Wednesday, July 23, 2014

(ဘာ ပူစရာရှိလဲ) သက်ပိုင်

(ဘာ ပူစရာရှိလဲ)

အတိတ်ကိုတွေး ဆွေးနေမဲ့အစား
အနာဂတ်ကိုမျှော်
ကျော်ဖြတ်ရမည့် ဘဝခရီး
အထီးတည်းနော်... ။
ယီးတီးယောင်တောင်
စိတ်မကြောင်နဲ့
ချဲ့ထွင်စဉ်းစား
ဆုံးဖြတ်ထားလေ....
သေရင်မြေကြီး
ရှင်ရင်ရွှေထီး ကြိုပြီးရှေ့ရေး
ရင်မလေးဘဲ အခက်ခဲကိုဖြတ်
ကြိုးစားတတ်ရင်
ဘုရားတောင်ဖြစ်သေး
ဆိုရိုးလေးများ မြဲမှတ်သားကွယ်
မင်းလဲလူပဲ ငါလဲလူပဲ
ဘာပူစရာရှိလို့လဲ? ။ ။ ။

သက်ပိုင်

အမြတ်ဆုံး... အရှင်သီရိ (မန်း)

ရောက်တဲ့အရပ်မှာ ပျော်အောင်နေ
တွေ့တဲ့သူနဲ့ သင့်အောင်ပေါင်း
ရှိတာလေးနဲ့ လှအောင်ဝတ်
ရတာလေးနဲ့ ဝအောင်စား
ပြုပြင်မှု့က အနိစ္စ
မခံသာမှု့က ဒုက္ခ
ကိုယ်အလိုမဖြစ်တာ အနတ္တ
ပြိုင်လာလျှင် အရှုံးပေး
နှလုံးအေးတဲ့ ဆေး
စိတ်ချမ်းသာချင် စိတ်ထားတတ်
တကယ်မြတ်သလေး....။

အရှင်သီရိ (မန်း)

အသိ -သတိ (သက်ပိုင်)

(အသိ -သတိ)

ဘယ်လောက်ပင် စားရ စားရ
တစ်ဝမ်းဝရုံပဲ ။
ဘယ်လောက်ပင် ဝတ်ရ ဝတ်ရ
အရေးပြား ဖုံးရုံပဲ ။
ဘယ်လိုပင် အိပ်ရ အိပ်ရ
တစ်ရေး ဝရုံပဲ။
ဘယ်လောက်ပင် ပစ္စည်းရှိရှိ
သေရင်ပစ်ထားခဲ့ရတာချည်းပဲ ။
ဘယ်လောက်ပဲ ချစ်ခဲ့ ချစ်ခဲ့
တစ်နေ့ကျ ခွဲခဲ့ရတာပဲ ။
ဒါကြောင့်....
ကုသိုလ်ပြုလျှင် ကိုယ့်ဖို့....
ချန်ထားခဲ့လျှင် သူများဖို့....

သက်ပိုင်

Tuesday, July 8, 2014

ဗုဒ္ဓသာနာ (@tp)

ဗုဒ္ဓသာနာ ဘယ်မှာလဲလို့.....
သေချာတွေးလို့
ရှာစမ်းပါ......
စိတ်ကောင်းရှိသူ ရှင်လူများရဲ့ ..... လက်တွေထဲမှာ သာသနာရှိတာ..,..
ရှိသည့်သာသနာ မကွယ်ပအောင် တကယ်လှတဲ့စိတ်ထားပါ....
စိတ်နဲ့တန်သလို ဘဝတွေမြင့်လို့....
စိတ်ယုတ်တွေလည်းဖယ်ထုတ်ပါ....
ကောင်းမှုအညီညီ အလီလီပြုလို့
သာသနာပြုလုပ်ငန်းမှာ....
သူရော..ငါရော.,ပါဝင်နှော
သဘောညီစေရာ...
အဲဒါမှ သာသနာတော်ကြီး အခိုင်ဖြီး တည်ပြီးတံ့နေမှာ...
*@tp*

Monday, July 7, 2014

ဒို့ရန်​သူ (မျိုးဆက် အောင်သာ)

