဲ့ကံတွေကြောင့်
ကံတွေကောင်းနေကြတာပါ။

ဒါကြောင့်မပြေလည်တာတွေကို ကံတရားကိုအပြစ်ဖို့နေမဲ့အစား
ကံတွေကောင်းစေဖို့
ကောင်းတဲ့ကံဆိုတဲ့အလုပ်ကလေး
တွေကိုများများလုပ်ကြည့်စေချင်ပါတယ်။

(အရှင်အာလောက-ရေဝိုင်း)

သို့လော သို့လော နှမငယ် (လျှို့ဝှက်လွမ်း)

သို့လော သို့လော နှမငယ် (လျှို့ဝှက်လွမ်း)

သိပ်လှပြီလို့
ဂုဏ်မယူပြနဲ့ဦး နှမငယ်
စိတ်ကြွဖွယ်ရာ အဝတ်အစားတွေနဲ့
အတိတ်ဘဝကဝဋ်ကြွေးတစ်ခုကြောင့်
ကိုယ်ခန္ဓာ မလုံ့တလုံ
ခြုံငုံကာပြောရရင်
ချောနှမရဲ့ အဆင်အပြင်ဟာ
ဝဋ်ကြွေးကြောင့်လား
အဝတ်မလောက်လို့လား
ဒါမှမဟုတ့့် .့ 
ကြော်ငြာတာလား- - - -

လျှို့ဝှက်လွမ်း

မှတ်ချက် / / ယဉ်ကျေးမှုပျောက်ပြီးလူမျိုးပါပျောက်သွားမှာစိုး၍ ရေးခြင်းသာဖြစ်ပါသည်

ရဲရဲတောက်ငါတို့ ဘဝ - သုမန(ရံသီ)

ရဲရဲတောက်ငါတို့ ဘဝ

သူငယ်​ချင်း
ဘီစီ၂၉နဲ့၁၇ကြား ခဏ​လေးပြန်
သွားကြည့်​လိုက်​စမ်းပါ
ဟိုမှာ​တွေ့လား........
ဝဋ္ဋဂါမဏိမင်းလက်​ထက်
အငတ်​​ဘေးသင့်​​​နေတဲ့ ရဟန်း​တော်​​တွေ
သူတို့ဟာ ထမင်းဆာရင်​​ ရေကို​သောက်​ ​ရေဆာရင်​လည်း​ရေကို​သောက်
ရေ​သောက်​ပြီးဗိုက်​​မှောက်
သာသနာမ​ပျောက်​ဖို့အတွက်
သူတို့ရဲ့အသက်​​တွေကို
သစ်​ရွက်​​လေးတစ်​ရွက်​လို
ဝါးခက်​​လေးတစ်​ခက်​လို
သာသနာအတွက်​သူတို့ဟာ
တကယ်​ပဲ ​သေမှာမ​ကြောက်​ ရဲရဲ​တောက်
သူတို့ဟာ​ခေတ်​မ​ကောင်း​ပေမယ့်
ရူးချင်​​ယောင်​မ​ဆောင်​ခဲ့ဘူး
တကယ်​လို့သာ သူတို့​ပေါ့ခဲ့ရင်
တကယ်​လို့သာ သူတို့​လျော့ခဲ့ရင်
ဒီသာသနာကို ငါတို့
မြင်​ခွင့်​ရမှာမဟုတ်​သလို
ဒီစာကိုလည်းငါတို့သင်​ခွင့်​ရမှာ
မဟုတ်​ဘူး
အဲ့ဒီအတွက်​ ကြီးမြတ်​သူတို့ရဲ့
ဂုဏ်​​တော်​​တွေကို ပုံ​ဖော်​ကာ
အကြိမ်​ကြိမ်​ ဦးချ ဖူးမ၀ခဲ့.............
သူတို့အ​​ကြောင်း​တွေးရင်
သူတို့​သွေး​တွေ
ရင်​ထဲစီးဆင်းလာရမယ်
တကယ်​လို့သာဆိုတဲ့​ခေါင်းစဉ်​​အောက်
ငါတို့လည်း အ​ရောက်​မခံ​ကြေး
အဲ့ဒီအတွက်​ သူငယ်​ချင်း
ငါတို့စာကျက်​ရမယ်
ငါတို့စာတက်​ရမယ်
ငါတို့စာပြန်​ရမယ်
ငါတို့စာကြံရမယ်​...................

သုမန(ရံသီ)..........

(ဤကဗျာဖြင့် ပရိယတ္တိသာသနာကို တကယ်ချီးမြှောက်ထမ်းဆောင်နေသော
သာသနာ့အာဇာနည် သံဃာတော်အရှင်သူမြတ်များ ပူဇော်ပါ၏ဘုရား...)

ကာမစက်ကွင်း - အရှင်တေဇနိယ(ရွှေသင်း )

ကာမစက်ကွင်း

ကာမစက်ကွင်း တဏှာတွင်းဝယ်
ဥဒေါင်းမင်းလည်း သတိကင်းလျက်
ဒေါင်းမမယာ တေးသံသာကြောင့်
ဂါထာတရား မေ့ကာသွားလျက်
မုဆိုးလက်တွင်း လှောင်ချိုင့်တွင်းဝယ်
မိခြင်းမမာ ကြုံရသေး၏။
လူပုထုဇဉ် ရဟန်းရှင်တို့
တူယှဉ်ကာနှော မာယာတောဝယ်
မှားဘွယ်ကိစ္စ ပြုသမျှတို့
နောက်မှနောင်တ မရစေချင်
အရာရာတွင် ဉာဏ်နှင့်ယှဉ်ကာ
သွားလာသတိ အမြဲရှိလော့ . . .။
ပစ္စည်း,မာတု ဤနှစ်ခု
ဘိက္ခုသေမင်း ဓားနှစ်စင်း
ရှောင်ကွင်းနိုင်မှ ချမ်းသာရမည်။

