ဒို့မြေဌာနီ ရှေးခါစီဝယ်၊
မထေရ်အပေါင်း စံရာကျောင်းမှ
ငြိမ်းငြောင်းသာယာ မိန့်အာဏာကို၊
ရပ်ရွာလူများ လွန်လေးစားခဲ့၊
ခုကားသို့နှယ် မဟုတ်ကွယ်၍
နယ်ပယ်ပွားစီး သားသမီးတို့၊ ဘုန်းကြီးကျောင်းတွင် စာမသင်တော့....
ထို့ပြင်မြို့နေ ကလေးတွေက၊
ဒို့မေဘာသာ ဒို့မေစာကို
သင်ရာကောင်းမျှ မထင်ကြဘဲ
ပြင်က လာပေး စာပထွေးကို
အလေးဂရု အရေးပြု၏။
ယခုလိုသာ နှစ်ပေါင်းကြာလျှင်၊
မြန်မာပြည်ဖွား တိုင်းရင်းသားတို့
ဘုရားကိုစွန့် တရားစွန့်၍၊
စွန့်လိမ်မှန်စွာ မြတ်သံဃာတည်း။
ထိုအခါလူများ ကိုယ်ကျင့်အားဖြင့်၊
တရားမပါ အမှားစာကြောင့်၊
များစွာခုထက် တိုး၍ပျက်လိမ့်။
သို့တွက်များပြား ဘုန်းဘုရားတို့၊ တရားကိုယ်ကျင့် လုံအောင်ကျင့်၍၊
မလင့်စေရ ကိုယ်ဒေသ၌
သိပ္ပ,ဝိဇ္ဖာ ပြသင့်ရာကို၊
ကောင်းစွာပိုင်ပိုင် ပြသနိုင်မှ
ဘုန်းလှိုင်ဟောပြ သြ၀ါဒကို၊
စိတ်ကကြည်ဖြူ လိုက်နာယူ၍၊
ကိုယ်မှု နှုတ်ပြောင်း၊ စိတ်လည်းကောင်းလိမ့်။
အကောင်း,မကောင်း အကြောင်းကြောင်းကို၊ သောင်းပြောင်းကုန်စင် အစုံမြင်၍၊
ထေရ်ရှင်ရှေ့သွား၊ ဘုန်းအများ၏
တရားစဉ်နှင့် အဆင့်သင့်သား၊ ရှင်ကျင့်ဝတ်ခေါ် ရှေးစာတော်ကို၊
ခေတ်ပေါ်လှစ်ဆင့်၊ စုံအောင်ဖွင့်သည်
မျိုးနှင့်သာသနာ တည်ကြောင်းတည်း။
❆ အရှင်ဇနကာဘိဝံသ အမှတ်(၁၁)ကျမ်းစာ ရုပ်ပုံရှင်ကျင့်ဝတ်စာအုပ်၏နောက်ဆုံးနိဂုံးချုပ်
လင်္ကာမှ နာယူမှတ်သားဖွယ်-❆
No comments:
Post a Comment