ဒို့ရန်​သူ

ဆင်းရဲခြင်းကို၊ ချမ်းသာဆို၊
စိတ်​ကိုချယ်​လှယ်​ထား။
ချယ်​လှယ်​ထားသူ၊ အဝိဇ္ဇာဟူ၊
တမူသိ​အောင်​လုပ်​။

အသုဘကို၊ သုဘဆို၊
စိတ်​ကိုချယ်​လှယ်​ထား။
ချယ်​လှယ်​ထားသူ၊ အဝိဇ္ဇာဟူ၊
တမူသိ​အောင်​လုပ်​။

အဝိဇ္ဇာတရား၊ စိတ်​ဝယ်​ထား၊
ဂတိမှားတတ်​တယ်​။
ဥာဏစက္ခု၊ ​မျှော်​​ထောက်​ရှု့၊
သိမှု့ဝိဇ္ဇာပွား။
စိတ်​ကိုချယ်​လှယ်​၊ ဒို့ရန်​စွယ်​၊
ခုတ်​ပယ်​ရှင်းလင်းကြ။ ။

မျိုးဆက်​ ​အောင်​သာ

နားခါးစရာ​လေးဌာန

နားခါးစရာ​လေးဌာန

သဒ္ဒါမရှိ၊မသိသူကို
သဒ္ဒါတရား၊​ပြောဆိုငြားက
သူကားရန်​မူ၊ဆဲ၏ဟူ၏။

သီလမရှိ၊မသိသူကို
သီလစကား၊​ပြောဆိုငြားက
သူကားရန်​မူ၊ဆဲ၏ဟူ၏။

ပညာမရှိ၊မသိသူကို
ပညာစကား၊​ပြောဆိုငြားက
သူကားရန်​မူ၊ဆဲ၏ဟူ၏။

ဝီရိယမရှိ၊မသိသူကို
ဝီရိယစကား၊​ပြောဆိုငြားက
သူကားရန်​မူ၊ဆဲ၏ဟူ၏။ ။

မျိုးဆက်​၊​အောင်​သာ

Tuesday, July 1, 2014

ဓမ္မစာစု

နာရီစက္ကန့်တန်တွေ ကမ္ဘာကြီးရဲ့ စိန်ခေါ်မှု့အောက်မှာ အထပ်ထပ် လှည်ပတ်နေကြတယ်
ဒီလိုနဲ့ မာရဏတံခါးဝကို ရောက်ရှိသွားကြတာ အများကြီးပဲ
လောကကြီးထဲ ဝင်ရောက်လာတဲ့ သူငယ်ချင်းတို့ရေ လူပြည်ရောက်ခိုက် ဘာလုပ်သင့်လဲ စည်းစားဆင်ခြင် သတိဝင်ကာ ကောင်းမှု့အပင် စိုက်ဖို့ပြင်လော
သို့မှသာလျှင် လူဘဝ မြင်မြတ်လှမည်ပ

ရသစာစု

➳ Never underestimate the power of forgiveness.
➳ ခွင့်လွှတ်ခြင်း၏စွမ်းအားကို ဘယ်တော့မှ အထင်​သေးပါနှင့်။

ရသစာစု

➳ Rich miser is poorer than a poorer than a poor man.

➳ ကပ်စေးနည်းသောသူဌေးသည် ဆင်းရဲသော သူထက်ပိုဆင်းရဲသည်

ရသစာစု

❆ A man should not sleep on silk till he has walked on sand.

❆ သဲလမ်းပေါ်မ​လျှောက်ဖူးသ​ရွေ့ ပိုးထည်ပေါ်မအိပ်စက်သင့်ပေ။

ရသစာစု

❆ A man should not sleep on silk till he has walked on sand.

❆ သဲလမ်းပေါ်မ​လျှောက်ဖူးသ​ရွေ့ ပိုးထည်ပေါ်မအိပ်စက်သင့်ပေ။

ရသစာစု


သာသနာ့ရောင်ဝါ

ဝတ်စားဆင်ယင် ထုံးဖွဲ့ဆင်
မြန်မာဆန်မှ ရှုတိုင်းယဉ်
ယဉ်ကျေးပါမှ မြန်မာအလှ
ဘိုးဘွားအမွေ ထိမ်းသိမ်းကြ......

သာသနာရေး တည်တံ့စေရာ
မောင်တို့ မယ်တို့စည်းလုံးပါ
ဝိုင်းဝန်းကာဆောင်ရွှက်ပေး
တို့ဘာသာရဲ့ သာသနာရေး....

