Tuesday, December 30, 2014

အရှင်အဂ္ဂသမာဓိသို့.... ထွန်းနောင်(ဖောင်းပြင်)

"အရှင်အဂ္ဂသမာဓိသို့"
(နတ်တော်လပြည့်စာဆိုတော်နေ့
အမှတ်တရ)

စာဆိုတော်လ ရောက်ပြန်ကလျှင်
မှန်စွထန်ပြင်း လွမ်းဆွတ်ခြင်းနှင့်
လွန်မင်းတမ်းတ သတိရသည်
အင်းဝခေတ်က စာဆိုကျော် ။

စာဆိုကျော်၏ စာတော်ပျိုးခင်း
ပျို့မင်းလင်္ကာ တစ်နေရာ၌
"ယောက်ျာ့တံခွန် လူရည်မွန်က
မိုးစွန်အထွတ် ကြယ်ကိုဆွတ်သို့"
မချွတ်မှန်စွာ တွေ့ရပါမှ
ရင်လွှာအကြား ရှိငြားဝေဒနာ
ပျောက်ရပါ၏ ။

ဤလင်္ကာစု မည်သူပြုနည်း
သိမှုကင်္ခါ ကျွန့်ရင်လွှာဝယ်
နှစ်တာရှည်စွာ ကြာခဲ့ပါပြီ ။

နေမိဘုံခန်း စာမျိုးပန်းကို
ကြိုးပမ်းဖွေကာ ရှာဖတ်ပါမှ
ရင်မှာဆန္ဒ ကျွန်ပြည့်ဝသည်
အဂ္ဂသမာဓိ ထေရ်အရှင် ။

အို . . အရှင်အဂ္ဂသမာဓိ
အဂ္ဂသမာဓိ အို . အရှင်
အရှင့်စာမှာ တွေ့ရပါသည်
မှန်စွာလောက ကြုံတွေ့ကြသည့်
ဖြစ်ရပျက်ပြန် လောကဓံ ။

အို . အရှင်ငဲ့
အရှင်ကွယ်တာ ကြာခဲ့ပါလည်း
ကဗျာပျိုးခင်း သင့်ပျို့မင်းကား
မွှေးသင်းထုံပျံ့ ဆင်းရနံ့ ။

ဆင်းရနံ့စုံ မွှေးပျံ့ထုံသည့်
လုံးစုံလင်္ကာ ရှင့်ကဗျာကား
ခေတ်ခါဆက်ဆက် စံမီလျက်သာ
နှစ်သက်ကြာရှည် ကျွန်ယုံကြည် ။

ယုံကြည်မိရင်း တမ်းတရင်းမှ
လွမ်းချင်းလင်္ကာ ရေးဆက်ပါသည်
ပျို့စာဆိုရှင် ကြားစေသောဝ် ။
ရောက်ရာဘဝက သာဓုခေါ် ။ ။

ဝန်ခံချက်။ ။ ဆရာကြီးဒေါင်းနွယ်ဆွေ နှင့် ဆရာကြီးမင်းယုဝေတို့၏ ရေးသား ဟန်ကို မှီငြမ်းရေးသားပါသည်။
ထွန်းနောင်(ဖောင်းပြင်)

တာဝန်ကိုယ်စီထမ်းသင့်ပြီ 🔈 လင်းတမန်

တာဝန်ကိုယ်စီထမ်းသင့်ပြီ
----------------------------
အမျိုးဘာသာ သာသနာကို
မြတ်နိုးပါသည် ချစ်ပါသည်ဟု
ထက်ဘဝဂ်လျှံ သွက်သွက်ညံအောင်
နှုတ်မှာအော်ကာ ပြောနေပါလည်း
အော်ရုံမပြီး ပြောမပြီးဘူး။

