Friday, August 29, 2014

''ရောက်တတ်ရာရာများ'' အရှင်ဇနက ( နောင်မို )

'' တရုတ်ကြီး၏ ဆွမ်းတော်ကပ်ပုံ''
တစ်ခါတုန်းက တရုတ်ကြီးတစ်ယောက်
ဘုရားစဉ်မှာ နေ့ဆွမ်းဆက်ကပ်ချိန်ရောက်တော့
ဘုရားစဉ်သို့လာပြီးတော့ ''ရော့ အရှင်ဘုရား
ဒီထမင်းနဲ့ ငါးကြော်လေးကို အရင်စားနှင့်ပါ။
တီတီ တာတာ ပလီပလာကတော့
မိအေးပြန်လာမှ ပြောလိမ့်မယ်''။

''အင်အားရှိမှပါ့လား''
တစ်ခါတုန်းက တရုတ်ကပြား
လင်းမယာနှစ်ယောက်ရှိသတဲ့။
တစ်နေ့ မယားဖြစ်သူက
ရှင် ကျောင်းသွားပြီး သီလလေး
ဘာလေးသွားယူပါဟု တိုက်တွန်းလေသည်။

ဟာ မိန်းမကလည်း ငါမှ သီလမယူတတ်တာ။
ရှင်ကလည်း သီလယူတာ ဘာမှမခတ်ပါဘူး။
ရှေ့ကဘုန်းကြီးပြောတာ လိုက်ဆိုရုံပဲ။

မိဘပြောတစ်လ မယားပြော
တစ်ညဆိုသည့်အတိုင်း တရုတ်ကြီးက
အေးပါကွာ မင်းသဘောမင်းသဘော
ငါမနက်ဖြန် သီလသွားယူပါ့မယ်။

ဒီလိုနဲ့ တရုတ်ကြီးတစ်ယောက် သီလယူဖို့
ဘုန်းကြီးကျောင်းကို ထွက်လာခဲ့ပါတယ်။
ဘုန်းကြီးကျောင်းကို ရောက်တော့
သူအရင်ဆုံးတစ်ယောက်ထဲဖြစ်နေပါတယ်။

ဒါနဲ့ ကျောင်းပေါ် ကုတ်ကုတ်နဲ့ တက်သွားရာ
အပေါ်ရောက်တော့ ကုလာထိုင်မှာ
ထိုင်နေတဲ့ ဆရာတော်ကိုတွေ့ပါတယ်။

ဟ တရုတ်ကြီး မလာစဖူး အလားထူးနေပါ့လား ဟုမေးရာ
တရုတ်ကြီးကလည်း အင်း မိန်းမက
ရှေ့ကပြောတဲ့အတိုင်း လိုက်ဆို ဆိုတော့

ဘုန်းကြီးပြောတဲ့အတိုင်း ဟ တရုတ်ကြီး
မလာစဖူး အလာထူးနေပါ့လား။

ဘုန်းကြီးက
ဟယ် ဒီတရုတ် ငါ့ကို လာနောက်နေတာလား။
တရုတ်ကြီးကလည်း
ဟယ် ဒီတရုတ် ငါ့ကို လာနောက်နေတာလား။

ဘုန်းကြီး စိတ်တိုပြီး
နားရင်း တစ်ချက်တီးလိုက်တဲ့အခါ
တရုတ်ကြီးကလည်း
ပြန်ပြီးတော့ တစ်ချက်ဆော်လိုက်ပါတယ်။

ဘုန်းကြီးက အပေါ်သင်္ကန်းချွတ်ပြီး
နားပန်းလုံးတော့ တရုတ်ကြီးလည်း
အင်္ကျီချွတ်ပြီး ပြန်လုံးပါတယ်။

အပေါ်က ဘုန်းကြီး တစ်ခါ
ရောက်ရင် သူလည်းတစ်ခါ ရောက်အောင်
လုံးပါတယ်။
ဒီလိုနဲ့ ဘုန်းကြီးက မောမောနဲ့
ကုလားထိုင်မှာ ပြန်ထိုင်တော့
တရုတ်ကြီးလည်း
အင်း သီလယူခြင်းကိစ္စ ပြီးပါပေါ့လား။

အင်း မလွယ်ဘူး မလွယ်ဘူး။
သီလယူရတာ အတော်အတန်
အားမရှိရင် သီလယူလို့ မရဘူးပဲ။

ငါ့မိန်းမ ဘယ်လိုများ
သီလ ယူတာလဲမသိဘူး။

 

Wednesday, August 27, 2014

ကာလသုံးပါး ဆင်​ခြင်​ပွား

"ကာလသုံးပါး ဆင်​ခြင်​ပွား"
♕ ♕ ♕ ♕ ♕
ဤလင်္ကာ​တွေကို​တော့...
အ​ဝေရာရာမရန်​ကင်း...
ဆရာ​တော်​က
ရေးစပ်​ထားတာပါ....