.မောင်တို့မယ်တို့ မွေးရပ်ဟာ
သာသနာ့ရောင်ဝါတဲ့ ရွှေမြန်မာ
ရိုးရာအမွေ ထိမ်းသိမ်းရေး

သာသနာရေးကိုဦးစားပေး....
မျိုးမတူဘာသာ ကွဲပြားတာ
မျိုးယုတ်ကုလား အမြဲရှောင်ပါ
အခုချိန်ခါ ရှောင်ပါမှ

နာင်အခါတွက်စိတ်အေးရ......

✏ @.T.P. ❆

ရသစာစု


အ​တွေးတစ်​ချက်

ကုသိုလ်ဥစ္စာ ခန့်ကျန်းသာ၍
ပညာတန်ခိုး တစ်မျိုးမျိုးမှ
အကျိုးမထွက် ထိုနေ့ရက် ဝမ်းနည်းဖို့ကောင်းသည် အို့မိတ်ဆွေ...

အနေလဲကောင်း စိတ်လဲကောင်း ကောင်းကောင်းပညာ တတ်မှသာ ကြီးပွားလိုက်မည် တို့မိတ်ဆွေ......

အနေမကောင်း စိတ်မကောင်း ကောင်းကောင်းပညာ မတတ်ပါ ဆုတ်ယုတ်လိမ့်မည်အို့မိတ်ဆွေ.......

လူ့ဘုံထုံးစံ ကဲ့ရဲ့ဒဏ်က
များလှပေမဲ့ စိတ်ဇွဲသန်သန်
နောက်မပြန်ပဲ ရဲမာန်ရဲဆေး
ရဲစိတ်မွေးလျှက် ရဲသွေးနီနီ စိတ်တည်ကြည်လျှက်
ခရီးဆက်ပါ အို့မိတ်ဆွေ.....

T.P

ဓမ္မစာစု


ခန္တီပရမ

နှိပ်စက်စော်ကား၊ အမှုများ၊ ခံထား ခန္တီပါ။
ချမ်းပူ စထား၊ ဘေးဒဏ်များ၊ ခံထား ခန္တီပါ။

ခန္တီကျင့်က၊ မေတ္တာမျှ၊ ဒေါသကင်းရှင်းသည်။
ကုသိုလ်တိုင်းတွင်၊ ခန္တီပင်၊ ပါဝင်စေရမည်​။

❆ သီတဂူဆရာ​တော်​❆

ဓမ္မစာစု

ဒို့မြေဌာနီ ရှေးခါစီဝယ်၊
မ​ထေရ်အ​ပေါင်း စံရာကျောင်းမှ
ငြိမ်းငြောင်းသာယာ မိန့်အာဏာကို၊
ရပ်​ရွာလူများ လွန်လေးစားခဲ့၊

ခုကားသို့နှယ် မဟုတ်ကွယ်၍
နယ်ပယ်ပွားစီး သားသမီးတို့၊ ဘုန်းကြီးကျောင်းတွင် စာမသင်တော့....

ထို့ပြင်မြို့နေ က​လေးတွေက၊
ဒို့မေဘာသာ ဒို့မေစာကို
သင်​ရာကောင်းမျှ မထင်ကြဘဲ
ပြင်​က လာပေး စာပ​ထွေးကို
အ​လေးဂရု အ​ရေးပြု၏။

ယခုလိုသာ နှစ်ပေါင်းကြာလျှင်၊
မြန်မာပြည်ဖွား တိုင်းရင်းသားတို့
ဘုရားကိုစွန့် တရားစွန့်​၍၊
စွန့်​လိမ်မှန်စွာ မြတ်သံဃာတည်း။

ထိုအခါလူများ ကိုယ်ကျင့်အားဖြင့်၊
တရားမပါ အမှားစာကြောင့်၊
များစွာခုထက် တိုး၍ပျက်လိမ့်။