သင်မင်းသူစ ငါမှအားလုံး
နိုးကြထကြ သွေးနွေးကြလျက်
ကိုယ်ပြုလုံ့လ စွမ်းသမျှဖြင့်
အမျိုးဘာသာ သာသနာကို
မိစ္ဆာရောင်လွမ်း မှောင်မသန်းဖို့
တာဝန်လုပ်ငန်း ကျေပွန်ထမ်းစို့။

မထမ်းတာဝန် မပွန်လုပ်ငန်း
သွေးအေးနွမ်းလျ နေကြပါမူ
အမျိုးဘာသာ သာသနာသည်
မိစ္ဆာစက်ကွင်း အန္တရာယ်တွင်း၌
လုံးစုံကွယ်ပျောက် အနိစ္စရောက်မည်
အားလုံးကိုယ်စီ သိစေသ တည်း။

လင်းတမန်(တန့်ဆည်)

Sunday, December 21, 2014

ဓမ္မစာစု ……လမင်းထက်…ဖောင်းပြင်

ဓမ္မစာစု ……လမင်းထက်…ဖောင်းပြင်

ယောစ ဝဿတံ ဇီဝေ"
ကုသီတော ဟီန ဝီရိယော"
ဧကာဟံ ဇီဝိတံ သေယျော"
ဝီရိယ မာရဘတော ဒဠှံ...

ပျင်းရိသည်ဖြစ်၍။ရိယမရှိဘဲ
အနှစ်တစ်ရာပတ်လုံးအသက်
ရှည်နေရခြင်းထက်ဝီရိယကို
မြဲမြံစွာအားထုတ်သောသူ၏
တစ်ရက်မျှ အသက်ရှည်ရခြင်းသည်
ပို၍မြတ်၏

လမင်းထက်

ဓမ္မစာစု...လမင်းထက်....

ဓမ္မစာစု...လမင်းထက်
…………………………………
ဣဓ တပ္ပတိ ပေစ္စ တပ္ပတိ"
ပါပကာရီ ဥဘယတ္ထ တပ္ပတိ"
ပါပံ မေ ကတန္တိ တပ္ပတိ"
ဘိယျော တပ္ပတိ ဒုဂ္ဂတိံ
ဂတော ။
မကောင်းမူပြုသူသည်
ဤဘဝ၌လည်း ပူပန်ရ၏
တမလွန်၌လည်း ပူပန်ရ၏
ပစ္စုပ္ပန် တမလွန် ဘဝနှစ်တန်တို့၌
လည်းပူပန်ရ၏
ငါသည်
မကောင်းမူကိုပြုမိပြီ....ဟုပူပန်ရ၏
ဒုဂ္ဂတိဘုံဘဝသို့ ရောက်ပါမူကား
အလွန်ပူပန် ဆင်းရဲရချေ၏ တကား....

လမင်းထက်...ဖောင်းပြင်

ချမ်းသာရန် ✏ အသျှင်တိဿ

ချမ်းသာရန်

မကောင်းမမှန် ဆိုးကျိုးပြန်ရ
သမ္မာမကိုက် ဒုစရိုတ်ကို
မလိုက်ရှောင်ခွာ သံသရာတွက်
မပြတ်ကုသိုလ် ချိန်မခိုပဲ အမြဲပြုပါ
စိတ်မှာပူလာ ညစ်နွမ်းတာကို
ဝေးစွာရှောင်ရှား စိတ်ထားဖြူစင်
ကြည်လင်မေတ္တာ စဉ်မကွာကြ
ချမ်းသာရလိမ့် ဗုဒ္ဓမိန့်ဟ သြဝါဒ။

အသျှင်တိဿ တောပျော်

ဘဝလှအောင် ✏ အသျှင်တိဿ

ဘဝလှအောင်

ပညာသင်ကြား အချိန်များ၌
တရားအလုပ် သင်အားထုတ်လော။

စီးပွားဖွေရှာ ချိန်အခါတွင်
မေတ္တာလည်းပါ ဝိပဿနာအလုပ်
သင်အားထုတ်လော။

ကြီးရင့်ဇရာ အိုသောခါတွင်
နည်းနာမှန်မှန် ဇွဲသန်သန်ဖြင့်
ရည်သန်ကြိုးကုတ် တရားလုပ်မှ
ဘဝလှမည် ဗုဒ္ဓဘုရား
မိန့်မှာကြားသည်
တို့များတိုက်တွန်းရခြင်းပါ။

