''မေတ္တာစကားဖြင့် အေးချမ်းပါ''
အရှင်ဇနက ( နောင်မို )
လူ့လောက ပတ်ဝန်းကျင်တစ်ခု၌
အဆင်ပြေစွာ နေနိုင်ရန်
ပြောဆို ဆက်ဆံမှုသည်
အလွန်အရေးပါလှပါသည်။
အပြောမတတ်ရင် ဆဲသကဲ့သို့
ဖြစ်တတ်ပါသည်။
လူတစ်ဦးနှင့်တစ်ဦး ပြောဆိုရာ၌
မေတ္တာဖြင့် ပြောဆိုဆက်ဆံတတ်ဖို့
လိုအပ်ပါသည်။
စကားပြောဆိုရာ၌.....
၁။ ပြောသင့်သော အချိန်အခါ၌သာ
ပြောဆိုရပါမည်။ မပြောသင့်သော
အချိန်အခါ၌ မပြောဆိုရပါ။
မိမိပြောသည့်စကားသည်
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
အချိန်အခါကို ကြည့်ပြီး ပြောရပါမည်။
စကားပြောရာ၌ စေတနာမှန်ကန်ပါသော်လည်း
ကာလ, ဒေသ, ပုဂ္ဂလစသည်ကို
မသုံးသပ်ဘဲ ပြောဆိုပါက
အကျိုးမရ အချည်းနှီးဖြစ်ရုံသာမက
အန္တရာယ်ပင် ကျရောက်တတ်ပါသည်။
သာဓကအားဖြင့်
တစ်ခါတုန်းက ဗြဟ္မဒတ်မင်းကြီး
ကိုးကွယ် ဆည်းကပ်သော
ရသေ့တစ်ပါးရှိလေသည်။
ထိုမင်းဆရာ ရသေ့သည် နေ့စဉ်နေ့တိုင်း
ဗြဟ္မဒတ်မင်းကြီးအား
အဂတိတရား မလိုက်စားဖို့
ခန္တီ, မေတ္တာ, ကရုဏာနှင့် အုပ်ချုပ်ရန်
ဆုံးမ သြဝါဒ မိန့်မှာလေ့ရှိသည်။
တစ်နေ့သောအခါ ရသေ့ကြီးသည်
ခရီးထွက်ခဲ့ရာ 'အဝါရိယ' အမည်ရှိ
လှေသမားအား ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့
ပို့ခိုင်းလေသည်။
တစ်ဖက်ကမ်းသို့ ရောက်သောအခါ
ရသေ့ကြီးသည် လှေသမားအား
လှေကူးခ အဖိုးအခအဖြစ်
သြဝါဒစကား ပြောကြားလေသည်။
ထိုအခါလှေသမားသည်
မရှိလို့ ဝမ်းစားရှာနေရတဲ့အထဲ
လှေကူးခ အသပြာ အခကြေးငွေ
မပေးဘဲ စကားပေးရမလားဆိုပြီး
ရသေ့အပေါ် ခွစီးကာ လက်သီဖြင့်
ထိုးလေတော့သည်။
ဤသတင်းကို မင်ကြီးနား
ပေါက်ကြားသောအခါ
လှေသမားမိသားစု မင်းဒဏ်သင့်၍
ပျက်စီးရလေသည်။
(ဇာ၊ ဋ္ဌ၊ ၃၊ ၂၁၄)
ရသေ့ကြီးသည် မင်းကြီးကို
ဆုံးမစကားပြောကြားသော်
အကျိုးရှိသော်လည်း
လှေသမားကို ဆုံးမသည့်အခါ
အကျိုးမဲ့ဖြစ်ရသည်။
''ကောင်းသော စကားပင်ဖြစ်သော်လည်း
ကာလ, ဒေသ, ပုဂ္ဂလစသည်ကို
ထည့်သွင်းရန်လိုအပ်ကြောင်း
သတိရှိသင့်ပါသည်။
၂။ နူးညံ့သိမ်မွေ့စွာ ပြောဆိုရမည်။
ကြမ်းကြမ်းတမ်းတမ်း မပြောဆိုရ။
လူအများသည် စိတ်ကြည်လင်သောအခါ
ချိုချိုသာသာ ပြောဆိုတတ်ကြပြီး
ဒေါသဖြစ်သောအခါ ကြမ်းတမ်းစွာ
ပြောဆိုတတ်ကြပါသည်။
စိတ်ဆိုးသည်ဖြစ်စေ မဆိုးသည်ဖြစ်စေ
ချိုသာ ယဉ်ကျေးစွာ ပြောဆိုရပါမည်။
ဘုရားအလောင်း ဗာရာဏသီ၌
ဘုရင်ဖြစ်စဉ်အခါက