သို့တွက်များပြား ဘုန်းဘုရားတို့၊ တရားကိုယ်ကျင့် လုံအောင်​ကျင့်​၍၊
မလင့်စေရ ကိုယ်ဒေသ၌
သိပ္ပ,ဝိဇ္ဖာ ပြသင့်ရာကို၊
ကောင်းစွာပိုင်​ပိုင် ပြသနိုင်​မှ
ဘုန်းလှိုင်ဟောပြ သြ၀ါဒကို၊
စိတ်ကကြည်ဖြူ လိုက်နာယူ၍၊
ကိုယ်မှု နှုတ်ပြောင်း၊ စိတ်လည်းကောင်းလိမ့်။

အ​ကောင်း,မ​ကောင်း အ​ကြောင်းကြောင်းကို၊ သောင်းပြောင်းကုန်စင် အစုံမြင်၍၊
ထေရ်​ရှင်ရှေ့သွား၊ ဘုန်းအများ၏
တရားစဉ်နှင့် အဆင့်သင့်သား၊ ရှင်​ကျင့်​ဝတ်ခေါ် ရှေးစာတော်ကို၊
ခေတ်ပေါ်လှစ်ဆင့်၊ စုံအောင်​ဖွင့်​သည်
မျိုးနှင့်သာသနာ တည်ကြောင်းတည်း။

❆ အရှင်​ဇနကာဘိဝံသ အမှတ်(၁၁)ကျမ်းစာ ရုပ်ပုံရှင်​ကျင့်​ဝတ်စာအုပ်၏နောက်ဆုံးနိဂုံးချုပ်
လင်္ကာမှ နာယူမှတ်သားဖွယ်-❆

ဓမ္မစာစု

အဓိဋ္ဌာန်

ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဘို့
ခုလောက် ကြိုးကုတ် အားမထုတ်ဘူး။
ဗုဒ္ဓမြတ်စွာသာသနာ၏ ရှေးခါဘိုးဘ
လက်ထက်ကလျှင် ရသည့်တန်ခိုး
ထက်မငြိုးအောင် အားကြိုးမာန်တက်
ငါဆောင်​ရွက်​သည်....
ဆက်လက်တည်တံ့ ပါ​စေ​သော်ဝ်​....

❆ အရှင်​ဇနကာဘိဝံသ ❆

ဓမ္မစာစု

ဦးတည်မပျက် ရှေ့သို့ဆက်

➳ လူ့ဘုံထုံးစံ ကဲ့ရဲ့ဒဏ်ဖြင်၊့
ရန်မာန်ပိတ်သဲ ခရီးခဲ၌၊
စိတ်ဇွဲသန်သန် နောက်မပြန်ဘဲ၊
ရဲမာန်​ရဲ​သွေး ရဲစိတ်မွေးလျက်၊
ရဲသွေးနီနီ စီစီရီဖြင့်၊
ဦးတည်မပျက်၊ ရှေ့သို့ဆက်လော့။

❆ အရှင်​ဇနကာဘိဝံသ❆

ဓမ္မစာစု

အိုးမဖုတ်ခင် အိုးလုပ်စဉ်ဝယ်
အိုးတွင်နှိပ်ခတ် တံဆိပ်မှတ်ကား
မပြတ်မစဲ အိုးပင်​ကွဲလည်း
အမြဲမ​သွေ တည်​ရှိနေသို့
ထိုထိုသွေးသား က​လေးများသို့
ဘုရားတံဆိပ် ဘာသာစိတ်ကို
ခပ်နှိပ်နိုင်​မှ သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ စွဲ၍တည်မည်
ကိုယ်စီတံဆိပ် ခပ်နှိပ်သောဝ်။ ။

❆ ရှင်​ဇနကာဘိဝံသ❆

ဓမ္မစာစု

သာသနာ နောက်ဖျား..
ပေါက်ဖွားကြဆူဆူ
ယောက်ျားပ ငါလိုလူ..
ဇမ္ဗူမှာ ရှာစမ်း.။

အားလုံ့လအလံထူ
စံမတူ ထိုးတော့ဥဒါန်း။
လောကီမှုပ​ဒေသာ
ထွေတလာ ဥာဏ်ဆန်း။
ကေသရာ ဥာဏ်အစွမ်းဟာမို့
ဈာန်လမ်းကို အပြီးတိုင်။
ဝသီဘော်အစုံငါး..
အကုန်သား.. စိုးရပိုင်နိုင်။