ပြုမည်​ကြံလျှင်​၊ မပြုခင်​၊
ကြိုတင်​စဉ်းစားပါ ။
မိမိ-သူတစ်​ပါး၊ထိခိုက်​ငြား၊
ရှောင်​ရှား​ဝေး​ဝေးခွာ ။
မထိခိုက်​လျှင်​၊ အမှန်​ပင်​၊
ပျော်​ရွှင်​ပြုလုပ်​ပါ ။

၂ - ပြု​နေစဉ်​လဲ၊ သင့်​စိတ်​ထဲ၊
အမြဲဆင်​ခြင်​ပါ ။
အပြစ်​မကင်း၊သိတုံလျင်း၊
ချက်​ချင်းရပ်​တန့်​ပါ ။
အပြစ်​ကင်းစင်​၊သိရလျှင်​၊
ပျော်​ရွှင်​ဆက်​လုပ်​ပါ ။

၃ - ပြုပြီးလျှင်​လဲ၊ သင့်​စိတ်​ထဲ၊
အမြဲဆင်​ခြင်​ပါ ။
အပြစ်​ရှိငြား၊ ဖွင့်​​ပြောကြား၊
ရှောင်​ရှား​နောက်​​နောင်​ခါ ။
အပြစ်​မရှိ ၊ သိတုံဘိ ၊
ပီတိဖြစ်​​နေပါ ။

ပြန်​လည်​မျှ​ဝေသူ...
သူ့ရှင်​{က​လေး}

 

Tuesday, August 26, 2014

လက်ခံမှာလား - ခွန်လမင်း

တစ်မိုးအောက်တစ်ယောက်
မချစ်ရသောသူမို့
ကိုယ်မင်းနားပြန်လာပြီ
မင်းလက္ခံမှာလား ချစ်သူ
ရင်မှာအရင်အတိုင်းပဲ
မင်းကိုချစ်တယ်ကွာ
ကြယ်တွေစုံတဲ့ညမှာ
တို့နှစ်ယောက်ပြန်ဆုံကြမယ်
ချစ်သူ

 

မေတ္တာစကားဖြင့် အေးချမ်းပါ - အရှင်ဇနက ( နောင်မို )

''မေတ္တာစကားဖြင့် အေးချမ်းပါ''
အရှင်ဇနက ( နောင်မို )

လူ့လောက ပတ်ဝန်းကျင်တစ်ခု၌
အဆင်ပြေစွာ နေနိုင်ရန်
ပြောဆို ဆက်ဆံမှုသည်
အလွန်အရေးပါလှပါသည်။

အပြောမတတ်ရင် ဆဲသကဲ့သို့
ဖြစ်တတ်ပါသည်။

လူတစ်ဦးနှင့်တစ်ဦး ပြောဆိုရာ၌
မေတ္တာဖြင့် ပြောဆိုဆက်ဆံတတ်ဖို့
လိုအပ်ပါသည်။

စကားပြောဆိုရာ၌.....

၁။ ပြောသင့်သော အချိန်အခါ၌သာ
ပြောဆိုရပါမည်။ မပြောသင့်သော
အချိန်အခါ၌ မပြောဆိုရပါ။

မိမိပြောသည့်စကားသည်
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
အချိန်အခါကို ကြည့်ပြီး ပြောရပါမည်။

စကားပြောရာ၌ စေတနာမှန်ကန်ပါသော်လည်း
ကာလ, ဒေသ, ပုဂ္ဂလစသည်ကို
မသုံးသပ်ဘဲ ပြောဆိုပါက
အကျိုးမရ အချည်းနှီးဖြစ်ရုံသာမက
အန္တရာယ်ပင် ကျရောက်တတ်ပါသည်။

သာဓကအားဖြင့်
တစ်ခါတုန်းက ဗြဟ္မဒတ်မင်းကြီး
ကိုးကွယ် ဆည်းကပ်သော
ရသေ့တစ်ပါးရှိလေသည်။

ထိုမင်းဆရာ ရသေ့သည် နေ့စဉ်နေ့တိုင်း
ဗြဟ္မဒတ်မင်းကြီးအား
အဂတိတရား မလိုက်စားဖို့
ခန္တီ, မေတ္တာ, ကရုဏာနှင့် အုပ်ချုပ်ရန်
ဆုံးမ သြဝါဒ မိန့်မှာလေ့ရှိသည်။

တစ်နေ့သောအခါ ရသေ့ကြီးသည်
ခရီးထွက်ခဲ့ရာ 'အဝါရိယ' အမည်ရှိ
လှေသမားအား ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့
ပို့ခိုင်းလေသည်။
တစ်ဖက်ကမ်းသို့ ရောက်သောအခါ
ရသေ့ကြီးသည် လှေသမားအား
လှေကူးခ အဖိုးအခအဖြစ်
သြဝါဒစကား ပြောကြားလေသည်။