အရှင်တေဇနိယ(ရွှေသင်း )
ဝေဠုဝန်ကျောင်းတိုက်-ဝါးဖြူတောင်
ရမည်းသင်းမြို့နယ်

Sunday, September 14, 2014

ဓမ္မစာစု

စေတနာဆိုတာ
စေ့ဆော်တိုက်တွန်းခြင်းပါ
ကုသိုလ်ပဲဖြစ်ဖြစ် အကုသိုလ်ပဲဖြစ်ဖြစ်
ပြုလုပ်မြဲဖြစ်အောင်နောက်က နေ
စေ့ဆော်တိုက်တွန်းပို့ခြင်းသ ဘောကို
စေတနာလို့ခေါ်ပါတယ်

ရသစာစု ( ပြန်လည်မျှဝေသူ) အရှင်ကုမာရ (ရွှေတဲ)

စွန်ဟာ အပေါ်ကိုရောက်ဖို့
လေပြေ လေညှင်းလေရဲ့
အားမာန်ကို ယူပြီး...
ထိန်းချုပ်မှု့ရဲ့
ကြိုးတစ်ချောင်းအောက်မှာ
ပျံသန်းခဲ့ရတယ်။
အောင်မြင့်မှု့ကို လိုချင်သော
ပုဂ္ဂိုလ်များမှာလည်း
ကြိုးစားခြင်းရဲ့ ဝီရိယအားမာန်ယူပြီး...
စည်းကမ်းဆိုတဲ့ ထိန်းချုပ်မှု့အောက်မှာတော့
ရှိနေသင့်တယ်။

( ပြန်လည်မျှဝေသူ)
အရှင်ကုမာရ (ရွှေတဲ)

Saturday, September 13, 2014

ရသစာစု - အရှင်ဥတ္တရ-ပြည်

သူတစ်ပါး၏ အပြစ်တစ်ခုကို
ဆုံးမလိုသော လူတစ်ယောက်သည်
မိမိ၌ ထိုအပြစ်မျိုး
ရှိ,မရှိ ရှေးဦးစွာ ဆင်ခြင်သုံးသပ်သင့်၏။
ရှိလျှင်ကား မဆုံးမအပ်...
ဆုံးမသော်လည်း အောင်မြင်ဖို့မလွယ်။
မရှိသော်ကား ဆုံးမအပ်၏...
ထိုဆုံးမခြင်းသည် အောင်မြင်ရာ၏...

အရှင်ဥတ္တရ-ပြည်
ခေတ္တ လူ့ဘုံ

Friday, September 12, 2014

ဣဿာ' နှင့် 'မုဒိတာ အရှင်ဥတ္တရ-ပြည်

'ဣဿာ' နှင့် 'မုဒိတာ'

လောက၌ လူအချို့သည်
မိမိကိုယ်တိုင်လည်း
ရှေ့က ဦးဆောင်မလျှောက်နိုင်
သူများကျော်တက်မည်ဆိုလျှင်လည်း
လမ်းပိတ်ထားတတ်ကြသည်။
ထိုသူတို့သည် မိမိထက်သာ
မနာလိုတတ်သည့် 'ဣဿာ'တရား
လက်ကိုင်ထားကြသူများတည်း။
လောက၌လူအချို့မှာမူ မိမိကိုယ်တိုင်မှာ
ရှေ့ကဦးဆောင်မလျှောက်နိုင်
သို့သော် သူများကျော်တက်ပါမူ
ဝမ်းသာအားရ လမ်းဖယ်ပေးတတ်ကြသည်။
ထိုသူတို့ကား မိမိထက်သာသော်လည်း
ဝမ်းမြောက်နိုင်ကြသည့်'မုဒိတာ'တရား
လက်ကိုင်ထားကြသူများတည်း။

အရှင်ဥတ္တရ-ပြည်
ခေတ္တ လူ့ဘုံ

အမှန်တရား - အရှင်ဝေပုလ္လ(ရွှေမြေ)

အမှန်တရား

အမှန်တရားဆိုတာ
ပုန်းကွယ် ရှောင်လွဲလို့မရတဲ့
သေခြင်းတစ်မျိုးပါ။

အရှင်ဝေပုလ္လ(ရွှေမြေ)
ဝါးဖြူတောင်ကျောင်းတိုက်

ရသစာစု - အရှင်ဝေပုလ္လ( ရွှေမြေ )

ဟန်ဆောင်ပြီး
လုပ်ရတဲ့အလုပ်ဟာ
စိတ် အမွန်းကြပ်ဆုံး
အလုပ်တစ်ခုပါ။

အရှင်ဝေပုလ္လ( ရွှေမြေ )
ဝါးဖြူတောင်ကျောင်းတိုက်

Thursday, September 11, 2014

သာသနာပြုခြင်း နှင့် သာသနာနှောင့်ယှက်ခြင်း (ဆောင်းပါး) - အရှင်ဥတ္တရ-ပြည်

သာသနာပြုခြင်း နှင့် သာသနာနှောင့်ယှက်ခြင်း

သာသနာပြုခြင်းနှင့် ပတ်သက်၍ (၂၂.၇.၂၀၀၂)နေ့ထုတ် ကြေးမုံသတင်းစာပါ
'သာသနာဟူသည်'ဆောင်းပါး၌ 'ကထိကရဟန်း'က ဤသို့ရေးသားထား၏။