အသျှင်တိဿ တောပျော်

Thursday, December 18, 2014

ခရမ်းအတွက် ✏ အသေးလေး ရွှေလေးကြို့ ကုန်း

ခရမ်းရေ
ရှေ့လျှောက်မှောင်မိုက်စပြုနေတ
ဲ့ငါ့ဘဝခရီးလမ်းမှာ
ဆိုးတိုင်ပင် ကောင်းတိုင်ပင်
အဖော်မွန်တစ်ယောက်တော့ခိုအပ်နေတယ်
အဒါ မင်းပါပဲခရမ်း
ငါဘာတွေလုပ်လုပ်
ဘာအချိန်ရောက်ရောက်
ငါ့စိတ်ကူးထဲမှာ မင်းအမြဲတမ်း
စိုးမိုးထားတယ် ခရမ်း
ငါ့ချစ်ခြင်းတွေကို မင်းမသိလို့လား
သိရက်နဲ့ မသိရောင်ဆောင်ကာ
ငါ့ကိုဥပေက္ခာ ပြုထားလိုက်တာလား အေးစက်စက်နိုင်လွန်းတဲ့
မင်းအပြုမူတွေကြောင့်
ငါ့ဘယ်ဘက်ရင်အုံတစ်ခြမ်း
မီးလိုပူလောင် လောင်ကျွမ်းစပြုနေပြီ
ငါနင့်ကိုသိပ်ချစ်ခဲ့တာပါဟာ
ဒါပေမဲ့တိတ်တိတ်လေးရယ်ပါ
ဒါတွေထားလိုက်ပါတော့ ငါပြောနေလည်အပိုပါပဲ
မင်းမသိရုံကလွဲပြီး ငါ့ဘေးနားကလူတွေတောင်
ငါ့ကိုမင်းအတွက်နဲ့ အပြစ်တင်ကဲ့ရဲ့နေပြီ
သူတို့ ဘာတွေပဲပြောပြော ငါဂရုမစိုက်ဘူး အခုတော့.....မင်းကိုငါသိပ်ချစ်တာ
မင်းသိရုံနဲ့ကျေနပ်တဲ့ငါ့ဘဝမှာတော့
အချစ်ရူးတစ်ယောက်ဖြစ်နေပြီ....

( အသေးလေး ရွှေလေးကြို့ ကုန်း
(ခရမ်းအတွက် )A M M

တရားလက်မလွှတ်ကြစေနှင့် ✏ လွမ်းသူ ဖေါင်းပြင်

( တရားလက်မလွှတ်ကြစေနှင့် )

အချိန်ရှိသမျှ ပျက်နေကျ
အနိစ္စတရားပါတကား
ပျက်ပြီးပြန်မလာ ဒီတာဝါ
မျှော်ကာစောင့်ရမှာပါတကား
နံနက်ခါမှီ ရှစ်နာရီ
ကြာရှည်စောင့်ရမှာပါတကား
စောင့်မျှော်နေခိုက် ခဏ၌
ပေါ်လိုက်ပျောက်လိုက်ပါတကား
ပျောက်ပြီးပြန်မပေါ် နေ့တိုင်းနော်
ကြုံသော်ကြုံရမှာပါတကား
စောင့်မျှော်နေရင်း ညသို့ချဉ်း
အရှင်းမပေါ်တော့တာပါတကား
မပေါ်မုချ မျှော်ဒုက္ခ
အဟုပ်ပကြုံရမှာပါတကား
ဖေါင်းပြင်တာဝါ ဗလချာ
ကြုံခါနေရမှာပါတကား
တာဝါတိုင်တွင် အနိစ္စထင်
ဆင်ခြင်ပွါးများသင့်ပါတကား
တရားသိမြင် ကဝိရှင်
နေ့စဉ်ပွါးများကြပါတကား
ကျနော့်စကား လိုက်နာပွါး၍တရား
လက်မလွှတ်ကြစေ နှင့်