ထိုအခါလှေသမားသည်
မရှိလို့ ဝမ်းစားရှာနေရတဲ့အထဲ
လှေကူးခ အသပြာ အခကြေးငွေ
မပေးဘဲ စကားပေးရမလားဆိုပြီး
ရသေ့အပေါ် ခွစီးကာ လက်သီဖြင့်
ထိုးလေတော့သည်။

ဤသတင်းကို မင်ကြီးနား
ပေါက်ကြားသောအခါ
လှေသမားမိသားစု မင်းဒဏ်သင့်၍
ပျက်စီးရလေသည်။
(ဇာ၊ ဋ္ဌ၊ ၃၊ ၂၁၄)

ရသေ့ကြီးသည် မင်းကြီးကို
ဆုံးမစကားပြောကြားသော်
အကျိုးရှိသော်လည်း
လှေသမားကို ဆုံးမသည့်အခါ
အကျိုးမဲ့ဖြစ်ရသည်။

''ကောင်းသော စကားပင်ဖြစ်သော်လည်း
ကာလ, ဒေသ, ပုဂ္ဂလစသည်ကို
ထည့်သွင်းရန်လိုအပ်ကြောင်း
သတိရှိသင့်ပါသည်။

၂။ နူးညံ့သိမ်မွေ့စွာ ပြောဆိုရမည်။
ကြမ်းကြမ်းတမ်းတမ်း မပြောဆိုရ။

လူအများသည် စိတ်ကြည်လင်သောအခါ
ချိုချိုသာသာ ပြောဆိုတတ်ကြပြီး
ဒေါသဖြစ်သောအခါ ကြမ်းတမ်းစွာ
ပြောဆိုတတ်ကြပါသည်။

စိတ်ဆိုးသည်ဖြစ်စေ မဆိုးသည်ဖြစ်စေ
ချိုသာ ယဉ်ကျေးစွာ ပြောဆိုရပါမည်။

ဘုရားအလောင်း ဗာရာဏသီ၌
ဘုရင်ဖြစ်စဉ်အခါက
ဘုရားအလောင်း၏ မယ်တော်သည်
ဒေါသကြီး၍ ကြမ်းတမ်း ခတ်ထန်သည်။

ဘုရာအလောင်သည် မယ်တော်ကို
ဆုံးမဖို့ရာ အကြောင်း ဥပမာ ရှာနေသည်။

တစ်နေ့ ဘုရားအလောင်း
မယ်တော်နှင့်အတူ ဥယျာဉ်ထွက်ရာ
လမ်း၌ တစ်တီတူးငှက်
အော်သံကြားရာ လူအများက
အို--အသံဆိုးသော ငှက်ရယ်
မမြည်ပါနဲ့တော့ဟု ပြောဆိုကြကား
နားပိတ်ပါသည်။

ဥယျာဉ်ထဲ လှည်ုနေစဉ် အပွင့်တွေ
ဝေဆာနေသော အင်ကြင်ပင်ကြီးပေါ်မှ
ဥသြငှက်တွန်မြည်သောအခါ

အို---
သာယာသော ငှက်ကလေးရယ်
မြည်ပါဦးဟယ်ဟု လည်ဆန့် နားထောင်ကြသည်။

ဤအချက်ကို သက်သေတင်ကာ
ဘုရားအလောင်းမင်းကြီးက
''မယ်တော် တစ်တီတူးငှက် အသံကြားတော့
လူတွေနားပိတ်နေကြတယ်။
ကြမ်းတမ်းသောအသံကို မည်သူမျှ
မကြိုက်ကြ'' ဟု ပြောပြီးနောက်

''မယ်တော် အဆင်းလှပလျှက်
အသံဆိုးဝါးပါက မည်သူမျှမကြိုက်
မနှစ်သက် မချစ်မြတ်နိုးကြ။
အဆင်းမလှသော်လည်း နူးညံ့ ချိုသာ
ယဉ်ကျေးစွာတွန်တတ်သော ဥသြငှက်ကို
လူတွေချစ်မြတ်နိုးကြပါတယ်''။

သို့ဖြစ်၍ ဤဥပမာကိုနှိုင်းချိန်ကာ
ချိုသာသော စကားကိုသာ ဆိုသင့်ပါသည်။
ထိုအခါမှစ၍ မယ်တော်လည်း
ဆဲရေ နုတ်ကြမ်းသူ မဟုတ်တော့ဘဲ
ချိုသာ နူးညံ့သော သူဖြစ်လာပါတော့သည်။
(ဇာ၊ ဋ္ဌ၊ ၂၊ ၃၁၅)


 

Friday, August 22, 2014

မမိုက်နဲ့ - နေမျိုးသာကီ(မြို့မ)

မမိုက်နဲ့

စိတ်နှလုံးပိတ်ဖုံးပါတဲ့ ငါးကာမဂုဏ်
မှားအာရုံ နင်ကြိုက်လျှင်ဖြင့်
နင့်ပြင်အမိုက်ရှိမည်နည်း

စိတ်နှလုံး မေတ္တာဖုံးပါလို့ ငါးသီလလုံ
သရဏဂုံ နင်လုံခဲ့လျှင်ဖြင့်
အမှန်ပင် အမိုက်တိုက်လင်းမည်တည်း......