ထိုသို့ အမှန်တကယ် သာသနာပြုနေသူ
(စာချဆရာတော်,တရားပြဆရာတော်,
ဓမ္မကထိကဆရာတော်တို့က သာသနာပြုပုဂ္ဂိုလ်များဟု အမည်မခံဘဲ
အထက်လမ်း,အောက်လမ်း,ဘိုးတော်,
ထွက်ရပ်ပေါက် အစရှိသည်တို့ဖြင့်
စီးပွားရှာနေသူတို့က သာသနာပြုအမည်ခံ 'သာသနာ'ဟူသော စကားလုံးကို
နှုတ်ကမချဘဲ သာသနာ့အလံတွေ တလူလူလွှင့်ထူနေကြ၏။
အတုနှင့်အစစ်တို့မှာ ကွဲပြားခြားနား၏။
အတုတို့သည် ပေါ်လွင်လိုကြ၏။
ဖော်ပြကြ၏။ပေါ်လည်းပေါ်လွင်နေကြ၏။
ပေါ့လည်းပေါ့၏။
အစစ်တို့မှာ မပေါ်လွင်လိုကြ။
မထုတ်ဖော်ကြ။လျှို့ဝှက်ကြ၏။
ထို့ကြောင့်...လူသိနည်း၏။
သို့သော် လေးနက်၏။
အတုတို့၏ လုပ်ငန်းတို့မှာ အကြားအမြင်ပေါက်သလိုလိုလှိမ့်သည်။
အထင်ကြီးအောင် ဟန်ဆောင်သည်။
အသက်ပိုပြောသည်။
ဂဏန်းပေး,အခါပေး,ယတြာလုပ်,
သစ်ပင်ထောင်ပြည့်စိုက်,ညွှန်ကြားလွှာ အမှတ်(၄၁)ကိုမျက်ကွယ်ပြု၍
ဘုရားတွေ စည်းမဲ့ကမ်းမဲ့ ဟိုတည်သည်တည်လုပ်သည်။
'ငါ့ကျောင်းက ဦးဇင်း ဆေးလိပ်သောက်တာ မင်းတို့သာသနာပိုင် ဘုရားတည်တာလောက် အပြစ်မကြီးပါဘူး'ဟူသော စာတတ်အကျော်
ဆရာတော် ဦးဗုဒ်၏ စကားကို
သတိပြုသင့်ကြ၏။
ဤအလုပ်များကို လုပ်ကြသူတို့မှာ
ဘုရားရှင် ပရိနိဗ္ဗာန် စံသောအခါ 'ငါတို့လွတ်လပ်ပြီ လုပ်ချင်တာလုပ်တော့မယ်'
ဟု ဝမ်းသာရွှင်မြူး ရင့်ကျူးပြောဆိုသော
သုဘဒ္ဒမည်သော တောထွက်ရဟန်းကြီး၏
အဆက်အနွယ်များဖြစ်ကြသော တောထွက်ခင်ကြီးများ , ကျမ်းဂန်စာပေအလွတ်ခွာ ကြိုက်ရာထင်တိုင်းကျင့်နေကြသည့်
ပရိယတ္တိ ငယ်ဖြူများ ဖြစ်သည်' ဟူသည်တည်း။
ယခုလည်းကြည့်ပါ...
ဘိုးတော်အောင်မင်းခေါင်ထွက်ပွဲ ဟုဆိုကာ
တောင်ပေါ်တွင် ပွဲများလုပ်၍ အသံချဲ့စက်ဖြင့် နားမခံသာအောင် တဒုန်းဒုန်း
ဖွင့်နေကြလေသည်။
ပါးစပ်မှလည်း 'သာသနာပြုပွဲ'ဟူသည့် စကားကို အထပ်ထပ် သုံးနေကြသည်။
သာသနာဟူသည်မှာ သုံးမျိုးသာရှိပေသည်။
ပရိယတ္တိသာသနာ(စာပေကျမ်းဂန် သင်ကြားပို့မှု့)
ပဋိပတ္တိသာသနာ (ကျင့်ကြံမှု့)
ပဋိဝေဒသာသနာ(ထိုးထွင်းသိမြင်မှု့) တို့ဖြစ်သည်။
ထိုသာသနာသုံးမျိုးတွင်
အထက်ပါဆူပွဲ ညံပွဲ သည် အဘယ်သာသနာကို ပြုပါသနည်း။ သာသနာပြုရာမရောက်သည့်အပြင် သာသနာကိုပင်
နှောင့်ယှက်ရာ ရောက်လေသည်။
အဘယ့်ကြောင့်ဆိုသော် ထိုသို့တောင်ပေါ်ရှိ ဆူညံသံများကြောင့်
တောင်အောက်ရှိ စာသင်တိုက်များမှာ ပရိယတ္တိသာသနာကို သင်ယူပို့ချနေကြသော သံဃာတော်အရှင်သူမြတ်တို့အား များစွာ အနှောင့်အယှက်ဖြစ်ရသောကြောင့်တည်း။
ထို့ကြောင့် ပါးစပ်က သာသနာပြုသည် ဟု အော်နေကြပြီး တကယ့်လက်တွေ့မှာ သာသနာနှောင့်ယှက်သူများ မဖြစ်ကြပါစေရန်
အမုန်းခံ၍ သတိပေးအပ်ပါ၏။

အရှင်ဥတ္တရ-ပြည်
ခေတ္တ လူ့ဘုံ

ကိုးကွယ်မှု့မှားလျှင် - အရှင်ဥတ္တရ - ပြည်

ကိုးကွယ်မှု့မှားလျှင်

အန္ဓပုထုဇဉ် l ဉာဏ်မယှဉ်ကား
အစဉ်မှားလေ့ l ထင်သရွေ့ဖြင့်
လျော့မေ့သတိ l မရှိပညာ
သဒ္ဓါနည်းပါး l အမိုက်အားဖြင့်
တရားမတည် l မကျည်မခိုင်
ယိမ်းယိုင်စောင်းငဲ့ l အယူရွဲ့၏
ဂုဏ်မဲ့တက္ကဒွန်း l ရဟန်းအလဇ္ဇီ
ကျင့်ဒုဿီနှင့် l မညီတရားl သူတို့အားလည်း
ဘုရားရဟန္တာ l အရိယာဟု
မိစ္ဆာစွဲငြိ l မှီဝဲမိက
အသိကျင့်ချွတ် l သုနက္ခတ်သို့
မမြတ်အောက်လျှိုး l ဂတိဆိုး၍
မြန်းညှိုးမယော်ဘိမူကား ။

