Saturday, August 16, 2014

ဓမ္မရသ. - အရှင်ဇနက (နောင်မို )

''ဓမ္မရသ'' အရှင်ဇနက (နောင်မို )

ကောက်ကောက်ထဲမှာ
ဖြောင့်ဖြောင့်ရှာ။
ခပ်ကွေးကွေးဟာ
အဖြောင့်ဆုံးပဲ။
လူတိုင်း လူတိုင်း
အကုသိုလ် ကင်းဖို့ဆိုတာ
မဖြစ်နိုင်ဘူး။

ဆုတ်ကပ်လည်းဖြစ်
ပုထုဇဉ်တွေလည်းဖြစ်တယ်။
ဒါကြောင့်
မိမိရဲ့ နောက်ကြောင်းကို
ပြန်လှည့်ကြည့်တဲ့အခါ
အကုသိုလ်တွေသာ
အများဆုံးတွေ့ရပါတယ်။
အဲဒီအထဲမှာမှ
အနည်းအကျဉ်းသော
ကုသိုလ်တရားလေးတွေဟာ
မိမိရဲ့ အကောင်းဆုံး
ကုသိုလ်တရားတွေဖြစ်တယ်။

(''ဓမ္မစကား နေ့တိုင်းကြားက
စိတ်ထားဖွေးလတ်
သိဥာဏ်ထက်၏'' ဆိုသည့်အတိုင်း
ဓမ္မရသ စကားစုကိုဖတ်ရှုမှတ်သားရင်
သိဥာဏ်များ ထက်နိုင်ကြပါစေ။)

No comments:

Post a Comment