နေမျိုးသာကီ(မြို့မ)

မရှုံးစေနဲ့... နေမျိုးသာကီ(မြို့မ)

မရှုံးစေနဲ့

ကောင်းမှုဓာတ်ခံ ရရှိပြန်၍
ဧကန်လူ့ဘဝ ရောက်ရှိရလည်း
ကမ္မကုသိုလ် မပြုလိုဘဲ
အကုစရိုက် မမှန်ကြိုက်က
အမိုက်နင့်မှာ မပါယ်သာဟု
ရလာလူ့ဘဝ အရှုံးတည်း....

နေမျိုးသာကီ(မြို့မ)

 

Sunday, August 17, 2014

ဓမ္မစာစု

မြတ်စွာဘုရားရှင်က

သဟဿမပိ စေ ဝါစာ၊
အနုတ္တပဒသံဟိတော။
ဧကံ အတ္ထပဒံ သေယျော၊
ယံ သုတွာ ဥပသမ္မတိ။

အကျိုးမရှိသော စကားပေါင်း
တစ်ထောင် နားထောင်မယ့်အစား
အကျိုးရှိသော စကားတစ်ခွန်း
နာကြားရတာက
ပို၍မြတ်ပါတယ်တဲ့။

ရေများရေနိုင်၊ မီးများမီးနိုင် - အရှင်ဇနက( နောင်မို )

''ရေများရေနိုင်၊ မီးများမီးနိုင်''
အရှင်ဇနက( နောင်မို )

''ရှင် ဒီနေ့ လူဘယ်နှစ်ယောက်
သတ်ခဲ့သလဲ။
ဟာ မိန်းမကလည်း ထုံးစံအတိုင်း
ပုံမှန်သတ်တာ နှစ်ထောင်၊
ဒီကြားထဲမှာ တစ်ယောက်စ
နှစ်ယောက်စကိုလည်း သတ်လိုက်တာပါပဲ''

သူ့အမည်က - တမ္ဗဒါဌိက
နေတာက - ရာဇဂြိဟ်မြို့
အလုပ်က - အာဏာပါးကွက်သား

စက္ကန့်ကို မိနှစ်စား၊ မိနှစ်ကို နာရီစား၊
နာရီကို နေ့ရက်က စားရင်းနဲ့
သူလူတွေကို သတ်ခဲ့တာ
နှစ်ပေါင်းအားဖြင့် ငါးဆယ့်ငါးနှစ် ရှိခဲ့ပါပြီ။

ဒါကြောင့်
သူအသက်ဟာ ခုနှစ်ဆယ်ငါးနှစ်ထဲ
ဝင်ရောက်လာခဲ့တဲ့အခါ
အထက်အာဏာရှင်တွေက

''အမ္ဗဒါဌိက မင်းဟာ
အသက်ကြီးရင့်လာတဲ့အတွက်
သေဒဏ်ပေး ဒုစရိုက်သမားတွေကို သတ်ဖြတ်ရာမှာ အရင်လို အားကောင်းမောင်းသန်နဲ့
တစ်ချက်ထဲ အသေမသတ်နိုင်ဘူး။
နှစ်ချက်သုံချက် ခုတ်သတ်မှ
သေရတဲ့အတွက် လူတွေကို
ပင်ပန်းဆင်းရဲ စိတ်ဒုက္ခ
ရောက်စေတဲ့အတွက်
ရာထူးမှ အနားယူစေ''

မိုးလင်းကနေ နေဝင်တဲ့အထိ
ဓားကိုင်။ လူတွေရဲ့ အသက်ကို
သတ်ဖြတ်၊ မိသားစု ရှင်ကွဲ သေကွဲ
ဝမ်းနည်းပူဆွေမှုတွေကြား
အမြဲ ခတ်ထန်ကြမ်းကြုတ်
ရိုင်းစိုင်းနေတဲ့ငါ၊