လွမ်းသူ ဖေါင်းပြင်
မန်လည်

Sunday, December 14, 2014

ရသစာစု (ယောက်ျားလေးများအတွက်သာ)

မေး -"အသင်ယောက်ျား မောပန်းပါသလား"
ဖြေ --- "မမောပါဘူး.."

မေး--- "အသင်ယောက်ျား နာကျင်ပါသလား"
ဖြေ---- "မနာကျင်ပါဘူး..."

မေး----"အသင်ယောက်ျား ခက်ခဲပင်ပန်းပါသလား"
ဖြေ---- "မပင်ပန်းပါဘူး..."

မေး---- "ဘာကြောင့်လဲ.."

ဖြေ--- "ကျွန်တော်က ယောက်ျားသားမို့ပါ..
မောတယ်၊ နာကျင်တယ်၊ ပင်ပန်းတယ်လို့
ကျွန်တော်မှာ ပြောခွင့်၊ အရှုံးပေးခွင့်မရှိပါဘူး"

မေး----- "ဒါဆိုရင် အသင်ရဲ့မျက်လုံးအိမ်ထောင့်မှာ ဘာကြောင့်မျက်ရည်တွဲခိုနေရပါသလဲ"

ဖြေ---
"ကျွန်တော်လည်း လူပါပဲ..
နှစ်သိမ့်မှု၊ အားပေးမှုတွေ လိုအပ်ပါတယ်။
နာကျင်မောပန်းခြင်းအားလုံးကို
မျက်ရည်တစ်စက်အသွင်ဖြင့်သာ ပြောင်းလဲပါတယ်"

Thursday, December 11, 2014

ကူညီပါ ✏ အရှင်ကေသရ

ကူညီပါ

မရေးမရာမသေချာတဲ့
အဖြေလွှာတစ်ခုကို
စောင့်ရင် စောင့်ရင်
အိုမင်းခဲ့ပေါ့
အိုမင်းသွားတဲ့ ရုပ်သဘောကို
အဟုတ်ပြောရင် ခန္ဓာဥာဏ်ရောက်
သစ္စာပေါက်အောင်လည်း မကြည့်နိုင်"

စိတ်သတ္တိတန်းခိုးကြောင့်သာ
""ငါသွားနေရတယ်
ငါစောင့်မျော်နေရတယ်"
အချိန်စေ့တော့မယ်
မြန်မြန်ကြီးသာ လာပါတော့
ဒီဘဝ "ဒီဒုက္ခတွေက
လွတ်မြောက်ချင်လှပါပြီး
အေးငြိမ်းမှု့ "ငြိမ်းသက်မှု့
စောင့်မျော်ချင်တွေကင်းတဲ့
နေရာလေးတစ်ခုကို
သွားနိုင်ဖို့""ကူညီပေးပါ""