(မဃဒေဝလင်္ကာသစ်lနိဂမခန်း-၄)

အရှင်ဥတ္တရ - ပြည်
ခေတ္တ လူ့ဘုံ

အချိန် - အရှင်ဝေပုလ္လ( ရွှေမြေ )

အချိန်

အချိန်သည် လူတိုင်းကို
တစ်နေ့( ၂၄ )နာရီ
ပုံသေ ပေးထားသည်
ထိုအချိန်ထက်
မည်သူကိုမျှ ပိုပြီးမ ပေးပါဘူး။
ထိုကြောင့်
ယ နေ့လုပ်ရမည့်
အလုပ်ကို အခုလုပ်ပါ
အချိန်ဆွဲမထားပါနှင့်
တေးမထားပါနှင့်
နေသလိုဖြစ်သည့်
ဘဝ မှာဖြစ်သလို
မ နေပါနဲ့...
လုပ်ချင်သည်ထက်
လုပ်သင့်သည်ကို
လုပ်ဖို့အ ရေးကြီး၏ ။

အရှင်ဝေပုလ္လ( ရွှေမြေ )
ဝါးဖြူတောင်ကျောင်းတိုက်

ဓမ္မစာစု (တရားဟူသည်) - အရှင်ဝေပုလ္လ( ရွှေမြေ )

တရားဟူသည်...
အပူကိုငြိမ်းစေ၏
အ မှောင်ကိုလင်းစေ၏
အချုပ်ကိုရှင်းစေ၏
အမာကိုပျော့စေ၏
ကြမ်းတမ်းသည်ကို
နူးညံ့စေ...
ဤသည် တရားမည်၏ ။

အရှင်ဝေပုလ္လ( ရွှေမြေ )
ဝါးဖြူတောင်ကျောင်းတိုက်

ရသစာစု - အရှင်ဝေပုလ္လ ( ရွှေမြေ )

လူ" တို့၏စိတ်သည်
အလုပ်မရှိလျှင်ပျင်းသည် ။

အရှင်ဝေပုလ္လ ( ရွှေမြေ )
ဝါးဖြူတောင်ကျောင်းတိုက်

ဓမ္မစာစု - အရှင်ဝေပုလ္လ ( ရွှေမြေ )

မမှန်မကန် မရိုးမသားနှင့်
လုပ်ကိုင်ပြောတတ်သောသူသည်
အရာအားလုံးကိုကြောက်နေတတ်၏ ။

အရှင်ဝေပုလ္လ ( ရွှေမြေ )
ဝါးဖြူတောင်ကျောင်းတိုက်

ဓမ္မစာစု - အရှင်ဝေပုလ္လ ( ရွှေမြေ )

ထီမထိုးပဲ ထီမပေါက်ချင်နဲ့
မကြိုးစားပဲ မအောင်မြင်ချင်နဲ့
အလုပ်မလုပ်ပဲ မချမ်းသာချင်နဲ့
အသုံးမချပဲ အသုံးမကျဘူး
မလုပ်ပါနဲ့ ။

အရှင်ဝေပုလ္လ ( ရွှေမြေ )
ဝါဖြူတောင်ကျောင်းတိုက်

သာသနာ့နွယ်ဝင်သိစေချင်၏ - အရှင်ဝေပုလ္လ ( ရွှေမြေ )

သာသနာ့နွယ်ဝင်သိစေချင်၏

ကျောင်းသို့ရောက်လျှင်
ဘုရားရှင်ကို ဦးစွာပထမ
ဦးနိမ့်ချ၍ ပြီးလျှင်တစ်ခါ
မြတ်သံဃာကို ဦးချရာ၏ ။
ရှိခိုး ဝပ်ပြု ဦးချရာတွင်
ထိခြင်းငါးဖြာ ပြည့်စုံစွာဖြင့်
ရိုသေမြတ်နိုး တန်ဘိုးထား၍
ရှိခိုး ဝပ်ပြု ဦးချရာ၏ ။
ဘုရားသားတော် သံဃာတော်နှင့်
ဝါစာစကား ပြောကြားရာတွင်
တင်ပါ့ မှန်ပါ့ တပည့်တော်ဘုရား ဟု
လျှောက်ထားပြောရာ၏ ။
သွားမည် ပြန်မည် ဆိုလို့ရှိလျှင်
သွားလျှင်ဦးချ ကုသိုလ်ရ
ပြန်လျှင်ရှိခိုး ကုသိုလ်တိုး
အကျိုးတကယ် များပေ၏ ။
ဒို့အမျိုးဘာသာ သာသနာကို
မကွယ်အောင်ပ စောင့်ရှောက်ကြ၍
ယဉ်ကျေးလိမ္မာစွာ နေထိုင်ခါဖြင့်
ဗုဒ္ဓဆုံးမ မြတ်ဓမ္မကို မသွေနိစ္စ
လိုက်နာကြသော် ဗုဒ္ဓသာသနာ
ကြာရှည်စွာ ငါးထောင်မကမည် ။

အရှင်ဝေပုလ္လ ( ရွှေမြေ )
ဝါးဖြူတောင်ကျောင်းတိုက်

စည်းကမ်း - အရှင်ဝေပုလ္လ ( ရွှေမြေ )