ဒီနေ့ကစ ငါ့ဘဝ
သာယာလှပ ပျော်ရွှင်ရတော့မယ်။

ဒီလိုနဲ့ သူဟာ လူဘဝကို
ပျော်ရွှင်အေးချမ်းစွာ နေထိုင်ရင်း
တစ်နေ့မှာ အရှင်သာရိပုတ္တရာသည်
အမ္ဗဒါဌိက အိမ်သို့ ဆွမ်းခံကြွရာ
နေရာထိုင်ခင်းပေး။ ဦးချ။
ဆွမ်းလှူဒါန်းပြီး အရှင်သာရိပုတ္တရာ
မထေရ်မြတ်သည်
တရားဟောကြားလေသည်။

အင်း ငါဟာ ပါဏာတိပါတဆိုတဲ့
မကောင်းမူ့အကုသိုလ်ကံကို
ဘဝထက်ဝက်ချိုး ပြုလုပ်ခဲ့တယ်။
ဒါကြောင့် ငါဘယ်လောက်ပဲ
တရားနာနာ၊ ဘယ်လောက်ပဲ
ကုသိုလ်လုပ်လုပ် ငရဲမှာ ငါ့အတွက်
နေရာတစ်ခုက အဆင်သင့်
ဖြစ်နေလောက်ပြီ ဟု
တရားအပေါ် စိတ်မရောက်ပဲ
သတ်ဖြတ်မှု ပုံရိပ်တွေကို
တွေးတော စဉ်းစားနေလေသည်။

''လှည့်ပတ်သူနှင့် ခံရသူ''

အရှင်သာရိပုတ္တရာမထေရ်သည်
ဒါကာတော် ဒါကာတော်
သတ်ခဲ့တဲ့လူတွေကို
မိမိကိုယ်တိုင်း ဒေါသကြောင့်
သတ်ခဲ့တာလား။
ဒါမှမဟုတ် အထက်ကပုဂ္ဂိုလ်တွေက
ခိုင်းလို့သတ်ခဲ့တာလား ဟု
မေးတော်မူလေသည်။

အရှင်ဘုရား တပည့်တော်
သတ်ခဲ့တာဟာ လစာရလို့
အထက်ကခိုင်းလို့
သတ်ခဲ့ရတာပါဘုရား။

ဒါဆိုရင် ဒါကာတော်မှာ
အကုသိုလ်ဖြစ်ပါဦးမလား။

နုံသော၊ ဖျင်းသော၊ အသော
တမ္ဗဒါဌိကဟာ
အရှင်ဘုရား အကုသိုလ်
မဖြစ်နိုင်ပါဘုရားဆိုပြီး စိတ်ထား
ကြည်လင်လာကား
တရားတော်အပေါ် စိတ်ရောက်ပြီး
တရားဒေသနာ နာကြားခဲပြီး
နွားဟန်ဆောင်ထားသော
ဘီးလူးက ဝှေ့သတ်သဖြင့် သေဆုံးကား
တုသိတာနတ်ပြည်သို့
ရောက်ရှိသွားပါတော့တယ်။
(ဓမ္မပဒ၊ သဟဿဝဂ်)

ဓမ္မစာစု - အရှင်ဇနက (နောင်မို)

အဂုင်္လိမာလ လူဆိုးကြီးဟာလည်း
လက်ချောင်းရဖို့ရာ
လူတွေသတ်ခဲရတယ်။

နောက်ဆုံးလက်ချောင်းပြည့်ဖို့
အမေကိုပါသတ်အောင်
ကြံစည်ခဲ့သူပါ။

မြတ်စွာဘုရားက ကြားဝင်မှ
ဟာအမေသတ်မဲ့အစား
ဘုရားသတ်မယ်ကွာဆိုပြီး
လုပ်ခဲ့သေးတာပါပဲ။

မြတ်စွာဘုရားက ချေခြွတ်မှ
ရဟန္တာအရှင်သူမြတ် ဖြစ်ခဲ့ရတယ်။


ဒီဇာတ်ကြောင်းနှစ်ခုမှာ
ပါဏာတိပါတ အကုသိုလ်ကို
စိတ်ပါဝင်စားစွာ ပြုလုပ်ခဲ့ကြတာပါ။

အမ္ဗဒါဌိကလည်း မြန်မြန်သေ
မြန်မြန်အလုပ်နားရမယ်။
မသေမချင်အသေသတ်။
သေစေလိုတဲ့ စိတ်စေတနာကတော့
မုချရှိမှာပါ။

ထိုအတူ အဂုင်္လိမာလကလည်း
လက်ချောင်းတစ်ထောင်
မြန်မြန်ပြည့်ဖို့ လူသတ်ပြီး
လက်ချောင်းယူရအောင်
မကောင်းသော စိတ်ထားတွေနဲ့
အကုသိုလ်ကို ကျူးလွန်မိခဲ့ကြပါတယ်။

ဒါပေမယ့် အကုသိုလ်ထက်ကြီးတဲ့
ကုသိုလ်နဲ့တွေ့တဲ့အခါ
လုပ်မိခဲ့တဲ့ အပြစ်တွေဟာ
အဟောသိကံ အကျိုးမပေးပဲ
ဖြစ်သွားရတယ်။