"အရှင်ကေသရ ]ဖောင်းပြင်

Saturday, December 6, 2014

(ဓမ္မစာစု) မဟာဂရုဏာတော် ✏ ကိုစိုးလင်း

မဟာဂရုဏာတော်

- ဒီပင်္ကရာ ဘုရားရှေ့ဝယ်
သုမေဓါခေါ် ရှင်တော်ရသေ့
ခန္ဓာကိုယ်စဉ်း တံတားခင်း၍
ဗုဒ္ဓဖြစ်ကံ ဆုပန်ဖြည့်ကျင့်၊
- ဗုဒ္ဓေါ ဗောဓေယျံ သစ္စာသိစေ
မုတ္တော မောစေယျံ လွတ်မြောက်စေအံ
တိဏ္ဏော တာရေယျံ နိဗ္ဗာန်ကူးစေ
ဂရုဏာတော် ရှေ့ရှုဓိဋ္ဌာန် ၊
- ဆယ်ပါးသုံးလွှာ ဖြည့်ပါရမီ
သင်္ချေလေးခု တစ်သိန်း,ကမ္ဘာ
ရင့်ပါရမီ ဘုရားပွင့်ပြီ
သာသနာလင်း ထွန်းလင်းရောင်ခြည် ၊
- များပင်ဝေနေ သစ္စာသိမြင်
သံသရာခွင် လွတ်မြောက်ရာပင်
ငြိမ်းအေးရာဆီ နိဗ္ဗာန်ခေါ်ပြီ
ဂရုဏာတော် ထူးမြတ်ပူဇော် ။ ။

ကိုစိုးလင်း
တောင်ဥက္ကလာ

(ဓမ္မစာစု) သုည ဘဝ ✏ ကိုစိုးလင်း

သုည ဘဝ

- သံသရာခွင် လောကီနယ်တွင်
ရုပ်နာမ်ဓမ္မ သင်္ခါရတို့
မရဏဓာတ် ပရမတ်၏
လောင်ကျွမ်းမကျန် သုညစဉ်တန်း ၊
- မျက်တောင်တစ်ခတ် ကာလမျှနှင့်
ရှည်ကြာကာလ သဘောမျှနှင့်
သုညကာလအနန္တနှင့်
မရဏမီး မငြိမ်းသေးဘိ ၊
- အတ္တစွဲပြု ကင်းရန်မြင်မှု
သုညမှန်ရှိ အနတ္တသိ
ရှိပရမတ် သဘောမျှသာ
လက္ခဏာပြ သက်သေမျှသာ ၊
- ထောက်ရာတည်ရာ ကိုးကွယ်အားထား
တည်ရာမှီရာ မရှိ,အတ္တ
မကျန်ကိုယ်ပိုင် မရဏ,ပိုင်
မစ္စုမာရ်,လက် အတ္တကျန်လျက် ၊
- မရဏပိုင် မစ္စုလက်မှ
လွတ်မြောက်ရုန်းထွက် လုံ့လထုတ်လည်း
ချိန်းချောက်မစ္စု အတ္တချည်နှောင်
မရဏမင်း သူ့တွက်ဓာတ်စာ ၊
- အတ္တစွဲပြုတ် ကြောင်းကျိုးချုပ်မှ
နိရောဓမှန် လောင်မှုဆုံးမှန်
မရဏမီး ငြိမ်းချုပ်သေချာ
သုညဘဝ လွတ်မြောက်ရပါ ။ ။

မာရ်=သတ္တဝါတို့အားသတ် သမားမည်၏ ၊
မစ္စု=သေမှု,သေပျက်ခြင်းသေဆုံးခြင်း,သေရမည်မှန် ၊
မစ္စုမာရ်=သတ္တဝါတို့အားသေမှုနှင့်ချောက်ချမ်း၍ ခန္ဓာကိုစောင့်ရှောက်စေ၍ သုစရိုက်,ဒုစရိုက်မှုတို့ကိုပြုမိစေခြင်းဖြင့် သံသရာလည်လျှက် အဖန်ဖန်သေစေသည် ၊
မရဏ=သေပျက်ခြင်းအမှု,သေဆုံးခြင်းအမှု,
လောင်ကျွမ်း ကုန်ဆုံးခြင်း အမှု
ဇရာမီး၏ နောက်ဆုံးအစွန်း