ဗြဟ္မာအောက်ထက်
မိုးခရိုင်​မှာ တန်ခိုးမြိုင်မြိုင်
အောင်​လံစိုက်လို့ စံလိုက်မယ့်ပအ​ကျော်
ငြီးဘူးပျော်ပျော်.။
မိတေးသခင့် အောင်​ပွဲတော်မှာ
နောင်​ရဲ့အ​မော် လုပ်စမ်းမယ်​ပ​လေး။


❆ လယ်​တီဆရာ​တော်​ ❆

ဓမ္မစာစု

ငါးအာရုံဘင်​အစု၊ ခင်​မှုနဲ့နေ့ကုန်။
နင်ယခုမေ့ပုံလို၊ တွေ့မကြုံစခန်း။
ပါယ်လေးဝ သောကဘုံမှာ၊
မျောရရုံ ရှိတော့မခန်း။
အောက်ဝီစိ သေခင်းအငူမှာ၊
ခေါင်းမပြူစတမ်း။
နှစ်အရှည် နစ်မည်လမ်းကိုလ၊
နင်မျှော်စမ်း နင့်ကိုယ်။
ဒေသနာထင်​ အလင်းရယ်နှင့်၊
နင့်အဖျင်း ပိုထက်သာပို။
သည်လောဘ စရိုက်အိုကို၊
မလိုက်လို ရှောင်​ပစ်လို့၊
နောင်​အသစ် တကယ်ပြင်​လျှင်၊
ကောင်းဘို့အစဉ်။
ခွင့်သာခိုက်မှ မလိုက်ချင်​လျှင်​၊
အမိုက်နှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာဆဲမှ မခဲချင်​လျှင်
အလွဲနှင့်ပြင် ရှိသေးလေလိမ့်လား။
ခွင့်သာတုန်းကမှ မရုန်းချင်​လျှင်၊
အရှုံးနှင့်ပြင် ရှိသေးလေလိမ့်လား။

❆ လယ်​တီဆရာ​တော်​ ❆

ဓမ္မစာစု

တစ်​​နေကွယ် သေနယ်သို့တစ်​ခါကူး မေ့လျော့ကာသေဘူးထင်​နဲ့ နေကွယ်တာအကြိမ်များလျှင် သေနယ်​ရွာတစ်ကြိမ်သွားရမယ်
တားမရဘူး။

❆ လယ်​တီဆရာ​တော်​ ❆

ဓမ္မစာစု

စိတ်သည် တောမျောက်ကဲ့သို့
လော်လည်၏ အလိုမလိုရကား....
ကာလကို လူမစားလျှင်
လူကိုကာလ စားသည်။

❆ ပထမ​ရွှေကျင်​ဆရာ​တော်​ ❆

ဓမ္မစာစု

➳ ကျားကြောက်၍ပြေးစဉ် ခွေးဟောင်းသည်ကို အ​ရေးမမူရ။
➳ ငရဲကြောက်၍ သီလ​စောင့်စဉ်
(သံသရာကို ကြောက်၍ ပါရမီ ဖြည့်စဉ်)
မသူတော် ညှဉ်းဆဲသည်ကို အ​ရေးမမူရ။

❆ ပထမ​ရွှေကျင်​ဆရာ​တော်​ ❆

တွေးစရာမှတ်​စရာ

♨ တပည့်​တစ်​​ယောက်​သည်
အတတ်​ပညာကိုလိုချင်​လွန်းလှသဖြင့်
အမျိုးအမည်​များစွာ​သော
အတတ်​ပညာကို သင်​ယူ၏။

♨ ထိုသူသည်​ အိပ်​မက်​မက်​​သော
သူအ,ကဲ့သို့ မိမိသင်​ယူခဲ့​သော
အတတ်​ပညာကို ​ပြောပြရုံမျှ
ဘာမှမတတ်​,မသိနိုင်​​ချေ။