ဒါကြောင့်
မိမိမှာ ရှိနေတဲ့ အကုသိုလ် တရားတွေ အကျိုးမပေးနိုင်အောင်
ကုသိုလ်တရားတွေ
များများပြုလုပ်နိုင်ကြပါစေ။

Saturday, August 16, 2014

ဓမ္မရသ. - အရှင်ဇနက (နောင်မို )

''ဓမ္မရသ'' အရှင်ဇနက (နောင်မို )

ကောက်ကောက်ထဲမှာ
ဖြောင့်ဖြောင့်ရှာ။
ခပ်ကွေးကွေးဟာ
အဖြောင့်ဆုံးပဲ။
လူတိုင်း လူတိုင်း
အကုသိုလ် ကင်းဖို့ဆိုတာ
မဖြစ်နိုင်ဘူး။

ဆုတ်ကပ်လည်းဖြစ်
ပုထုဇဉ်တွေလည်းဖြစ်တယ်။
ဒါကြောင့်
မိမိရဲ့ နောက်ကြောင်းကို
ပြန်လှည့်ကြည့်တဲ့အခါ
အကုသိုလ်တွေသာ
အများဆုံးတွေ့ရပါတယ်။
အဲဒီအထဲမှာမှ
အနည်းအကျဉ်းသော
ကုသိုလ်တရားလေးတွေဟာ
မိမိရဲ့ အကောင်းဆုံး
ကုသိုလ်တရားတွေဖြစ်တယ်။

(''ဓမ္မစကား နေ့တိုင်းကြားက
စိတ်ထားဖွေးလတ်
သိဥာဏ်ထက်၏'' ဆိုသည့်အတိုင်း
ဓမ္မရသ စကားစုကိုဖတ်ရှုမှတ်သားရင်
သိဥာဏ်များ ထက်နိုင်ကြပါစေ။)

Friday, August 15, 2014

''နောင်တတရား ဆယ်ပါး'' ( အရှင်ဇနက နောင်မို)

''နောင်တတရား ဆယ်ပါး''
( အရှင်ဇနက နောင်မို)

( ၁) ငယ်စဉ်အခါ ဥစ္စာကို
မရှာမခဲ့ခြင်းကြောင့်
နောင် အိုသောအခါ
နောင်တ ရတတ်သည်။

( ၂ ) ငယ်စဉ်အခါ ပညာကို
သင်ကြားဖို့ စွမ်းနိုင်လျက်
ပညာကို မသင်ကြား၍
ပညာမရှိခြင်းကြောင့်
နောင် အသက်မွေးတဲ့အခါ
ဆင်းရဲခြင်းသို့ ရောက်တဲ့အခါ
နောင်တရတတ်သည်။

( ၃ ) ငယ်စဉ်အခါ သူတစ်ပါး
စိတ်ဒုက္ခရောက်အောင်
ကောက်ကျစ်စဉ်လဲခြင်း
သူတစ်ပါးချစ်ခြင်း
ကွေကွင့်အောင် ဂုဏ်းချောခြင်း
ကြမ်းတမ်းသော စကားတို့ကို
ပြောဆိုမိလျင် နောင်သေရာ
အိပ်ရာထက်၌ လှဲလျောင်းသောအခါ
နောင်တရတတ်သည်။

( ၄) ငယ်စဉ်အခါ၌ အသက်သတ်ခြင်း
ခတ်ထန်ခြင်း, သူတော်ကောင်းတို့အား
စော်ကာမိခဲ့ခြင်း, မေတ္တာ
မထားခြင်းတို့ကြောင့်
နောင်အခါ နောင်တရတတ်သည်။

( ၅ ) သူတစ်ပါးတို့ မသိမ်းပိုက်သေးသော
မိန်းမများစွာ ရှိနေပါလျက်
သူတစ်ပါ၏ သား, မယားကို
ပြစ်မှားခဲ့ရင် နောင်အခါ
နောင်တရတတ်သည်။

( ၆ ) ပစ္စည်း, ဥစ္စာ ရှိနေပါလျက်
တစ်ပြား, တစ်ဖဲ့
မပေးလှူခဲ့သောကြောင့်
နောင်အခါ နောင်တရတတ်သ်။

(၇) ကျေးဇူးရှင် ဖခင် မိခင်တို့
အသက်ထင်ရှား ရှိနေစဉ်
မလုပ်ကျွေးခဲ့ခြင်းကြောင့်
နောင်အခါ နောင်တရတတ်သည်။

(၈) မိနှင့်ဖကို ပြန်မပြော, နားမထောင်
ဆန့်ကျင်ဘက် လုပ်မိခြင်းကြောင့်
နောင်အခါ နောင်တရတတ်သည်။

