Saturday, December 6, 2014

(ဓမ္မစာစု) သုည ဘဝ ✏ ကိုစိုးလင်း

သုည ဘဝ

- သံသရာခွင် လောကီနယ်တွင်
ရုပ်နာမ်ဓမ္မ သင်္ခါရတို့
မရဏဓာတ် ပရမတ်၏
လောင်ကျွမ်းမကျန် သုညစဉ်တန်း ၊
- မျက်တောင်တစ်ခတ် ကာလမျှနှင့်
ရှည်ကြာကာလ သဘောမျှနှင့်
သုညကာလအနန္တနှင့်
မရဏမီး မငြိမ်းသေးဘိ ၊
- အတ္တစွဲပြု ကင်းရန်မြင်မှု
သုညမှန်ရှိ အနတ္တသိ
ရှိပရမတ် သဘောမျှသာ
လက္ခဏာပြ သက်သေမျှသာ ၊
- ထောက်ရာတည်ရာ ကိုးကွယ်အားထား
တည်ရာမှီရာ မရှိ,အတ္တ
မကျန်ကိုယ်ပိုင် မရဏ,ပိုင်
မစ္စုမာရ်,လက် အတ္တကျန်လျက် ၊
- မရဏပိုင် မစ္စုလက်မှ
လွတ်မြောက်ရုန်းထွက် လုံ့လထုတ်လည်း
ချိန်းချောက်မစ္စု အတ္တချည်နှောင်
မရဏမင်း သူ့တွက်ဓာတ်စာ ၊
- အတ္တစွဲပြုတ် ကြောင်းကျိုးချုပ်မှ
နိရောဓမှန် လောင်မှုဆုံးမှန်
မရဏမီး ငြိမ်းချုပ်သေချာ
သုညဘဝ လွတ်မြောက်ရပါ ။ ။

မာရ်=သတ္တဝါတို့အားသတ် သမားမည်၏ ၊
မစ္စု=သေမှု,သေပျက်ခြင်းသေဆုံးခြင်း,သေရမည်မှန် ၊
မစ္စုမာရ်=သတ္တဝါတို့အားသေမှုနှင့်ချောက်ချမ်း၍ ခန္ဓာကိုစောင့်ရှောက်စေ၍ သုစရိုက်,ဒုစရိုက်မှုတို့ကိုပြုမိစေခြင်းဖြင့် သံသရာလည်လျှက် အဖန်ဖန်သေစေသည် ၊
မရဏ=သေပျက်ခြင်းအမှု,သေဆုံးခြင်းအမှု,
လောင်ကျွမ်း ကုန်ဆုံးခြင်း အမှု
ဇရာမီး၏ နောက်ဆုံးအစွန်း

ကိုစိုးလင်း

No comments:

Post a Comment