စည်းကမ်း

စည်ကမ်းဟူသည်....
လူ တစ်ယောက်၏
အဆင့်အတန်းဖြစ်သည်။ တန်ဖိုးလည်းဖြစ်သည်။
စည်း ကိုလည်းမ ကျော်နဲ့
ကမ်း ကိုလည်းမ ဖောက်နဲ့
စည်း ကိုကျော်...
ကမ်း ကိုဖောက်လျှင်
ဒုက္ခရောက်တတ်သည်
ဒုက္ခဟူသည်....
မိမိသွားနေသည့်လမ်းကို
မီးမောင်းထိုးပြ နေခြင်းဖြစ်သည်

အရှင်ဝေပုလ္လ ( ရွှေမြေ )
ဝါးဖြူတောင်ကျောင်းတိုက်

အဓိဋ္ဌာန် - အရှင်ဝေပုလ္လ (ရွှေမြေ)

အဓိဋ္ဌာန်

ငါသည်
ဟိုရှေးဘဝ ကုသလ ကြောင့်
ယခုဘဝ မြင့်မြတ်လှသည့်
ရဟန်းဘဝ ကိုရခဲ့သည်
ယခုဘဝ မြင့်မြတ်လှသည့်
ရဟန်းဘဝ ရနေချိန်ဝယ်
နောက်နှောင်ဘဝ ကောင်းရဖို့တွက်
အများအကျိုး ရွက်သည်ပိုးရင်း
ဓုရနှစ်ဖြာ ကျင့်နှစ်ဖြာကို
ငါသည်ကျိုးကုတ် အားထုတ်မည် ။

အရှင်ဝေပုလ္လ (ရွှေမြေ)
ဝါးဖြူတောင်ကျောင်းတိုက်

Wednesday, September 10, 2014

အားမငယ်နဲ့. - (ရွှေတဲ) အရှင်ကုမာရ

အားမငယ်နဲ့

မပြည့်စုံတဲ့ ဘဝတစ်ခုရောက်တဲ့အခါ
သင် အားမငယ် လိုက်ပါနဲ့။
လမိုက်ညမှာ ပိုးစုန်းကြူလေးလည်း
ဘုရင်ဖြစ်ခွင့် ရှိသေးပါတယ်။

(ရွှေတဲ) အရှင်ကုမာရ

Tuesday, September 9, 2014

သမိုင်း - ညီညီ (ရင်တွင်းဖြစ်)

သမိုင်း

မှန်ရှေ့ရောက်လာ သင့်ရုပ်လွှာကို
ပုံစံမကွဲ အမြင်ကြဲဖို့
ကောင်းမှု့သည်လည်း တောင်းဆုမလို
ပေါင်းဆုပြီးတော့ ထင်ကြံရစ်မှာ

ညီညီ (ရင်တွင်းဖြစ်)

အသိဆိုတာ.... အရှင်ဝေပုလ္လ ( ရွှေမြေ )

အသိဆိုတာ
ကြည့်တတ်မှ
မြင်ပြီ မြင်မှ
သိတာပါ ။

အရှင်ဝေပုလ္လ ( ရွှေမြေ )
ဝါးဖြူတောင်ကျောင်းတိုက်

ရတနာ ( ၃ )ပါးရှိခိုးကိုးကွယ် ပူဇော်,ကန်တော့,ဆည်းကပ်ရခြင်းအကျိုး- အရှင်ဝေပုလ္လ ( ရွှေမြေ )

ရတနာ ( ၃ )ပါးရှိခိုးကိုးကွယ်
ပူဇော်,ကန်တော့,ဆည်းကပ်ရခြင်းအကျိုး

ဘုရား,တရား,သံဃာ ဤသုံးဖြာကို
ယုံကြည်စွာနှင့် နေ့စဉ်မပြတ်
ရိုသေမြတ်နိုး တန်ဘိုးထား၍
ရှိခိုးကိုးကွယ် ပူဇော်ကန်တော့
ဆည်းကပ်ကြ့သော်
တန်ခိုးပညာ ဥစ္စာရရှိ
ဣစ္ဆတိပြည့်စုံ
အပါယ်လေးဘုံသို့ မကျမရောက်
နိဗ္ဗာန်ရောက်သည်
ဤကား...ရတနာသုံးပါး
ရှိခိုး ကိုးကွယ် ပူဇော် ကန်တော့ ဆည်းကပ်ရခြင်းအကျိုးတည်း ။

အရှင်ဝေပုလ္လ ( ရွှေမြေ )
ဝါးဖြူတောင်ကျောင်းတိုက်

ရသစာစု - အရှင်ဝေပုလ္လ ( ရွှေမြေ )

ဆင်းရဲသောသူ
အလိုချင်ဆုံးသောအရာသည် ချမ်းသာမူဖြစ်၏ ။

အရှင်ဝေပုလ္လ ( ရွှေမြေ )
ဝါးဖြူတောင်ကျောင်းတိုက်

(ရသစာစု) ဘဝတန်ဘိုး.... အရှင်ဥတ္တရ -ပြည်

ဘဝတန်ဘိုး....

သိပ္ပံပညာအရ
တစ်ရက်လျှင်( ၆ )နာရီခန့် အိပ်မှသာ
ကျန်းမာရေးနှင့် ညီညွတ်နိုင်၏။
ကျန်းမာရေးအရ
တစ်ရက်( ၆ )နာရီခန့် အိပ်မည်ဆိုပါက
တစ်ရက်တွင် (၂၄)နာရီ ရှိသောကြောင့်
တစ်ရက်၏( ၄)ပုံ (၁)ပုံ
အိပ်လိုက်သည်မည်၏။
ထို့ကြောင့်....
လူ့ဘဝသက်တမ်း၏ (၄)ပုံ (၁)ပုံသည် အိပ်ချိန်ထဲသို့ အလိုလိုရောက်သွားပေပြီ။
ယခုအခါ ဂေါတမမြတ်စွာဘုရား၏
သာသနာ ( ၂၅၀၀)ကျော်သို့
ရောက်ရှိလာသောကြောင့်
လူတစ်ယောက်၏ သက်တမ်းကို
ပျှမ်းမျှအားဖြင့် (၇၅)နှစ်ဟု
သတ်မှတ်ကြသည်။
တွက်ရလွယ်စေရန်....
လူတစ်ယောက်၏ အသက်သည်
( ၈၀)ရှိသည် ဆိုကြပါစို့...
ယခုစာဖတ်နေသောသင်သည်
အသက်(၂၀)ရှိပါက သင့်ဘဝ၏
လက်ကျန်အချိန်ကို (၈၀)နှစ် နှင့်
တွက်ကြည့်ပါက ဤသို့ဖြစ်၏။