( ၉ ) သီလရှိသော
အကြားအမြင်များသော
ရဟန်း, သူတော်ကောင်းများ
ရှိပါလျက် နည်းမခံ
မဆည်းကပ်ခြင်းကြောင့်
နောင်တရတတ်သည်။

(၁၀) ငြိမ်သက်သော
ခြိုးခြံသော အကျင့်သည်
ကောင်းမြတ်၏။
ဤ အကျင့်ကို ရှေးက
မကျင့်မိခဲ့လျင်
နောင်တရတတ်သည်။

(ဒွါဒသနိပါတ်, ဇနသန္ဒဇာတ် )

Thursday, August 14, 2014

အနှစ်ကင်းဘိ - နေမျိုးသာကီ(မြို့မ)

(အနှစ်ကင်းဘိ)

ဘဝခန္ဓာ တွယ်တာခဲ့သော်
မီးပူမီးကင် အတင်းမြိုက်ဆော်
အနှစ်ကင်းဘိ ဖြစ်၏သနော်
ကောင်းသဘော ဘယ်သောရှိ၏မျော်

နေမျိုးသာကီ(မြို့မ)

Tuesday, August 12, 2014

အနှစ်ကင်းဘိ - နေမျိုးသာကီ(မြို့မ)

(အနှစ်ကင်းဘိ)

ဘဝခန္ဓာ တွယ်တာခဲ့သော်
မီးပူမီးကင် အတင်းမြိုက်ဆော်
အနှစ်ကင်းဘိ ဖြစ်၏သနော်
ကောင်းသဘော ဘယ်သောရှိ၏မျှော်

နေမျိုးသာကီ(မြို့မ)

Monday, August 11, 2014

တော်ဖို့,ကောင်းဖို့,ယဉ်ကျေးဖို့...

(တော်ဖို့,ကောင်းဖို့,ယဉ်ကျေးဖို့)

သားသမီးများ တပည့်များ
ကြီးပွားစေဖို့ရာ ခုကတည်းက
မင်္ဂလ သင်ကြအခါခါ
မင်္ဂလာသဘင် နယ်တစ်ခွင် အစဉ်အေးချမ်းမှာ
တော်ဖို့,ကောင်းဖို့,ယဉ်ကျေးဖို့,
သင်စို့မင်္ဂလာ...

ချစ်ပိုင် (မကွေး)

မြို့မဆရာတော်ဘုရားကြီးသြဝါဒ (ဓမ္မစာစု)

(မြို့မဆရာတော်ဘုရားကြီးသြဝါဒ)

စိတ်ရှည် ဇွဲသန်
သည်းငြီးခံ
ပြုရန်သာသနာ.....

နေမျိုးသာကီ(မြို့မ)

Sunday, August 10, 2014

သာယာ​စေမှုလုံ့လပြု (ဓမ္မစာစု)

သာယာ​စေမှုလုံ့လပြု

ငါတို့ဖြစ်​ရ၊ဤ​လောကဝယ်​၊
ဘဝသမိုင်း၊မရိုင်း​စေရန်​၊
စိတ်​မာန်​မချ၊မာနမပါ၊
ဒို့စွမ်းရာဖြင့်​၊ဒို့သာသနာ၊
ဒို့ပြည်​ရွာကို၊သာယာ​စေမှု၊
လုံ့လပြု​လော့။

Saturday, August 9, 2014

ရေယဉ်ကြော - နေမျိုးသာကီ(မြို့မ)

(ရေယဉ်ကြော)

ဘဝကံ ကျိုးပေး
ဖြစ်ရေး အသေချာ
ရှောင်ပြေး မရ
လည်စင်းခံရာ
မတူ ကွဲပြား
အသွေး နှစ်ဖြာ
ဘယ်ခါ ပေါင်းရုံး
ယှဉ်ထုံး မရေရာ
သို့ ပေမယ့်
စွဲချက် အခက်သား
နေမျိုးသာကီ(မြို့မ)

ဓမ္မရသကဗျာ

ဓမ္မရသကဗျာ

သဒ္ဓါပညာ၊နှစ်​ဖြာကျိုးများ၊
ဤတရားကား၊ လမ်းသွားသံသရာ၊
သတ္တဝါ၏၊လူ့ရွာနတ်​ထံ၊
နိဗ္ဗာန်​ထုတ်​​ခြောက်​၊အဆုံး​ရောက်​​အောင်​၊
ချီး​မြှောက်​ဥပ၊နိဿယဖြင့်​၊
မ-စ မကွာ၊လိုက်​၍သာလျှင်​၊
ကလျာဏစစ်​၊ခင်​ပွန်းချစ်​သို့၊
ဖြစ်​ဖြစ်​သမျှ၊ဘဝထိုထို၊
ရတိုင်းကိုယ်၌၊အလိုရှိရာ၊
ပေးတတ်စွာ၏၊
ပညာနှိုင်းညှိ၊ဆင်​ခြင်​သိ၍၊
သတိမကွာ၊အားထုတ်​ရာသည်​၊
သဒ္ဓါ,ပညာလိုရင်းတည်း။

(မဃ​ဒေဝ)

Friday, August 8, 2014

ပညာသာလျှင်

ပညာသာလျှင်

ဥစ္စာနှင့်​ပညာ၊
ချိန်​ခွင်​မှာတင်​ကြည်​။
သုံးမကုန်​၊
အလုံးစုံပညာ​ရေးက၊
အ​လေးသာ၏။.....