❆ ​လောကနီတိ ❆

တွေးစရာမှတ်​စရာ

➳ ပန်းပဲဆရာ၏
အဖြတ်​မခံ​သောသံတုံးသည်
လက်​နက်​မဖြစ်​။

➳ ​ကျောက်​ဆစ်​ဆရာ၏
အထုမခံ​သော​ကျောက်​တုံးသည်
အရုပ်​မဖြစ်​။

➳ ဆရာ​ကောင်း၏
အဆုံးအမမခံ​သောတပည့်​သည်
သူ​တော်​​ကောင်းမဖြစ်


❆ ပထမ​ရွှေကျင်​ဆရာ​တော်​ ❆

တွေးစရာမှတ်​စရာ

❆ အရုပ်​ဆိုး​သောသူသည်
စကားများတတ်​၏

➳ အသိပညာအားနည်း​သောသူသည်
ဝင့်​ဝါ ပလွှားတတ်​၏

❀မပြည့်​​သောအိုးသည်
ဘောင်​ဘင်​ခတ်​တတ်​၏

♨ နို့မထွက်​​သောနွားမသည်
ကန်​တတ်​၏


❆ ​လောကနီတိ❆

တွေးစရာမှတ်​စရာ ✏ ​ငွေလဝန်း ✏

ငယ်စဉ်ကာလက
မိဘတို့တတ်မသင်
စင်စစ်ကယ် ရန်သူတဲ့
ဥာဏ်ရှိသူ ဗိုလ်လူတဲ့
ပွဲကြော့မဝင်
ဟင်္သာခွင် တောင်စဉ်ဖြူလှ
ပုံမူနည်း အအော်ရိုင်း
ဗျိုင်းနှင့်တူစွ

❆ ​ငွေလဝန်း❆

တွေးစရာမှတ်​စရာ(ငရဲ​ရောက်​မဲ့ဟာ​တွေ) ✏ သိန်းထွန်းဝင်း ✏

-တခါးဖွင့်ထားလေသမျှ
လေမျိုးစုံက၀င်လာ
အသိဥာဏ်တထွာလောက်နဲ့
နုနယ်တဲ့လူတွေဟာ
လေတိုက်တာခံရ
နှာဖျားကဥာဏ်မကူ
သွင်းရှူတဲ့ညစ်ညမ်းလေ
မိန်းမတွေဘီယာသောက်
ယွင်းဖောက်တဲ့အမှားတစ်ခု
ယဉ်ကျေးမှုယူဆ
ဝတ်ကြတဲ့စကတ်တို
တစ်ပေကိုမပြည့်ချင်
မြင်မြင်သမျှလိုက်တု
မှားမှန်မှုမခွဲခြား
ဆင်ခြင်တုံတရားမရှိ
မျိုးမိဘလည်းမနိုင်
တွေမှိုင်လို့မျက်ရည်ကျရင်း
သက်ပြင်းသာခါခါချ
ပညာကမတတ်လေတော့
မှားကြပေါ့ရိုင်းပေါ့လေ
နောင်တတွေတသီရလေမှ
ဘုရားတလည်းမမှီ
ငရဲဆီသာအာရုံပြုလေတော့---

❆ ❆ သိန်းထွန်းဝင်း ❆ ❆

တွေးစရာမှတ်​စရာ (သံ​ဝေဂလင်္ကာ)

မှတ်ကာစွဲယူ များဗိုလ်လူတို့
နိဗ္ဗူမရ ဆင်းရဲကြလိမ့်
လောကသုံးခွင် ဘုံအပြင်ဝယ်
ဖြစ်လျှင်ပျက်မြဲ မှန်မလွဲတည်း
သုံးစွဲဖို့ရာ များဥစ္စာလည်း
ကံကြမ္မာပေး ရပြန်သေးက
ပျက်ရေးတစ်ဖန် တွေ့ကြုံပြန်၏
ချစ်လျံဝေဝေ ချစ်သူတွေနှင့်
ချစ်လေသမျှ ပေါင်းဆုံကလည်း
ခွဲရမည်မှာ မလွှဲသာတည်း
ရှည်စွာအသက် တည်ရှိလျှက်လည်း
ပုခက်နဲ့ပေ ဝေးလေလေ၍
နီးလေပျဉ်ခေါင်း အမှန်အောင်းလိမ့်
အကြောင်းမလျှော် သုံးရက်ကျော်က
ပုတ်စော်ညှီနှံ့ ရန်တွေ့ပြန်သို့
အမှန်ချစ်သူ မကပ်မူပဲ
လျှက်လျူရှုသုံး တကယ်မုန်း၏
နောက်ဆုံးရောက်ခါ မြို့ပြည်ရွာနှင့်
သွားရအပြီး လူမင်္နီးသည့်
တောကြီးမြိုင်ယံ မြေသုသာန်ဝယ်
မြုတ်နှံဘိလျှင်း ခြောက်ပေတွင်း၌
စင်းစင်းအိပ်ကာ နေရရှာ၏
ပုထုဇဉ်​တို့ လောကဓံလွတ်ကြောင်း
ဆုပန်တောင်းသည့် လမ်းကောင်းမဂ္ဂင်
ရှစ်အင်ဓမ္မ အဝဝကို နေ့ညမကွာ
ကြိုးစားရာသည် ခေမာရောက်မှ
အေးမည်တည်း။

