Friday, August 29, 2014

''ရောက်တတ်ရာရာများ'' အရှင်ဇနက ( နောင်မို )

'' တရုတ်ကြီး၏ ဆွမ်းတော်ကပ်ပုံ''
တစ်ခါတုန်းက တရုတ်ကြီးတစ်ယောက်
ဘုရားစဉ်မှာ နေ့ဆွမ်းဆက်ကပ်ချိန်ရောက်တော့
ဘုရားစဉ်သို့လာပြီးတော့ ''ရော့ အရှင်ဘုရား
ဒီထမင်းနဲ့ ငါးကြော်လေးကို အရင်စားနှင့်ပါ။
တီတီ တာတာ ပလီပလာကတော့
မိအေးပြန်လာမှ ပြောလိမ့်မယ်''။

''အင်အားရှိမှပါ့လား''
တစ်ခါတုန်းက တရုတ်ကပြား
လင်းမယာနှစ်ယောက်ရှိသတဲ့။
တစ်နေ့ မယားဖြစ်သူက
ရှင် ကျောင်းသွားပြီး သီလလေး
ဘာလေးသွားယူပါဟု တိုက်တွန်းလေသည်။

ဟာ မိန်းမကလည်း ငါမှ သီလမယူတတ်တာ။
ရှင်ကလည်း သီလယူတာ ဘာမှမခတ်ပါဘူး။
ရှေ့ကဘုန်းကြီးပြောတာ လိုက်ဆိုရုံပဲ။

မိဘပြောတစ်လ မယားပြော
တစ်ညဆိုသည့်အတိုင်း တရုတ်ကြီးက
အေးပါကွာ မင်းသဘောမင်းသဘော
ငါမနက်ဖြန် သီလသွားယူပါ့မယ်။

ဒီလိုနဲ့ တရုတ်ကြီးတစ်ယောက် သီလယူဖို့
ဘုန်းကြီးကျောင်းကို ထွက်လာခဲ့ပါတယ်။
ဘုန်းကြီးကျောင်းကို ရောက်တော့
သူအရင်ဆုံးတစ်ယောက်ထဲဖြစ်နေပါတယ်။

ဒါနဲ့ ကျောင်းပေါ် ကုတ်ကုတ်နဲ့ တက်သွားရာ
အပေါ်ရောက်တော့ ကုလာထိုင်မှာ
ထိုင်နေတဲ့ ဆရာတော်ကိုတွေ့ပါတယ်။

ဟ တရုတ်ကြီး မလာစဖူး အလားထူးနေပါ့လား ဟုမေးရာ
တရုတ်ကြီးကလည်း အင်း မိန်းမက
ရှေ့ကပြောတဲ့အတိုင်း လိုက်ဆို ဆိုတော့

ဘုန်းကြီးပြောတဲ့အတိုင်း ဟ တရုတ်ကြီး
မလာစဖူး အလာထူးနေပါ့လား။

ဘုန်းကြီးက
ဟယ် ဒီတရုတ် ငါ့ကို လာနောက်နေတာလား။
တရုတ်ကြီးကလည်း
ဟယ် ဒီတရုတ် ငါ့ကို လာနောက်နေတာလား။

ဘုန်းကြီး စိတ်တိုပြီး
နားရင်း တစ်ချက်တီးလိုက်တဲ့အခါ
တရုတ်ကြီးကလည်း
ပြန်ပြီးတော့ တစ်ချက်ဆော်လိုက်ပါတယ်။

ဘုန်းကြီးက အပေါ်သင်္ကန်းချွတ်ပြီး
နားပန်းလုံးတော့ တရုတ်ကြီးလည်း
အင်္ကျီချွတ်ပြီး ပြန်လုံးပါတယ်။

အပေါ်က ဘုန်းကြီး တစ်ခါ
ရောက်ရင် သူလည်းတစ်ခါ ရောက်အောင်
လုံးပါတယ်။
ဒီလိုနဲ့ ဘုန်းကြီးက မောမောနဲ့
ကုလားထိုင်မှာ ပြန်ထိုင်တော့
တရုတ်ကြီးလည်း
အင်း သီလယူခြင်းကိစ္စ ပြီးပါပေါ့လား။

အင်း မလွယ်ဘူး မလွယ်ဘူး။
သီလယူရတာ အတော်အတန်
အားမရှိရင် သီလယူလို့ မရဘူးပဲ။

ငါ့မိန်းမ ဘယ်လိုများ
သီလ ယူတာလဲမသိဘူး။

 

No comments:

Post a Comment