သင့်ဘဝသက်တမ်း- ၈၀ နှစ်
ယခုသင့်အသက် - ၂၀ နှစ်
------
လက်ကျန်အချိန် - ၆၀ နှစ်
အိပ်ချိန် (၄)ပုံ(၁)ပုံ - ၁၅ နှစ်
-----

လက်ကျန်အချိန် - ၄၅ နှစ်
(၄၅)နှစ်ကို ရက်ဖြင့်တွက်သော်
၄၅ × ၃၆၅ =၁၆၄၂၅ ရက်ရ၏။

ဤသို့.....
အဆင့်ဆင့်တွက်ကြည့်လိုက်သောအခါ
ကျွန်ုပ်တို့ အကြာကြီးဟု
မှတ်ယူထားသော တစ်ဘဝသည်
အမှန်တစ်ကယ်မှာမူ
တိုတိုလေးသာဖြစ်ပေသည်။

ကဲ...စာရှု့သူ
"တိုတောင်းလှသောလူ့ဘဝအတွင်း
သင်ဘာတွေလုပ်မည်နည်း..."
"မိမိလည်းချမ်းသာ သူတစ်ပါးလည်း
ဝမ်းသာစေမည့် တန်ဘိုးရှိသော
ကုသိုလ်ကောင်းမှု့တို့ကို ပြုမည်လော"
( သို့မဟုတ် )
"မိမိလည်းဆင်းရဲ သူတစ်ပါးလည်း
ဝမ်းနည်းစေသည့် တန်ဘိုးမဲ့သော
အကုသိုလ် ဒုစရိုက်တို့ကိုပြုမည်လော"
သင်ရွေးချယ်သော အလုပ်ပေါ်တွင်
မူတည်၍ သင့်ဘဝ၏တန်ဘိုးကို
တိုင်းတာကြည့်ပါလေ....

အရှင်ဥတ္တရ -ပြည်
ခေတ္တ လူ့ဘုံ

ငါတို့ - အရှင်ဝေပုလ္လ (ရွှေမြေ)

ငါတို့

ငါတို့မွေးရာ ငါတို့ရွာကို
ငါတို့ညီညာ လက်တွဲခါဖြင့်
ကာကွယ်စောင့်ရှောက်
စုပေါင်းလုပ်မှ
သာယာဖွံ့ဖြိုး တိုးတတ်မှာမို့
ကာယဉာဏ ဇွဲလုံးလဖြင့်
စိတ်ကောင်းထားပြီး စည်းကမ်းရှိစွာ
လုပ်ဆောင်ကြမှ ငါတို့ မွေးရာ
ငါတို့ရွာသည် သာယာဖွံ့ဖြိုး
တိုးတက်မည် ။

အရှင်ဝေပုလ္လ (ရွှေမြေ)
ဝါးဖြူတောင်ကျောင်းတိုက်

Monday, September 8, 2014

သင်ပိုင်သောအချိန် - အရှင်ဥတ္တရ- ပြည်

သင်ပိုင်သောအချိန်

"မနက်ဖြန် ငါဘာလုပ်မယ်....
ဘယ်သွားမယ်" စသည်ဖြင့်
လူတိုင်းပြောကြ တွေးဘူးကြပေလိမ့်မည်။

ဤသို့ ပြောကြ တွေးကြသူများအား
မေးခွန်းတစ်ခု မေးလိုပါ၏...
"မနက်ဖြန်ကို သင်ပိုင်သလား"ဟုမေးလျှင်
မည်သို့ဖြေကြမည်နည်း...

"ပိုင်သည်"ဟု ဖြေပါက
"ထိုမနက်ဖြန်တွင် သင့်ကိုယ်သင်
မအို,မနာ,မသေ,အောင်
စောင့်ရှောက်နိုင်ပါမည်လား"ဟု
ဆက်၍ မေးရပါလိမ့်မည်။

ထိုအခါတွင် မည်သူမှ
ဖြေနိုင်ကြမည် မဟုတ်ပါ။

အကယ်၍ကား....
မနက်ဖြန်ကို မဆိုထားဘိ
ယခုလက်ရှိအချိန်၏
နောက်တစ်စက္ကန့်,တစ်မိနစ်,
တစ်နာရီကိုတောင် သင်မပိုင်ပါ..
အမှန်စင်စစ် သင်ပိုင်သောအချိန်မှာ
ယခုလက်ရှိအချိန်သာ ဖြစ်ပါ၏။

ထို့ကြောင့်....
ဦးဘုန်း (ဓာတု ) က
"မနက်ဖြန်ဆိုတာကို မတွေးပါနဲ့,
ယခုလက်ရှိအချိန်သာ သင့်အတွက်
အကောင်းဆုံး ဖြစ်၏" ဟု
သတိပေးထားသည်ကို တွေ့ရသည်။