❆ ​ငွေလဝန်း❆

တွေးစရာမှတ်​စရာ

တစ်ပိုင်းကြောင်
ကျက်စာရရုံနှင့်
ခက်ပါလှသဘောဉာဏ်
ထက်မာနအပြောသန်တယ်
ဒေါသမာန်ထူပွား
စောတကတုဘက်လာလျှင်
သူ့ထက်ငါ ငြင်းတဲ့လူစား
ပိဋကတ် အစွယ်ထောင်လျှင်
အပါယ်ဘောင်ဆင်းရလိမ့်လေး....



❆ လယ်​တီဆရာ​တော်​ ❆
✏ ✏ ~ အယ်​ခဲလူမှမျှ​ဝေသည်​✉

တွေးစရာမှတ်​စရာ

အလမ္ပာယ်​ဆရာ
ဂါထာမန်းနိုင်​မှ ​မြွေမကိုက်​။
လာဘ်​ရသူ
ပဋိသင်္ခါမန်းနိုင်​မှ လာဘ်​မကိုက်​။

❆ ပထမ​ရွှေကျင်​ဆရာ​တော်​ ❆

တွေးစရာမှတ်​စရာ

❀​တောမီးသည်
သစ်​ရွက်​​ခြောက်​ကို ​လောင်​လွယ်​၏
သစ်​ရွက်​စိုကို​လောင်​မြိုက်​ခြင်းငှါ
မတတ်​နိုင်​ပါ။
❀မသူ​တော်​မီးသည်
မေတ္တာခန်းသူကို ​လောင်​လွယ်​၏
မေတ္တာဖျန်းသူကို
မ​လောင်​ကျွမ်း​စေနိုင်​။

❆ ပထမ​ရွှေကျင်​ဆရာ​တော်​❆ 

တွေးစရာမှတ်​စရာ

ကျင်​ကြီးသည်
နွေးသည်​ဖြစ်​​စေ....
အေးသည်​ဖြစ်​​စေ...
အဆင်းလှသည်​ဖြစ်​​စေ....
မလှသည်​ဖြစ်​​စေ....
ရွံဖွယ်​သာတည်း။
❆ မသူ​တော်​သည်
အမျက်​သည်​ဖြစ်​​စေ...
မထွက်​သည်​ဖြစ်​​စေ...
စကားလုံးလှသည်​ဖြစ်​​စေ...
မလှသည်​ဖြစ်​​စေ....
ရွံဖွယ်​သာတည်း။



❆ ပထမ​ရွှေကျင်​ဆရာ​တော်

တွေးစရာမှတ်​စရာ (အ​ကောင်းနဲ့အဆိုး )

❆ အများအကျိုး
ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း
မဖဲ့မစောင်း ကိုယ်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေ့ရှုနှင်လော့.........
❆ ငါတို့ဖြစ်ရ လူဘဝဝယ်
ဘဝသမိုင်း မရိုင်းစေရန်
စိတ်မာန်မချ မာနမပါ
သင်စွမ်းရာဖြင့်
တို့သာသနာ တို့ပြည်ရွှာကို
သာယာစေမှု လုံးလပြုလောတို့မိတ်ဆွေ........
❆ ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့ ခုလောက်ကြိုးကုတ် အားမထုတ်ဘူး
ဗုဒ္ဓမြတ်စွာ သာသနာ၏
ရှေးခါဘိုးဘလက်ထက်ကလျှင်
ရသည့်တန်ဖိုး ထပ်မညိုးဖို့
အားကြိုးမာန်တက်
ဆောင်ရွှက်ကြလေ တို့မိတ်ဆွေ
တို့သာသနာကြီး တည်တံ့စေ.......