ဘုရားအလောင်း၏ မယ်တော်သည်
ဒေါသကြီး၍ ကြမ်းတမ်း ခတ်ထန်သည်။
ဘုရာအလောင်သည် မယ်တော်ကို
ဆုံးမဖို့ရာ အကြောင်း ဥပမာ ရှာနေသည်။
တစ်နေ့ ဘုရားအလောင်း
မယ်တော်နှင့်အတူ ဥယျာဉ်ထွက်ရာ
လမ်း၌ တစ်တီတူးငှက်
အော်သံကြားရာ လူအများက
အို--အသံဆိုးသော ငှက်ရယ်
မမြည်ပါနဲ့တော့ဟု ပြောဆိုကြကား
နားပိတ်ပါသည်။
ဥယျာဉ်ထဲ လှည်ုနေစဉ် အပွင့်တွေ
ဝေဆာနေသော အင်ကြင်ပင်ကြီးပေါ်မှ
ဥသြငှက်တွန်မြည်သောအခါ
အို---သာယာသော ငှက်ကလေးရယ်
မြည်ပါဦးဟယ်ဟု လည်ဆန့် နားထောင်ကြသည်။
ဤအချက်ကို သက်သေတင်ကာ
ဘုရားအလောင်းမင်းကြီးက
''မယ်တော် တစ်တီတူးငှက် အသံကြားတော့
လူတွေနားပိတ်နေကြတယ်။
ကြမ်းတမ်းသောအသံကို မည်သူမျှ
မကြိုက်ကြ'' ဟု ပြောပြီးနောက်
''မယ်တော် အဆင်းလှပလျှက်
အသံဆိုးဝါးပါက မည်သူမျှမကြိုက်
မနှစ်သက် မချစ်မြတ်နိုးကြ။
အဆင်းမလှသော်လည်း နူးညံ့ ချိုသာ
ယဉ်ကျေးစွာတွန်တတ်သော ဥသြငှက်ကို
လူတွေချစ်မြတ်နိုးကြပါတယ်''။
သို့ဖြစ်၍ ဤဥပမာကိုနှိုင်းချိန်ကာ
ချိုသာသော စကားကိုသာ ဆိုသင့်ပါသည်။
ထိုအခါမှစ၍ မယ်တော်လည်း
ဆဲရေ နုတ်ကြမ်းသူ မဟုတ်တော့ဘဲ
ချိုသာ နူးညံ့သော သူဖြစ်လာပါတော့သည်။
(ဇာ၊ ဋ္ဌ၊ ၂၊ ၃၁၅)
အရှင်ဇနက ( နောင်မို )
လူ့လောက ပတ်ဝန်းကျင်တစ်ခု၌
အဆင်ပြေစွာ နေနိုင်ရန်
ပြောဆို ဆက်ဆံမှုသည်
အလွန်အရေးပါလှပါသည်။
အပြောမတတ်ရင် ဆဲသကဲ့သို့
ဖြစ်တတ်ပါသည်။
လူတစ်ဦးနှင့်တစ်ဦး ပြောဆိုရာ၌
မေတ္တာဖြင့် ပြောဆိုဆက်ဆံတတ်ဖို့
လိုအပ်ပါသည်။
စကားပြောဆိုရာ၌.....
၁။ ပြောသင့်သော အချိန်အခါ၌သာ
ပြောဆိုရပါမည်။ မပြောသင့်သော
အချိန်အခါ၌ မပြောဆိုရပါ။
မိမိပြောသည့်စကားသည်
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ
အချိန်အခါကို ကြည့်ပြီး ပြောရပါမည်။
စကားပြောရာ၌ စေတနာမှန်ကန်ပါသော်လည်း
ကာလ, ဒေသ, ပုဂ္ဂလစသည်ကို
မသုံးသပ်ဘဲ ပြောဆိုပါက
အကျိုးမရ အချည်းနှီးဖြစ်ရုံသာမက
အန္တရာယ်ပင် ကျရောက်တတ်ပါသည်။
သာဓကအားဖြင့်
တစ်ခါတုန်းက ဗြဟ္မဒတ်မင်းကြီး
ကိုးကွယ် ဆည်းကပ်သော
ရသေ့တစ်ပါးရှိလေသည်။
ထိုမင်းဆရာ ရသေ့သည် နေ့စဉ်နေ့တိုင်း
ဗြဟ္မဒတ်မင်းကြီးအား
အဂတိတရား မလိုက်စားဖို့
ခန္တီ, မေတ္တာ, ကရုဏာနှင့် အုပ်ချုပ်ရန်
ဆုံးမ သြဝါဒ မိန့်မှာလေ့ရှိသည်။
တစ်နေ့သောအခါ ရသေ့ကြီးသည်
ခရီးထွက်ခဲ့ရာ 'အဝါရိယ' အမည်ရှိ