သို့ဖြစ်၍....ကျွန်ုပ်တို့သည်
မိမိမပိုင်သော နောက်တစ်စက္ကန့်,
တစ်မိနစ်,တစ်နာရီ,
မနက်ဖြန်တို့ကို စောင့်မနေပဲ
မိမိအမှန်တကယ်ပိုင်သော ယခုလက်ရှိအချိန်၌သာ
မြတ်စွာဘုရားရှင် ဟောတော်မူအပ်သည့်
ဒါန,သီလ.သမထ.ဘာဝနာတို့ကို
ကြိုးစားပွားများခြင်းအားဖြင့်
ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက်ဖြစ်အောင်
အားထုတ်အပ်ပါ၏။

အရှင်ဥတ္တရ- ပြည်
( ခေတ္တ လူ့ဘုံ )

ရဟန်းမြတ် - အရှင်ဥတ္တရ - ပြည်

ရဟန်းမြတ်

နေပူမိုးရွာ တွေ့ကြုံပါလည်း
သပိတ်ကိုပိုက် အာရုံစိုက်လျက်
နှုတ်မှတွတ်တွတ် မေတ္တာလွှတ်ကာ
မမောမပန်း ငါဆက်ထမ်းမည်
မြတ်ဗုဒ္ဓ၏ သာသနာကို...

သီလသိက္ခာ ဖြူစင်စွာဖြင့်
ဓူရနှစ်ဖြာ ကျင့်ဝန်တာကို
အသက်ခန္ဓာ မကွာသမျှ
နေ့ညမရွေး ငါဖြည့်ဆည်းမည်
သာသနာအဓွန့်ရှည်ဘို့ကို...

ထိုသို့ဝန်တာ ထမ်းဆောင်စဉ်မှာ
ခန္ဓာတရား မလွန်အား၍
သေမင်းထံမှောက် ရောက်ပါသော်လည်း
စိတ်ဝယ်နှစ်သက် ငါကျေနပ်သည်
သာသနာအတွက်ဖြစ်သည်ကို...

အရှင်ဥတ္တရ - ပြည်
ခေတ္တ လူ့ဘုံ

Saturday, September 6, 2014

လူ - အရှင်ဥတ္တရ - ပြည်

' လူ '

သရဏဂုံပျောက် သီလဖောက်၍
ကိုယ်နှင့် ကိုယ့်သား ကိုယ့်ဆွေများသာ
ချမ်းသာစေသား အားမာန်ထားကာ
ကြိုးစားသော်ငြား ထိုသူများ
မုချ 'လူ 'မမည်။

သုံးပါးအစုံ သရဏဂုံနှင့်
ငါးဖြာသီလ စောင့်ထိန်းကြကာ
အတ္တ ,ပရ ဤနှစ်ဝကို
ညီစွာမျှတ လုပ်နိုင်သော်ငြား
ထိုသူများ မုချ 'လူ 'ဟုမှတ်။

အရှင်ဥတ္တရ - ပြည်
(ခေတ္တ လူ့ဘုံ )

ကိုယ့်ကိုကိုယ်သာ စောင့်ရှောက်ပါ.... - အရှင်ဥတ္တရ- ပြည်

ကိုယ့်ကိုကိုယ်သာ စောင့်ရှောက်ပါ

လောက၌ သူတစ်ပါးကို စောင့်ရှောက်
ချင်သူတိုင်း မိမိကိုယ်ကို ရှေးဦးစွာ
စောင့်ရှောက်အပ်ပါ၏။
အဘယ့်ကြောင့်နည်း ...
မိမိကိုယ်ကို မကောင်းသော
ဒုစရိုက်များမှ မလုပ်ဖြစ်အောင်
စောင့်ရှောက်လိုက်ခြင်းအားဖြင့်
ထိုဒုစရိုက်များမှ ဖြစ်ပေါ်လာမည့်
မကောင်းကျိုးများကို သူတစ်ပါးတို့
မခံစားရသောကြောင့် သူတစ်ပါးကိုပါ
အလိုလိုစောင့်ရှောက်ပြီးသား
ဖြစ်သောကြောင့်တည်း။

အရှင်ဥတ္တရ- ပြည်
( ခေတ္တ လူ့ဘုံ )

Friday, September 5, 2014

ငါ...သေသွားသော်...( အရှင်ဥတ္တရ - ပြည် )

ငါ...သေသွားသော်

ငါ...သေသွားသော်
ငါဟုခေါ်ရာ ငါ့ခန္ဓာသည်
ပျက်စီးယိုယွင်း ပေလိမ့်မည်။

ငါ...သေသွားသော်
ငါ့ဆွေ ငါ့မျိုး ငါမသိုးလည်း
ဝိုင်း၍စွန့်ပစ် ကြလိမ့်မည်။

ငါ...သေသွားသော်
ငါ့ဥစ္စာဟု မှတ်ယူခဲ့သည့်
အရာအားလုံး ကျန်ရစ်မည်။

ငါ...သေသွားသော်
ငါ၏စွန့်လွှတ် စောင့်ထိန်းမှု့နှင့်
ပညာသာလျှင် အားကိုးရာမှန်ဖြစ်လိမ့်မည်။

ထိုသို့ငါစွဲ ငါရေးခဲ့လည်း
အဆုံးငါပျောက် ဘယ်ဆီရောက်
မမြဲမှန်စွာ ငါ...ပါတကား.....

အရှင်ဥတ္တရ - ပြည်
( ခေတ္တ လူ့ဘုံ )

Wednesday, September 3, 2014

ရသစာစု

အိန္ဒိယစကားပုံတစ်ခုက...

