မှတ်ကာစွဲယူ များဗိုလ်လူတို့
နိဗ္ဗူမရ ဆင်းရဲကြလိမ့်
လောကသုံးခွင် ဘုံအပြင်ဝယ်
ဖြစ်လျှင်ပျက်မြဲ မှန်မလွဲတည်း
သုံးစွဲဖို့ရာ များဥစ္စာလည်း
ကံကြမ္မာပေး ရပြန်သေးက
ပျက်ရေးတစ်ဖန် တွေ့ကြုံပြန်၏
ချစ်လျံဝေဝေ ချစ်သူတွေနှင့်
ချစ်လေသမျှ ပေါင်းဆုံကလည်း
ခွဲရမည်မှာ မလွှဲသာတည်း
ရှည်စွာအသက် တည်ရှိလျှက်လည်း
ပုခက်နဲ့ပေ ဝေးလေလေ၍
နီးလေပျဉ်ခေါင်း အမှန်အောင်းလိမ့်
အကြောင်းမလျှော် သုံးရက်ကျော်က
ပုတ်စော်ညှီနှံ့ ရန်တွေ့ပြန်သို့
အမှန်ချစ်သူ မကပ်မူပဲ
လျှက်လျူရှုသုံး တကယ်မုန်း၏
နောက်ဆုံးရောက်ခါ မြို့ပြည်ရွာနှင့်
သွားရအပြီး လူမင်္နီးသည့်
တောကြီးမြိုင်ယံ မြေသုသာန်ဝယ်
မြုတ်နှံဘိလျှင်း ခြောက်ပေတွင်း၌
စင်းစင်းအိပ်ကာ နေရရှာ၏
ပုထုဇဉ်တို့ လောကဓံလွတ်ကြောင်း
ဆုပန်တောင်းသည့် လမ်းကောင်းမဂ္ဂင်
ရှစ်အင်ဓမ္မ အဝဝကို နေ့ညမကွာ
ကြိုးစားရာသည် ခေမာရောက်မှ
အေးမည်တည်း။
❆ ငွေလဝန်း❆
No comments:
Post a Comment