လှေသမားအား ဂင်္ဂါမြစ် တစ်ဖက်ကမ်းသို့
ပို့ခိုင်းလေသည်။
တစ်ဖက်ကမ်းသို့ ရောက်သောအခါ
ရသေ့ကြီးသည် လှေသမားအား
လှေကူးခ အဖိုးအခအဖြစ်
သြဝါဒစကား ပြောကြားလေသည်။
ထိုအခါလှေသမားသည်
မရှိလို့ ဝမ်းစားရှာနေရတဲ့အထဲ
လှေကူးခ အသပြာ အခကြေးငွေ
မပေးဘဲ စကားပေးရမလားဆိုပြီး
ရသေ့အပေါ် ခွစီးကာ လက်သီဖြင့်
ထိုးလေတော့သည်။
ဤသတင်းကို မင်ကြီးနား
ပေါက်ကြားသောအခါ
လှေသမားမိသားစု မင်းဒဏ်သင့်၍
ပျက်စီးရလေသည်။
(ဇာ၊ ဋ္ဌ၊ ၃၊ ၂၁၄)
ရသေ့ကြီးသည် မင်းကြီးကို
ဆုံးမစကားပြောကြားသော်
အကျိုးရှိသော်လည်း
လှေသမားကို ဆုံးမသည့်အခါ
အကျိုးမဲ့ဖြစ်ရသည်။
''ကောင်းသော စကားပင်ဖြစ်သော်လည်း
ကာလ, ဒေသ, ပုဂ္ဂလစသည်ကို
ထည့်သွင်းရန်လိုအပ်ကြောင်း
သတိရှိသင့်ပါသည်။
၂။ နူးညံ့သိမ်မွေ့စွာ ပြောဆိုရမည်။
ကြမ်းကြမ်းတမ်းတမ်း မပြောဆိုရ။
လူအများသည် စိတ်ကြည်လင်သောအခါ
ချိုချိုသာသာ ပြောဆိုတတ်ကြပြီး
ဒေါသဖြစ်သောအခါ ကြမ်းတမ်းစွာ
ပြောဆိုတတ်ကြပါသည်။
စိတ်ဆိုးသည်ဖြစ်စေ မဆိုးသည်ဖြစ်စေ
ချိုသာ ယဉ်ကျေးစွာ ပြောဆိုရပါမည်။
ဘုရားအလောင်း ဗာရာဏသီ၌
ဘုရင်ဖြစ်စဉ်အခါက
ဘုရားအလောင်း၏ မယ်တော်သည်
ဒေါသကြီး၍ ကြမ်းတမ်း ခတ်ထန်သည်။
ဘုရာအလောင်သည် မယ်တော်ကို
ဆုံးမဖို့ရာ အကြောင်း ဥပမာ ရှာနေသည်။
တစ်နေ့ ဘုရားအလောင်း
မယ်တော်နှင့်အတူ ဥယျာဉ်ထွက်ရာ
လမ်း၌ တစ်တီတူးငှက်
အော်သံကြားရာ လူအများက
အို
မမြည်ပါနဲ့တော့ဟု ပြောဆိုကြကား
နားပိတ်ပါသည်။
ဥယျာဉ်ထဲ လှည်ုနေစဉ် အပွင့်တွေ
ဝေဆာနေသော အင်ကြင်ပင်ကြီးပေါ်မှ
ဥသြငှက်တွန်မြည်သောအခါ
အို---
မြည်ပါဦးဟယ်ဟု လည်ဆန့် နားထောင်ကြသည်။
ဤအချက်ကို သက်သေတင်ကာ
ဘုရားအလောင်းမင်းကြီးက
''မယ်တော် တစ်တီတူးငှက် အသံကြားတော့
လူတွေနားပိတ်နေကြတယ်။
ကြမ်းတမ်းသောအသံကို မည်သူမျှ
မကြိုက်ကြ'' ဟု ပြောပြီးနောက်
''မယ်တော် အဆင်းလှပလျှက်
အသံဆိုးဝါးပါက မည်သူမျှမကြိုက်
မနှစ်သက် မချစ်မြတ်နိုးကြ။
အဆင်းမလှသော်လည်း နူးညံ့ ချိုသာ
ယဉ်ကျေးစွာတွန်တတ်သော ဥသြငှက်ကို
လူတွေချစ်မြတ်နိုးကြပါတယ်''။
သို့ဖြစ်၍ ဤဥပမာကိုနှိုင်းချိန်ကာ
ချိုသာသော စကားကိုသာ ဆိုသင့်ပါသည်။
ထိုအခါမှစ၍ မယ်တော်လည်း
ဆဲရေ နုတ်ကြမ်းသူ မဟုတ်တော့ဘဲ
ချိုသာ နူးညံ့သော သူဖြစ်လာပါတော့သည်။
(ဇာ၊ ဋ္ဌ၊ ၂၊ ၃၁၅)
No comments:
Post a Comment