ရလာဒ် (ရသစာစု)

ရလာဒ်

စိတ်ဆင်းရဲ့ခြင်းဆိုတာ
စိတ်ဓာတ်ပျော့ညံ့သူတွေ
ကန်ထရိုက်ဆွဲထားတဲ့
ခပ်ညံ့ညံ့ ပစ္စည်းတစ်ခုပါ။

စိတ်ချမ်းသာခြင်းကတော့
စိတ်ဓာတ်ခိုင်မာသူတွေ ရဲ့
မူပိုင်ရတနာထုပ်ကြီး
တခု ဖြစ်ပါတယ် ။ ။

Thursday, August 7, 2014

ဓမ္မကဗျာ

ဓမ္မကဗျာ

သတ္တဝါတစ်​​ယောက်၊ ယူမှား​မှောက်​ကို၊
သိန်း​လောက်​ဘုရား၊ ​ချေ​သောအားဖြင့်​၊
ဟောကြား​ချွေချွတ်​၊ ​ပြေမလွတ်​ဘူး​၊
အကျွတ်​မရ၊ နိယတဖြင့်​၊
ဝါဒအလို၊​ မြေကြီးမြိုလည်း၊
ယူကိုစွန့်​ခဲ၊ အယူလွဲဖြင့်​၊
ငရဲခံလိမ့်​မည်​​သော​ကြောင့်​။

"မဃ​ဒေဝ}

Wednesday, August 6, 2014

မနာလိုကင်းဝန်တိုရှင်းစေ. ( မောင်နန္ဒ{ဓနုမြေ} )

"မနာလိုကင်းဝန်တိုရှင်းစေ}

ကိုယ့်ထက်ကြီးပွားပါတဲ့
သူတစ်ပါးအားမနာလို
မရေရာစေတနာပါးရှားတော့
သူ့အားဝန်တို။
သူတစ်ပါးကိုမနာလို
ဝန်တိုတာအကျိုးမရှိ
စိတ်ချမ်းသာလိုလျင်
စိတ်ဝမ်းမှာမငြိုငြင်ဘဲ
မနာလိုကင်းဝန်တိုရှင်းက
လက်ငင်းချမ်းသာ
ယခုရလိမ့်မှာမို့
ချက်ချင်းဝမ်းမှာ
အခုလှလိမ့်မှာမို့
ပြုကြသတိ။
မောင်နန္ဒ{ဓနုမြေ}

Monday, August 4, 2014

နွေဥသြ. (heartbeat)

နွေဥသြ

အလွမ်းပေါင်းများစွာနဲ့
အတိတ်ကိုငါမျှော်တွေးချိန်မှာ
မင်းကတော့အနာဂတ်အိမ်မက်တွေဆီ
လျှောက်လှမ်းလျက်ပေါ့.....
ရင်ခုန်သံစတင်ခဲ့တဲ့နေရာလေးမှာ
သတိရမူကိုရင်ခွင်ပိုက်
ငိုရှိုက်ခဲ့တာငါပါ.....
နှလုံးသားရဲ့စေခိုင်းမှုကြောင့်
အတွေးပေါင်းများစွာနဲ့
မင်းဆီကိုရောက်ခဲ့တာငါပါ....
အခုတော့....
ဆောင်းလကုန်လို့နွေဦးရောက်ပေမဲ့
ပေါ်မလာမျှော်သာမျှော်ရသူမို့
ဝေဟင်ကလွဲလွမ်းတေးသီလျှက်....


heartbeat

ဓမ္မစာစု ( မဃ​ဒေဝ )

လူ့ပြည်လောက၊ လူ့ဗာလတို့၊
မိဘဆရာ၊ ဆုံးမပါလည်း၊
တမာသို့ခါး နားပါးမဝင်​၊
မရချင်​ဘူး၊ ခင်​မင်​နှုတ်​ချို၊
လိုရာ​မြှောက်ငြား၊ သူ့စကားကို၊
ပျားသို့ချိုပြီး၊ နားမငြီးဘူး၊
ဘေးကြီး​ရောက်​မှ၊ မိမယ်​တ၍၊
ကိုးရာမထင်​၊မိုးမမြင်​ခဲ့။

မဃ​ဒေဝ