ကိုစိုးလင်း

(ဓမ္မစာစု) ဆရာသံဃာ ✏ ကိုစိုးလင်း

ဆရာသံဃာ

- သံဃာတော်များ ကြိုးစားသင်အံ
လေ့လာကျက်မှတ် အာဂုံဆောင်၍
ကျင့်ကြံပွားများ ရသမျှကို ၊
- ဝေနေယျများ ရစေခြင်းငှါ
ဂရုဏာပွား မေတ္တာထား၍
ရေးသားမျှဝေ ဟောကြားပေးနေ ၊
- ဆရာသံဃာ အားကိုးရာမှန်
ဟောပေးတိုင်းသာ မပြတ်နာယူ ၊
*သံဃာတော်စစ် ဟောလှစ်တရား
*သေချာနားဖြင့် စိုက်၍နာသော်
*နှလုံးသွင်းမှန် ဖြောင့်တည်စွာဖြင့်
*တရားခေါ်ရာ {နာ,ယူ,ဆုံးစေ}
- (လေးပါးအင်္ဂါ ပြည့်စုံညီက)
စီးဝင်ဓမ္မ မဂ္ဂရှစ်ဖြာ
မဂ္ဂဥာဏ်မြင် ဒိဋ္ဌိစင်က
သိမှုဝိဇ္ဇာ သစ္စာဥာဏ်ရ ၊
- ကံဟောင်းချုပ်လှစ် ကံသစ်ဇာတိ
ဖြစ်ခွင့်မကြုံ အပ္ပါယ်လေးဘုံ ။ ။

ကိုစိုးလင်း
တောင်ဥက္ကလာ

(ဓမ္မစာစု )✏ ဘုရားဆီသို့...✏ ကိုစိုးလင်း

(ဘုရားဆီသို့)

မြတ်စွာဘုရား မချန်ခဲ့ပေ
လမ်းကြောင်းမဂ္ဂင် ဟောရစ်ခဲ့ပေ
ချစ်သားသံဃာ တဆင့်ခေါ်စေ ၊
ဆရာသံဃာ ခန္ဓာခွါစေ
မဂ္ဂင်လမ်းပေါ် ပို့ဆောင်ခဲ့ပေ
သိမှုဝိဇ္ဇာ လင်းခဲ့ရပေ ၊
မြတ်နိဗ္ဗာန်မြင် ဘုရားမြင်ပေ
အစိန္တေရ ဖူးရပြီလေ
မြတ်စွာဘုရား ပြန်ဆုံပြီလေ ။ ။

ကိုစိုးလင်း
တောင်ဥက္ကလာ

ဓမ္မစာစု ✉ (မဟာ ရုဏာတော်) ✏ ကိုစိုးလင်း

(မဟာ ရုဏာတော်)

ဒီပင်္ကရာ ဘုရားရှေ့ဝယ်
သုမေဓါခေါ် ရှင်တော်ရသေ့
ခန္ဓာကိုယ်စဉ်း တံတားခင်း၍
ဗုဒ္ဓဖြစ်ကံ ဆုပန်ဖြည့်ကျင့်၊
ဗုဒ္ဓေါ ဗောဓေယျံ သစ္စာသိစေ
မုတ္တော မောစေယျံ လွတ်မြောက်စေအံ
တိဏ္ဏော တာရေယျံ နိဗ္ဗာန်ကူးစေ
ဂရုဏာတော် ရှေးရှုဓိဋ္ဌာန်၊
ဆယ်ပါးသုံးလွာ ဖြည့်ပါရမီ
သင်္ချေလေးခု တစ်သိန်းကမ္ဘာ
"ရင့်ပါရမီ ဘုရားပွင့်ပြီ
သာသနာလင်း ထွန်းလင်းရောင်ခြည်၊
များပင်ဝေနေ သစ္စာသိမြင်
သံသရာခွင် လွတ်မြောက်ရာပင်
ငြိမ်းအေးရာဆီ နိဗ္ဗာန်ခေါ်ပြီ
ဂရုဏာတော် ထူးမြတ်ပူဇော် ။ ။

ကိုစိုးလင်း
တောင်ဥက္ကလာ