မိန်းမက လမ်း၊ သူငယ်ချင်းက နွား ပါတဲ့။
လူ့ဘဝမှာ လမ်းတစ်လမ်းပဲရှိတယ်
လမ်းမှာ နွားတွေအများကြီးရှိနိုင်တယ်
ပိုက်ဆံရှိတဲ့အခါ လမ်းမမှားစေနဲ့
ပိုက်ဆံလိုတဲ့အခါ နွားကိုမရောင်းပါနဲ့ တဲ့

Tuesday, September 2, 2014

အချစ်ရဲ့သက်သေ - နေသန်

အချစ်ရဲ့သက်သေ

နင်မမြင်တဲ့ငါ့ရဲ့အချစ်ထက်
နေအစင်းတစ်ရာတောင်
ပိုမပူပြင်းနိုင်ပါဘူးချစ်သူ
နင်နဲ့ဝေးနေရတဲ့ဘဝကို
ကောင်းကင်နဲ့မြေကြီးသာ
သိခဲ့မယ်ဆိုရင်တော့
သူတို့....ကိုယ့်ကိုသနားမိမှာပါ
မင်းကိုချစ်တဲ့ကိုယ့်ရဲ့အချစ်က
ကိုယ့်ဘဝရဲ့မျက်လုံးတစ်စုံပါ
မင်းမချစ်ရင်ကိုယ့်မျက်လုံးဟာ
ပြန်မမြင်နိုင်တော့ပါဘူး
ချစ်သူရယ်

နှလုံးသားဖြင့်ရင်း၍ရေးသည်
(နေသန်)

ကျော့ချင်းကပ်​ကမျက်​ဝန်းများ - khaing .lay

ကျော့ချင်းကပ်​ကမျက်​ဝန်းများ

သူငယ်​ချင်းငယ်​ချစ်​ရယ
်​မင်းနဲ့ကိုယ့်​ဘဝက
ဘယ်​​တော့မှမျက်​နှာချင်းဆိုင်
ဆုံးစည်းနိုင်​မှာမဟုတ်​​ပေမဲ့
ဘယ်​​တော့မှလည်းအ​ဝေးကြီး​ဝေးသွားမှာမဟုတ်​ဘူး
မနီးမ​ဝေး​လေးမှာပဲ
ကျော့ချင်းကပ်​ပြီး
ရှိ​နေပါရစေကွယ်

khaing .lay

ကုသိုလ်​စွမ်းအင်​ အရှင်​ဇနက (​နောင်​မို)

ကုသိုလ်​စွမ်းအင်
အရှင်​ဇနက (​နောင်​မို)

ကဿပဘုရားရှင်​လက်​ထက်
င်္ဂဂါမြစ်​အနီး၌ သီလ သမာဓိ ပညာ
ပြည့်​စုံကြ​သောရဟန်း သံဃာတို့
သီးတင်းသုံး​နေထိုင်​ကြရာ
တစ်​​နေ့​သောအခါ
ရဟန်းတစ်​ပါးက အမှိုက်
ကြုံးပြီးထည့်​ထား​သော
သောင်းကိုကိုင်​ကာ
သာမ​ဏေငယ်​တစ်​ပါးအား
ဂင်္ဂါမြစ်​အတွင်း စွန်​ပစ်​ခိုင်းရာ

အခု​ခေတ်​ ကြီးသူခိုင်းတာကို
အငယ်​က ကလန်​ကဆန်
လုပ်​သလို ယခုလည်း
သာမ​ဏေငယ်​က ကလန်
ကဆန်​ပြန်​လုပ်​ရာ ရဟန်းက
သာမ​ဏေ ​ခေါင်းအား တံပြတ်​နဲ့
ရိုက်​ရာ ငိုယိုပြီး​တော့
အမိုက်​သွားစွန့်​ပါတယ်​။

ဒီ​နေရာမှာ ကိုယ်​က
ကြက်​ဥဖြစ်​ပြီး နံရံကို
သွား​ပေါက်​ရင်​​တော့
ကြက်​ဥပဲ ကွဲပါလိမ့်​မယ်​။

အမှိုက်​စွန့်​ပစ်​ဖို့ ဂင်္ဂါမြစ်​နား​ရောက်​​တော့
လှိုင်းထ​နေတာကိုမြင်​ပြီး
ဆုတစ်​ခု​ ​တောင်းပါတယ်​။

အရှင်​ဘုရား တပည့်​​တော်
ဤသို့ အမှိုက်​ပစ်​ရ​သော
ကုသိုလ်​ကံ​ကြောင့်
ဤအဆမတန်​ပြင်းထန်း
ရေလှိုင်းတံပိုးကဲ့သို့
ဥာဏ်​ပညာကြီးမားသူ
ဖြစ်​ရပါလို၏ ဟု
ဆု​တောင်းပါတယ်​။

ဒီလိုဆု​တောင်းသံကို ကြားရ​သော
အမှိုက်​လှဲ​သော
ရဟန်းသည်​လည်း
အရှင်​ဘုရား တပည့်​​တော်​လည်း
အမှိုက်​လှဲရ​သော ကုသိုလ်​ကံ
အစွမ်း​ကြောင့်​ တပည့်​​တော်​အား
ဒီသာမ​ဏေထက်​ ပိုပြီး
ဉာဏ်​ပညာကြီးမားသူ
ဖြစ်​ရပါလို၏ဟု
ဆု​တောင်းလေသည်​။

ဤရဟန်းနှင့်
သာမ​ဏေတို့ဟာ
ထိုဘဝမှပျံလွန်​​တော်​မူပြီး
နတ်​ပြည်​၌ ကျင်​လည်​လျက်
ဤ​ဂေါတမဘုရားလက်​ထက်​သို့
ရောက်​လာ​သောအခါ

ပညာဥာဏ်​ကြီးမားကြ​သော
ရဟန်းဖြစ်​ခဲ့​သော
အရှင်​နာဂသိန်​မ​ထေရ်
သာမ​ဏေ​နေရာဖြစ်​ခဲ့​သော
မိလိန္ဒပညာရှိဟူ၍
ကျော်​ကြား​သော
လူသိများ​သော
ပုဂ္ဂိုလ်​များအဖြစ်
ဖြစ်​လာကြပါ​တော့သည်​။

(မိလိန္ဒဝတ္ထု)